Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံမှာ အကြမ်းဖက် ဖြစ်စဉ်တွေ ထူပြောလာတဲ့အပေါ် စိုးရိမ်ကြောင်း အာဆီယံခေါင်းဆောင်တွေပြော

အာဏာသိမ်း စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ အကြမ်းဖက် လုပ်ရပ်တွေ အရှိန်မြှင့်လာနေပြီး မကြာသေးခင်က သံတမန်တွေ လိုက်ပါသွားတဲ့ ထောက်ပံ့ရေးယာဉ်တန်း ရှမ်းပြည်နယ်မှာ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေကိုလည်း အာဆီယံ အစုအဖွဲ့က ရှုတ်ချခဲ့ပါတယ်။

(အင်ဒိုနီးရှားသမ္မတဦး​ဆောင်​သောအင်ဒိုအစိုးရတာဝန်ရှိသူများကိုအာဆီယံထိပ်သီးအစည်းအ​ဝေးတွင်​တွေ့ရမှု/အာဆီယံထိပ်သီးအစည်းအ​ဝေးမှမြန်မာနိုင်ငံထိုင်ခုံလွတ်။ ဓါတ်ပုံ-Ruetir ၊ ရိုက်တာ)
(အင်ဒိုနီးရှားသမ္မတဦး​ဆောင်​သောအင်ဒိုအစိုးရတာဝန်ရှိသူများကိုအာဆီယံထိပ်သီးအစည်းအ​ဝေးတွင်​တွေ့ရမှု/အာဆီယံထိပ်သီးအစည်းအ​ဝေးမှမြန်မာနိုင်ငံထိုင်ခုံလွတ်။ ဓါတ်ပုံ-Ruetir ၊ ရိုက်တာ)

▪︎အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အာဆီယံ အနေနဲ့ ပါးစပ်ပိတ်ပြီးငုတ်တုပ်ထိုင်နေမလား၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက်ကူညီမောင်းနှင်ပေးတဲ့အင်အားစုတစ်ခုအဖြစ်ရပ်တည်မလား ဆိုတာကို ဆုံးဖြတ်သင့်ပြီလို့​ပြော

မြန်မာနိုင်ငံ အနှံ့မှာ အကြမ်းဖက်မှု ပြဿနာတွေ ပျံ့နှံ့နေတဲ့အပေါ် အလေးအနက် စိုးရိမ်ကြောင်း အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ဝင် နိုင်ငံတွေက ပြောကြားခဲ့ပါတယ်။

အာဏာသိမ်း စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ အကြမ်းဖက် လုပ်ရပ်တွေ အရှိန်မြှင့်လာနေပြီး မကြာသေးခင်က သံတမန်တွေ လိုက်ပါသွားတဲ့ ထောက်ပံ့ရေးယာဉ်တန်း ရှမ်းပြည်နယ်မှာ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေကိုလည်း အာဆီယံ အစုအဖွဲ့က ရှုတ်ချခဲ့ပါတယ်။

လက်ရှိ အင်ဒိုနီးရှား နိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီး ညီလာခံမှာတော့ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းဟာ အဓိက ဦးစားပေး ဆွေးနွေးတဲ့ ခေါင်းစဉ် ဖြစ်နေပါတယ်။ အာဆီယံဟာ မြန်မာနိုင်ငံ ပြဿနာနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းမှု မရှိကြောင်း ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

(အင်ဒိုနီးရှားသမ္မတဦး​ဆောင်​သောအင်ဒိုအစိုးရတာဝန်ရှိသူများကိုအာဆီယံထိပ်သီးအစည်းအ​ဝေးတွင်​တွေ့ရမှု/အာဆီယံထိပ်သီးအစည်းအ​ဝေးမှမြန်မာနိုင်ငံထိုင်ခုံလွတ်။ ဓါတ်ပုံ-Ruetir ၊ ရိုက်တာ)
(အင်ဒိုနီးရှားသမ္မတဦး​ဆောင်​သောအင်ဒိုအစိုးရတာဝန်ရှိသူများကိုအာဆီယံထိပ်သီးအစည်းအ​ဝေးတွင်​တွေ့ရမှု/အာဆီယံထိပ်သီးအစည်းအ​ဝေးမှမြန်မာနိုင်ငံထိုင်ခုံလွတ်။ ဓါတ်ပုံ-Ruetir ၊ ရိုက်တာ)

