Connect with us

Hi, what are you looking for?

သတင်း

စစ်ဘေးရှောင်တွေဆီ အထောက်အပံ့ပို့ရာတွင် လမ်းခရီးတွင်အနှောက်ယှက်ကြုံနေရ

စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာမှုအကူအညီ အများအပြား ပိုမိုလိုအပ်လာနေပြီး ပြည်တွင်းမှတစ်ဆင့် လူသားချင်းစာနာမှုအကူအညီများ စစ်ရှောင်ပြည်သူထံ သွားရောက်ထောက်ပံ့ပို့ဆောင်သည့်အခါ စစ်ကောင်စီတပ်က ပြင်းထန်စွာ တားဆီးပိတ်ဆို့နေသည့်အတွက် နယ်စပ်မှတစ်ဆင့် သွားရောက်ကူညီပို့ဆောင်ခြင်းကို ပိုမိုအားထားနေရသည်ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

စစ်ဘေးရှောင်တွေဆီ အထောက်အပံ့ပို့ရာတွင် လမ်းခရီးတွင်အနှောက်ယှက်ကြုံနေရ
စစ်ဘေးရှောင်တွေဆီ အထောက်အပံ့ပို့ရာတွင် လမ်းခရီးတွင်အနှောက်ယှက်ကြုံနေရ

စစ်ဘေးရှောင်များလိုအပ်သော လူသားချင်းစာနာမှုအကူအညီများ ထောက်ပံ့ပို့ဆောင်ခြင်းကို စစ်ကောင်စီတပ်က ပြင်းထန်စွာ တားဆီးပိတ်ဆို့စစ်ဆေးနေသည့်အတွက် အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းက စစ်ရှောင်ပြည်သူအတွက် လူသားချင်းစာနာမှုအကူအညီရရှိရေး​ ဆောင်ရွက်ပေးနေသည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကော်သူးလေ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်နှင့်KNLA KNDO ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု၊ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုများကို ရည်ရွယ်ချက်ရှိရှိဖြင့် အပြင်းအထန်လုပ်ဆောင်နေသောကြောင့် ဒေသခံပြည်သူလူထု သိန်းချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်ဘေးရှောင်တွေဆီ အထောက်အပံ့ပို့ရာတွင် လမ်းခရီးတွင်အနှောက်ယှက်ကြုံနေရ
စစ်ဘေးရှောင်တွေဆီ အထောက်အပံ့ပို့ရာတွင် လမ်းခရီးတွင်အနှောက်ယှက်ကြုံနေရ

စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာမှုအကူအညီ အများအပြား ပိုမိုလိုအပ်လာနေပြီး ပြည်တွင်းမှတစ်ဆင့် လူသားချင်းစာနာမှုအကူအညီများ စစ်ရှောင်ပြည်သူထံ သွားရောက်ထောက်ပံ့ပို့ဆောင်သည့်အခါ စစ်ကောင်စီတပ်က ပြင်းထန်စွာ တားဆီးပိတ်ဆို့နေသည့်အတွက် နယ်စပ်မှတစ်ဆင့် သွားရောက်ကူညီပို့ဆောင်ခြင်းကို ပိုမိုအားထားနေရသည်ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement
Public Service Announcement

“စစ်ကောင်စီရဲ့ မြို့ထဲကနေပြီးတော့ အကူအညီလာဖို့ဆိုတာ လုံး၀မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လမ်းမှာသူတို့က အမြဲတမ်းပိတ်ထားတာပေါ့နော်။ ကြားထဲမှာ ဆန်လေးငါးအိတ်ပါတယ်ဆိုတောင်မှ အမျိုးမျိုး ဒုက္ခတွေပေးတာတွေရှိတယ်၊ ဘယ်လိုမှသွားလာလို့မရတာ။ ကျွန်တော်တို့အကူအညီအထောက်အပံ့တွေက များသောအားဖြင့် နယ်စပ်ဖြတ်ကျော်ပြီးတော့ သွားရတဲ့အကူအညီက ကျွန်တော်တို့အဓိကထားနေရတယ်” ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

