Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံမှာ အမျိုးသား ရင်ကြားစေ့ရေး အလျင်အမြန် အကောင်အထည် ပေါ်လာဖို့မျှော်လင့်ကြောင်း ဝမ်ယိဆို

အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံချိန်မှာတရုတ်ကနှစ်နိုင်ငံပူးပေါင်းပြီးအွန်လိုင်း လိမ်လည်မှု လုပ်ငန်းတွေ အမြစ်ဖျက် ချိုးနှိမ်ရေး ကိစ္စကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း ဝမ်က ပြောပါတယ်။

(တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ဝန်ယီ။ဓါတ်ပုံ-ရိုက်တာ)
(တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ဝန်ယီ။ဓါတ်ပုံ-ရိုက်တာ)

မြန်မာနိုင်ငံမှာ အမျိုးသား ရင်ကြားစေ့ရေးကိစ္စ လျင်လျင်မြန်မြန် ဆွေးနွေး အကောင်အထည်ဖော်ပြီး နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ ရှေ့ဆက်နိုင်ဖို့ မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောတယ်လို့ ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

တရုတ် အာဏာရ ကွန်မြူနစ် ပါတီရဲ့ သံတမန်ရေးရာ ရာထူးအကြီးဆုံး ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဝမ်က အာဏာသိမ်းစစ်တပ်ရဲ့ ဒုတိယ ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ သန်းဆွေကို ဘေဂျင်းမှာ လက်ခံတွေ့ဆုံပြီးတဲ့နောက် ဒီဇင်ဘာ ၆ ရက်မှာ အခုလိုသဘောထားမှတ်ချက်ပေးခဲ့တာလို့ဆိုပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံချိန်မှာတရုတ်ကနှစ်နိုင်ငံပူးပေါင်းပြီးအွန်လိုင်း လိမ်လည်မှု လုပ်ငန်းတွေ အမြစ်ဖျက် ချိုးနှိမ်ရေး ကိစ္စကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း ဝမ်က ပြောပါတယ်။

မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း အကြီးမားဆုံး စိန်ခေါ်မှုအဖြစ် နိုင်ငံအနှံ့မှာ ကွဲပြားတဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ အလုံးအရင်း ထိုးစစ်ဆင်မှုတွေကို အသည်းအသန် ခုခံနေရပါတယ်။

Public Service Announcement

Public Service Announcement

ဝမ်က တရုတ် အစိုးရ အနေနဲ့ မြန်မာနိုင်ငံက အမျိုးသား ရင်ကြားစေ့ရေးကို အောင်အောင်မြင်မြင် ဆောင်ကြဉ်းနိုင်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ လျော်ညီတဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေကို အမြန်ဆုံး ပြန်လည် အကောင်အထည်ဖော် ရှေ့ဆက်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောကြားသွားတယ်လို့ဆိုပါတယ်။

သူက နယ်စပ်ဒေသတွေမှာ အခြေစိုက် လှုပ်ရှားနေတဲ့ အွန်လိုင်း ငွေကြေး လိမ်လည်မှု ဒုစရိုက် ဂိုဏ်းတွေကို နှစ်နိုင်ငံ ပူးပေါင်း ဖြိုခွင်းမှုတွေနဲ့ ပတ်သက်လို့လည်း အသိအမှတ်ပြုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့လမှာ မြန်မာစစ်တပ် အာဏာပိုင်တွေက အွန်လိုင်းလိမ်လည်မှုတွေနဲ့ ဆက်နွှယ်တဲ့ သံသယ တရားခံ ၃၁၀၀၀ ကျော်ကို လက်လွှဲပေးခဲ့ကြောင်း တရုတ် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ တရုတ် အစိုးရ မီဒီယာတွေရဲ့ ဖော်ပြချက်အရ နေ့စဉ် အွန်လိုင်း လိမ်လည်မှု လုပ်ငန်းတွေမှာ ပါဝင်လှုပ်ရှားနေသူ တစ်သိန်းလောက်ရှိပြီး မြန်မာပိုင်နက်ထဲမှာ အဲဒီလို ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စင်တာပေါင်း ၁၀၀၀ ထက်မနည်း ရှိမယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံဟာ ညီ​နောင်မဟာမိတ် ၃ ဖွဲ့က ရှမ်းပြည်နယ်​မြောက်ပိုင်းမှာစစ်​ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်တဲ့ ၁၀၂၇ စစ်ဆင်​ရေး စတင်ချိန်ကတည်းက အပစ်အခတ်ရပ်ပြီး ​တွေ​နွေးအ​ဖြေရှာကြဖို့ မကြာခဏ ​ပြော​နေတာဖြစ်​ပါတယ် ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်ဝမ် ရေလက်ကြားကို ဗြိတိန် စစ်သင်္ဘောတစ်စီး ဖြတ်သန်း ခုတ်မောင်းခြင်းဟာ ရန်စတဲ့ လုပ်ရပ်မျိုးလို့ တရုတ်စစ်တပ်က စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။

ဆောင်းပါး

မြေရှားသတ္တုဟာ ပြိုင်ဘက် နိုင်ငံတွေနဲ့ မူဝါဒရေးရာ တင်းမာတဲ့ အခြေအနေတွေမှာ တရုတ်အတွက် လက်နက်အဖြစ် အသုံးတော်ခံခဲ့တာဟာ အမေရိကန်နဲ့မှ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၁၀ ပြည့်နှစ်တုန်းက နှစ်နိုင်ငံ ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ တရုတ် ငါးဖမ်းလှေ တစ်စီးနဲ့ ဂျပန် ကမ်းခြေစောင့် ရေယာဉ်တို့...

သတင်း

မြန်မာ-တရုတ်နယ်စပ်တွင်အဓိကကုန်သွယ်ရေးဂိတ်ဖြစ်လာသည့် ကျင်စန်းကျော့ဂိတ်မှတဆင့် တရားဝင်အခွန်ကောက်မည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကကြေညာပြီးနောက် မူဆယ်သို့သွားမည့် ကုန်ကားများကို လားရှိူးမှ စောင့်၍ ဖမ်း‌ဆီး​နေသည်။

နိုင်ငံတကာ

အမေရိကန်ဆီ မြေရှားသတ္တု (REM)တွေ တင်ပို့မှုကို တရုတ်က ပြန်လည် ခွင့်ပြုပေးမှာ ဖြစ်တဲ့အတွက် တရုတ် ကျောင်းသားတွေကိုလည်း အမေရိကန်မှာ ပညာသင်ဖို့ ပြန်လည် လက်ခံသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။