ပုံမှန်အားဖြင့် မစွက်ဖက်ရေး မူဝါဒကို လက်ကိုင်ပြုလေ့ရှိတဲ့ အာဆီယံ အသိုက်အဝန်းဟာ မြန်မာ့အရေးကို ကူညီဖြေရှင်းဖို့အတွက် ဘုံသဘောတူညီချက် ၅ ရပ်ကို သတ်မှတ် အဆိုပြုခဲ့ပေမယ့် စစ်ကောင်စီက လိုက်နာ အကောင်အထည်ဖော်မှု မရှိတာကြောင့် ထိရောက်မြင်သာတဲ့ အပြောင်းအလဲ ဘာမှ မတွေ့ရသေးပါဘူး။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံမှာ အကြမ်းဖက် ဖြစ်စဉ်တွေ တရိပ်ရိပ် တိုးမြင့်လာတာကို အလေးအနက် စိုးရိမ်ကြောင်း၊ ပြည်တွင်းမှာ ပုံစံမျိုးစုံနဲ့ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှု အားလုံး အမြန်ဆုံး ရပ်ဆိုင်းဖို့နဲ့ အားလုံး ခြုံငုံပါဝင်နိုင်တဲ့ တစ်နိုင်ငံလုံးအဆင့် ဆွေးနွေးပွဲတွေ အထမြောက်ရေး၊ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ ဘေးကင်းကင်း ပို့ဆောင်နိုင်ရေးအတွက် သင့်တော်တဲ့ ပတ်ဝန်းကျင်တစ်ခု တည်ဆောက်နိုင်အောင် ဝိုင်းဝန်း ကူညီကြဖို့ တိုက်တွန်း တောင်းဆိုကြောင်း အာဆီယံ ခေါင်းဆောင်တွေက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီဟာ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အပါအဝင် ပြိုင်ဘက်အင်အားစုတွေနဲ့ စေ့စပ်ဆွေးနွေးဖို့ တောင်းဆိုမှုတွေကို ခါးခါးသီးသီး ဆက်လက် ငြင်းဆန်ဆဲ ဖြစ်တာကြောင့် နိုင်ငံတကာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တစ်ချိန်တည်းမှာပဲ အာဏာသိမ်း စစ်တပ်က ပြည်သူတွေအပေါ် ရက်ရက်စက်စက် အကြမ်းဖက် တိုက်ခိုက်မှုတွေကလည်း ဒီဂရီ တရိပ်ရိပ် တိုးလာနေပါတယ်။

အခုနှစ် အာဆီယံ ထိပ်သီး ညီလာခံမှာ မြန်မာ့အရေးက ဦးစားပေး ဆွေးနွေးမှု ခေါင်းစဉ် ဖြစ်လာသလို အဖွဲ့ဝင် နိုင်ငံတချို့နဲ့ တရုတ် အစိုးရကြား တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းအခုံ ကိစ္စတွေကလည်း အရေးကြီးတဲ့ ပြဿနာ အနေနဲ့ ပါဝင်လာပါတယ်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက အာဆီယံ အနေနဲ့ ပါးစပ်ပိတ်ပြီး ငုတ်တုပ်ထိုင်နေမလား၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ကူညီမောင်းနှင်ပေးတဲ့ အင်အားစုတစ်ခုအဖြစ် ရပ်တည်မလား ဆိုတာကို ဆုံးဖြတ်သင့်ပြီလို့ သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။ ရည်မှန်းချက်တွေ အထမြောက်ဖို့ အာဆီယံ အသိုက်အဝန်း တစ်ခုလုံး စည်းလုံးနေမှ ဖြစ်နိုင်လိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

အခုအခါ အာဆီယံ အဖွဲ့ဝင်သစ် ဖြစ်လာဖို့ စောင့်ဆိုင်းနေတဲ့ အရှေ့တီမော နိုင်ငံရဲ့ သမ္မတ တော်ရာ မာတန် ရူအက်ခ်ကလည်း အာဆီယံနဲ့ နိုင်ငံတကာ အသိုက်အဝန်းဟာ မြန်မာ့ ငြိမ်းချမ်းရေးကို ပြန်လည် ယူဆောင်ပေးဖို့ တာဝန်ယူရမှာ ဖြစ်ကြောင်း သဘောထား မှတ်ချက် ပေးသွားခဲ့ပါတယ်။

အာဆီယံ အဖွဲ့ဟာ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီက လိုက်နာ အကောင်အထည်ဖော်မှု ပျက်ကွက်နေတဲ့နောက် အဖွဲ့အစည်းရဲ့ ထိပ်သီး ဆွေးနွေးပွဲမှာ မြန်မာ့ နိုင်ငံရေး ကိုယ်စားလှယ်တွေ တက်ရောက်ခွင့်ကို ပိတ်ပင်ထားပါတယ်။

ကိုးကား/ရိုက်တာ၊ဘန်​ကောက်ပိုစ်

ဆက်စပ်သတင်းများ

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ မကြာခင်တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ဇွန်လ ၁၀ရက်မှာ ပြောကြားပါတယ်။