▪︎နာဂစ် ၊ဂီရိမုန်တိုင်းတို့ထက် အားများစွာလျော့နည်းမည်
မိုချာဆိုင်ကလုန်းမုန်တိုင်းသည် မေ ၁၄ ရက် မနက် ပိုင်းတွင် မြန်မာနိုင်ငံကျောက်မြို့ဖြူ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားကြားမှ ကမ်းရိုးတန်းကို ဦးတည်၍ တစ်နာရီလေတိုက်နှုန်းအနည်းဆုံး ၆၈ မိုင် မှ အများဆုံး မိုင် ၈၀ ကျော်နှုန်းဖြင့်တိုက်ခတ်နိုင်ကြောင်း အိန္ဒိယမိုးလေဝသနှင့်ဇလဒဗေဒ ဌာနကခန့်မှန်းချက်ထုတ်ပြန်လိုက်သည်။
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည် ယမန်နေ့( မေ ၉ ရက်) ညပိုင်တွင်မုန်တိုင်းငယ်အဖြစ်အားကောင်းလာပြီး ယနေ့(မေ၁၀ )ညနေပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်အားကောင်းလာမည်ဟု အိန္ဒိယမိုးဇလက ခန့်မှန်းသည်။ မုန်တိုင်လမ်းကြောင်းနှင့် မုန်တိုင်း၏ လေတိုက်နှုန်းတို့ကိုပါ အသေးစိတ် တွက်ချက်ထုတ်ပြန်ထားရာ မေ ၁၀ ရက်တွင် အိန္ဒိယမိုးဇလက ထုတ်ပြန်ခြင်းဖြစ်သည်။
မုန်တိုင်းသည် မေ ၁၄ ရက်ရက် ၁၀ နာရီ ခွဲ ဝန်ကျင်တွင်မြန်မာနိုင်ငံကျောက်မြို့ဖြူ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားကြားမှ ကမ်းရိုးတန်းကို ဦးတည်၍ တစ်နာရီလေတိုက်နှုန်း ၆၈-၇၄ မိုင်ကျော်( ၁၁၀-၁၂၀ ကီလိုမီတာ)မှ အများဆုံး ၈၀ မိုင်(ကီလိုမီတာ ၁၃၀)နှုန်းဖြင့်ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း အိန္ဒိယမိုးဇလကခန့်မှန်းထုတ်ပြန်သည်။ အဆိုပါခန့်မှန်းချက်မှာ အိန္ဒိယမိုးဇလက မေ ၁၀ ရက်ခန့်မှန်းချက်များဖြစ်ပြီး အပြောင်းအလဲထပ်မံရှိနိုင်သေးပါသည်။
အဆိုပါလေတိုက်နှုန်းနှင့်တိုက်ခတ်ခဲ့ပါက ၂၀၀၈ မေလ ၂ ရက်ကတိုက်ခတ်ခဲ့သောနာဂစ်မုန်တိုင်းထက် အင်အားများစွာလျော့ပြီး နာဂစ်မုန်တိုင်းသည် လေတိုက်နှုန်းအမြင့်ဆုံးအချိန်တွင် ၁ နာရီလျှင် မိုင် ၁၃၀ ကျော် (၂၁၅ ကီလိုမီတာကျော်) နှုန်းဖြင့်တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင်၂၀၁၀ အောက်တိုဘာ ၂၂ ရက်ကတိုက်ခတ်ခဲ့သော ဂီရိမုန်တိုင်းထက်လည်းအားနည်းပြီး ဂီရိမုန်တိုင်းမှာ တစ်နာရီလေတိုက်နှုန်း အမြင့်ဆုံအချိန်တွင် မိုင် ၁၂၀( ၁၉၅ ကီလိုမီတာ )နှုန်းရှိခဲ့သည်။

Public Service Announcement
လက်ရှိတွင်မုန်တိုင်းငယ်သည်လက်ရှိတည်နေရာမှမြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ယနေ့ (မေလ ၁၀ ရက်)ညနေပိုင်းခန့်တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ တဖြည်းဖြည်း အားကောင်းလာနိုင်သည်။မိုချာ မုန်တိုင်းသည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် မေလ ၁၁ ရက်(မနက်ဖြန်) နံနက်ပိုင်းတွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိမည်ဟုဆိုသည်။
မေလ ၁၁ ရက် ညလယ်ပိုင်းတွင် အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိမည်ဟုဆိုသည်။
ထို့နောက် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားပြီး မေလ ၁၃ ရက် နေ့တွင် အနည်းငယ် အားလျော့မည်ဟုခန်းမှန်းသည်။ ထိုနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ဘက် ကော့ဘဇား နှင့် မြန်မာကမ်းရိုးတန်း မြောက်ဘက်သို့ ကျောက်ဖြူ တို့ကြားမှ မေလ ၁၄ ရက် နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် ဖြတ်သန်းနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။
မုန်တိုင်းကြောင့် ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့်ကမ်းရိုးတန်း ၊တနသာ်ရီကန်းရိုးတန်း ၊မတ္တမပင်လယ်ကွေ့တို့တွင် လေပြင်းတိုက်ခတ်ခြင်း ၊မိုးသည်းထန်စွာရွာခြင်း၊ဒီရေတက်ခြင်းများကြုနိုင်ကြောင်း မိုးလေဝသပညာရှင်များကခန့်မှန်းထားသည်။ ရခိုင်ပြည်နယ် ၊ဧရာဝတီတိုင်း ၊ရန်ကုန်တိုင်း ၊ တနသာ်ရီတိုင်းတို့တွင်မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်နိုင်ကြောင်းသိ့ရသည်။
မုန်တိုင်းဦးတည်ရာအရပ်ကြောင့် ရခိုင်ကမ်းရိုးတန်း တွင် ကျန်ဒသများထက် မုန်တိုင်းသက်ရောက်မှုကြုံရမည်ဖြစ်သည်။
