Connect with us

Hi, what are you looking for?

သတင်း

ဟင်္သာတ မီးရထားရုံးအနီး ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်က ဒေသခံအချို့နှင့်မီးရထားဝန်ထမ်းအချို့ ဖမ်းဆီး

ဟင်္သာတမြို့၊ ကနောင်စုရပ်ကွက်ရှိ မီးရထားတိုင်း(၉)ရုံးရှေ့တွင် မေလ ၁၂ ရက် နံနက် ၉နာရီခန့်က ဗုံးပေါက်ကွဲခဲ့ခြင်းဟု ဒေသခံများက ပြောသည်။

(ဟင်္သာတဘူတာ အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ဟင်္သာတဘူတာ အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ဧရာဝတီတိုင်း ဟင်္သာတမြို့၊ မီးရထားတိုင်း(၉)ရုံးအနီးတွင် ယမန်နေ့ (မေလ ၁၂ ရက်) နံနက်က ဗုံးပေါက်ကွဲပြီးနောက် ဒေသခံအချို့နှင့်မီးရထားဝန်ထမ်းအချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားသည်။

ဟင်္သာတမြို့၊ ကနောင်စုရပ်ကွက်ရှိ မီးရထားတိုင်း(၉)ရုံးရှေ့တွင် မေလ ၁၂ ရက် နံနက် ၉နာရီခန့်က ဗုံးပေါက်ကွဲခဲ့ခြင်းဟု ဒေသခံများက ပြောသည်။

” ဘူတာနားမှာ ဗုံးကွဲတယ်။ စစ်တပ်က မြို့ထဲက သူတို့သံသယရှိတဲ့ လူတွေကို လိုက်ဖမ်းတယ်။ မီးရထားဝန်ထမ်း ခြောက်ယောက်လည်း ဖမ်းသွားတယ်ကြားတယ်။ အသေးစိတ်မကြားရသေးဘူး” ဟု ဟင်္သာတမြို့ဘူတာအနီးနေသူတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က မြို့ခံလူငယ် ငါးဦးထက်မနည်းဖမ်း‌ဆီးထားပြီး ‌ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

သို့သော် ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်မှုအခြေအ‌နေကို မသိရသေးပေ။

Public Service Announcement
Public Service Announcement

“ မြို့ထဲက လူတွေလိုက်ဖမ်းတာ။ တချို့ကို ငွေနဲ့ ပြန်ရွေးထုတ်ခိုင်းတယ်။ သူတို့ကိုယ်တိုင်ကတော့ စခန်းထဲက‌နေ မထွက်ရဲတော့ဘူး” ဟု ဟင်္သာတမြို့ အမှတ်(၁)ရဲစခန်းအနီးနေသူတစ်ဦးက ပြောသည်။

ထို့အပြင် ဗုံးဖောက်ခွဲမှုကို မည်သည့်အဖွဲ့က ပြုလုပ်သည်ကို မသိရသေးပေ။

ဟင်္သာတမြို့အပါအဝင် ဧရာဝတီတိုင်းအတွင်း၌ စစ်ကောင်စီပစ်မှတ်များအား တော်လှန်ရေးအင်အားစုများက တိုက်ခိုက်မှုအရှိန်မြင့်လာနေသည်။ မေလ ၇ရက်က ကျုံပျော်မြို့ အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်ရာ မြို့နယ်ရဲမှူးကျော်မိုး သေဆုံးခဲ့သည်။

မေလ ၆ရက်ညကလည်း ဘိုကလေးမြို့နယ်ရဲစခန်းကို မဟာမိတ်တပ်ဖွဲ့များက ဗုံးခွဲတိုက်ခိုက်မှုဖြစ်ခဲ့သေးသည်။

ထို့အပြင် မေလ ၅ရက်ညကလည်း ဟင်္သာတမြို့မှ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ တပ်ကြပ်ကြီး‌ အောင်ထက်ဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)ကို အကြောင်းပြပြီး ပြည်ပနိုင်ငံတွေကနေ ဝင်ရောက်စွက်ဖက်တာကိုလက်မခံဖို့အတွက်တရုတ်နဲ့ မြန်မာစစ်ကောင်စီတို့ မနေ့ (ဒီဇင်ဘာလ ၁၂ ရက်)က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ အာဏာသိမ်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဧရာဝတီတိုင်းက လေးမျက်နှာနဲ့သာပေါင်းမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေစဉ် ဇလွန်နဲ့ ဟင်္သာတမြို့နယ်တွေမှာ စစ်ကောင်စီက တိုက်လေယာဉ်အနိမ့်ပျံပြီး လူထုကို ထပ်မံခြမ်းခြောက်သွားပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီကို ငွေကြေးထုတ်မပေးဖို့နဲ့ ဘဏ္ဍာရေးဆိုင်ရာကတိကဝတ်သစ်တွေကို ဆက်လက်ဆိုင်းငံ့ထားဖို့ရည်ရွယ်တဲ့ ‘No New Burma Funds Act’ ကို အမေရိကန်အောက်လွှတ်တော်က ဒီဇင်ဘာ ၁ရက် မနေ့က အတည်ပြုလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ယခုရက်ပိုင်း တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် စစ်ကောင်စီက လေကြောင်း၊ဒရုန်းအပြင် လက်နက်ကြီးတွေနဲ့ နေ့ရောညပါပစ်ခတ်နေလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။