လိုအပ်နေသည့် လူသားချင်းစာနာမှုအကူအညီများကို နယ်စပ်ဒေသမှတစ်ဆင့် ပိုမိုထိရောက်စွာ ကူညီဆောင်ရွက်ပေးနိုင်ရန်နှင့် နယ်စပ်ဖြတ်ကျော်အကူအညီများလည်း ပိုမို အင်အားဖြည့် အလေးထားဆောင်ရွက်ပေးရန် နိုင်ငံတကာအဖွဲ့အစည်းများကို တောင်းဆိုထားသည်ဟု လူသားချင်းစာနာမှုအကူအညီဆောင်ရွက်ပေးနေသည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်တွေဆီ အထောက်အပံ့ပို့ရာတွင် လမ်းခရီးတွင်အနှောက်ယှက်ကြုံနေရ
စစ်ဘေးရှောင်တွေဆီ အထောက်အပံ့ပို့ရာတွင် လမ်းခရီးတွင်အနှောက်ယှက်ကြုံနေရ

“ပြည်တွင်းက နိုင်ငံတကာအဖွဲ့အစည်းကို ကျွန်တော်တို့က မယုံတာမဟုတ်ဘူး။ သူတို့မှာလည်း သူတို့လုပ်နိုင်တဲ့အရည်အချင်းတွေရှိတယ်။ တခြားနိုင်ငံတွေမှာတော့ ပြသနာမရှိဘူး။ ဒါပေမဲ့ လူ့အခွင့်အရေးကို လုံး၀တန်ဖိုးမထားတဲ့ စစ်ကောင်စီရဲ့အောက်မှာ ပြည်တွင်းကနေ ဒုက္ခသည်တွေဆီရောက်ဖို့ဆိုတာ လုံး၀မဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့က ယုံကြည်တယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

အရပ်သားပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုနှင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ပြုလုပ်နေသောကြောင့် ဒေသခံအရပ်သားပြည်သူများအတွက် ဒုက္ခကြုံဆုံနေကြရသလို စစ်ဘေးရှောင်များထံ အကူအညီများရောက်ရှိရေးအတွက်လည်း တတ်နိုင်သည့်ဘက်မှ ၀ိုင်းဝန်းကူညီလုပ်ဆောင်ပေးနေသည်ဟု ၎င်းက ပြောသည်။

စစ်ဘေးရှောင်တွေဆီ အထောက်အပံ့ပို့ရာတွင် လမ်းခရီးတွင်အနှောက်ယှက်ကြုံနေရ
စစ်ဘေးရှောင်တွေဆီ အထောက်အပံ့ပို့ရာတွင် လမ်းခရီးတွင်အနှောက်ယှက်ကြုံနေရ

“ကျွန်တော်တို့က စစ်ရေးကို ကာကွယ်ခုခံရသလို ကိုယ့်ရဲ့ပြည်သူလူထု ငတ်ပြတ်ပြီးတော့ မသေဖို့အတွက်လည်း ကျွန်တော်တို့က တာဝန်ရှိတယ်ဆိုတဲ့အပေါ်မှာ ကျွန်တော်တို့တိုင်းရင်းသားအဖွဲ့အစည်း တော်လှန်ရေးအဖွဲ့အစည်းအားလုံးပေါ့နော်။ ကေအဲန်ယူတခုတည်းတော့ မဟုတ်ပါဘူး။ ကြိုးစားပြီးတော့ လုပ်ဆောင်တယ်ပေါ့နော်” ဟု ပြောသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေတွင် စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကြောင့် ဒေသခံပြည်သူလူထု သိန်းချီသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ထွက်ပြေးနေရပြီး စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာ စသည့် အရေးပေါ် လူသားချင်းစာနာမှုအကူအညီများကို ဆက်လက်လိုအပ်လျက်ရှိသည်ဟု ကေအဲန်ယူဗဟိုက ထုတ်ပြန်ပြောဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ကို ရောက်နေတဲ့ စစ်တပ်က နေရာ ၃ခုမှာ တပ်စွဲထားပြီး ဒေသခံ စစ်ဘေးရှောင် ၁၀ဦး ခန့်ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီးကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်