Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူနယ်တွင် ၅လအတွင်း မြွေဆိုးကိုက်ခံရသည့်စစ်ဘေးရှောင် ၆ဝကျော်ရှိ၊ ကလေးငယ်နှစ်ဦးအပါအဝင် ခြောက်ဦးသေဆုံး

ကန့်ဘလူခရိုင်အတွင်း ရာသီဥတု ပူပြင်းလာမှုနှင့်အတူ မြွေဆိုးကိုက်ခံရမှုများဆက်တိုက်ဖြစ်လာနေကာ ယခု ဧပြီတစ်လအတွင်း မြွေဆိုးကိုက်မှု လေးခု ဖြစ်ပွားခဲ့ကာ နှစ်ဦးသေဆုံးခဲ့ရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

(ကန့်ဘလူနယ်၌ ပြီးခဲ့သည့်ဧပြီအတွင်းက မြွေဆိုးကိုက်ခံရသောပြည်သူတစ်ဦးအား ဆေးဝါးကုသမှုပေးနေစဥ်။ ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့)
(ကန့်ဘလူနယ်၌ ပြီးခဲ့သည့်ဧပြီအတွင်းက မြွေဆိုးကိုက်ခံရသောပြည်သူတစ်ဦးအား ဆေးဝါးကုသမှုပေးနေစဥ်။ ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း၌ ၅ လခန့်အတွင်း မြွေဆိုးကိုက်ခံရသည့် စစ်ဘေးရှောင်ပြည်သူ ၆၀ ကျော်ရှိပြီး ကလေးငယ်နှစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

၂၀၂၁ နှစ်ကုန်ပိုင်းမှ ၂၀၂၃ ဧပြီအထိ မြွေဆိုးကိုက်ခံရသူ ၆၁ ဦးအထိရှိပြီးအချိန်မီကုသပေးနိုင်၍ အများစုအား အသက်ကယ်တင်ခဲ့နိုင်သော်လည်း အသက်မပြည့်သေးသည့် ကလေးငယ်နှစ်ဦး အပါအဝင် ခြောက်ဦးမှာမူ အသက်ဆုံးရှုံးခဲ့ရကြောင်း မြေပြင်၌ ကုသမှုများပေးနေသည့် ကျန်းမာရေးဝန်ထမ်းများ၏ စာရင်းများအပေါ်အခြေခံကာ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

သေဆုံးခဲ့သည့် ကလေးငယ်နှစ်ဦးမှာ လျှော်ဖြူကုန်းနှင့် ဝက်သအင်းကျေးရွာမှ (၉)နှစ်ဝန်းကျင်အရွယ်များဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းကြောင့် တောတိုက်များအတွင်း တိမ်းရှောင်ရင်း မြွေဆိုးကိုက်ခံရသဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

(ကန့်ဘလူနယ်၌ ပြီးခဲ့သည့်ဧပြီအတွင်းက မြွေဆိုးကိုက်ခံရသောပြည်သူတစ်ဦးအား ဆေးဝါးကုသမှုပေးနေစဥ်။ ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့)
(ကန့်ဘလူနယ်၌ ပြီးခဲ့သည့်ဧပြီအတွင်းက မြွေဆိုးကိုက်ခံရသောပြည်သူတစ်ဦးအား ဆေးဝါးကုသမှုပေးနေစဥ်။ ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့)

သေဆုံးသူများမှာ စစ်ကောင်စီတပ်ဖွဲ့များက ညမထွက်ရအမိန့် ကန့်သတ်ထားချက်ကြောင့် လုံလောက်သည့် ဆေးဝါးကုသမှုမရသဖြင့် သေဆုံးခဲ့ရခြင်းလည်းဖြစ်ကြောင်း၊ မြွေဆိုးကိုက်ခံရသူ ၆၁ ဦးအနက် ၄၅ ဦးမှာ အမျိုးသားများဖြစ်ကာ ကျန် ၁၆ ဦးမှာ အမျိုးသမီးများ ဖြစ်ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“အဓိကက ဆေးဝါးလိုအပ်တယ်။အိန္ဒိယဆေးနဲ့ BPI​ မြွေဆိပ်ဖြေဆေးတွေလိုတယ်။ အချိန်မီထိုးနှံပေးနိုင်ရင်တော့အဆင်ပြေတယ်။”ဟု ကန့်ဘလူနယ်မြောက်ခြမ်းတွင် ကူညီဆောင်ရွက်ပေးနေသူ ကိုဂျောင်ဒီအွန်က ပြောသည်။

Public Service Announcement
Public Service Announcement

မြွေဆိုးကိုက်ခံရမှု အများဆုံးဖြစ်ပွားသည့် ကျေးရွာမှာ အလယ်ခုံကျေးရွာ၌ဖြစ်ကာ ယင်းတစ်ရွာတည်း၌ ခုနစ်ကြိမ်အထိ ရှိခဲ့သည်။

ကန့်ဘလူခရိုင်အတွင်း ရာသီဥတု ပူပြင်းလာမှုနှင့်အတူ မြွေဆိုးကိုက်ခံရမှုများဆက်တိုက်ဖြစ်လာနေကာ ယခု ဧပြီတစ်လအတွင်း မြွေဆိုးကိုက်မှု လေးခု ဖြစ်ပွားခဲ့ကာ နှစ်ဦးသေဆုံးခဲ့ရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

လက်ရှိတွင် ကန့်ဘလူခရိုင်အတွင်း စစ်ကောင်စီ တပ်ဖွဲ့များက ရွာစဉ်လှည့် စစ်ကြောင်းထိုးမှုများကြောင့် ဒေသခံစစ်ရှောင်ပြည်သူများမှာ စားဝတ်နေရေး၊ လုံခြုံရေး၊ ကျန်းမာရေးပြဿနာများအပြင် မြွေဆိုးကိုက်ခံရမှု အန္တရာယ်များဖြင့်ပါ ရင်ဆိုင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် (၈၁)နာရီကြာ ရေးဆွဲထားတဲ့ ပုံတူပန်းချီ ၂ ကားကို လေလံအစီအစဉ်ပြုလုပ်ပြီး ရရှိလာတဲ့ ငွေကို စစ်ဘေးဒုက္ခသည်တွေအတွက် ထောက်ပံ့ပေးသွားမယ်လို့ ပန်းချီဆရာမ နုယဉ်က အသိပေးထားပါတယ်။

သတင်း

​ဇွန် ၁၉၊ ၂၀၂၆ People’s Spring ​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်နေတဲ့ ဓာတ်ဆီတွေကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ ​အဆိုပါ လှူဒါန်းမှုမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ အလှူရှင်တွေနဲ့ ဝိုင်းဝန်းကူညီပေးခဲ့ကြသူ အားလုံးကိုလည်း...

သတင်း

မန္တလေးဒေသ စစ်ဘေးရှောင်ပြည်သူ​တွေကနှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။