Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (မေလ ၁၄ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ညောင်ပင်သာရွာ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ပြည်သူ ၂၀ ဦး အမည်စာရင်း KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU)အုပ်ချုပ်နယ်မြေသို့ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ ညောင်ပင်သာရွာခံ ၂၀ ဦးကို အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့ရာ သတ်ဖြတ်ခံရတဲ့ ပြည်သူများရဲ့ အမည်စာရင်းကို ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ ညောင်ပင်သာရွာအနီး မေလ ၁၀ ရက်က ဖြစ်ပွားတဲ့ တိုက်ပွဲမှာ KNU တပ်ရဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး တစ်ဦး၊ ဗိုလ်တစ်ဦးနဲ့ အကြပ်တစ်ဦး အပါအဝင် ငါးဦး သေဆုံးခဲ့ပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်ဟာ ညောင်ပင်သာရွာမှ ကလေး လေးဦး၊ အမျိုးသမီး ၁၁ ဦး အပါအဝင် အပြစ်မဲ့ ပြည်သူ ၁၉ ဦးကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ KNUက ဖော်ပြပါတယ်။။ အခြား ရွာသားတစ်ဦးကိုလည်း ရွာသင်္ချိုင်းမှာ ရက်စက်စွာ သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

▪️မုန်တိုင်းတိုက်နေချိန် စစ်တပ်စစ်ကြောင်းထိုးနေလို့ စစ်ကိုင်းနဲ့ မကွေးတိုင်းရှိ ပြည်သူသောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရ

မိုခါမုန်တိုင်းတိုက်ခတ်နေချိန် အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ကိုင်းနဲ့ မကွေးတိုင်းရှိ မြို့နယ်လေးခုမှာ စစ်ကြောင်းထိုးနေလို့ အဲဒီဒေသများမှ ဒေသခံပြည်သူ သောင်းနှင့်ချီ ‌ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။

(ထွက်ပြေးတိမ်းရှောင်နေရသော ခင်ဦးနယ်ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်နေရသော ခင်ဦးနယ်ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းရှိ မုံရွာ၊ ကနီနဲ့ ခင်ဦးမြို့နယ်များ၊ မကွေးတိုင်းရှိ မြိုင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတာပါ။ မိုခါမုန်တိုင်းကြောင့် ကနီနယ်အတွင်း မြစ်ချောင်းများမှာလည်း ရေပြည့်လာကာ စစ်ဘေးရှောင်များ ခက်ခဲစွာဖြတ်သန်းနေရတယ်လို့ ဒေသခံတို့က ပြောပါတယ်။ ခင်ဦးမြို့နယ်မှာလည်း မိုခါမုန်တိုင်းတိုက်နေချိန် စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာသည့်အန္တရာယ်ကြောင့် ဒေသခံပြည်သူသုံးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် (၄)နှစ်အရွယ်ကလေးငယ်တစ်ဦး ကျည်ထိမှန်ထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်လာရသည့် ကနီနယ်မှ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ပြည့်အောင်နိုင်(ကနီ))
(စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်လာရသည့် ကနီနယ်မှ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ – ပြည့်အောင်နိုင်(ကနီ))

▪️ထားဝယ်အထူးစီးပွားရေးဇုန်အနီး စစ်ကောင်စီ လေကြောင်းမှဗုံးကြဲ

တနင်္သာရီတိုင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်အနီး စစ်ကောင်စီတပ်က ဒီနေ့မနက်ပိုင်းမှာ လေကြောင်းမှ ဗုံးကြဲခဲ့တယ်လို့ ထားဝယ်ခရိုင် PDF တပ်ရင်း(၁)T1 ဇုန်မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ စစ်ကောင်စီရဲ့ ဂျက်လေယာဉ်တစ်စီးက ထားဝယ်အထူးစီးပွားရေးဇုန်အနီးကို ဗုံးသီးနှစ်လုံး တစ်ကြိမ်တည်း ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများနဲ့ အိုးအိမ်များ ထိခိုက်ပျက်စီးမှုရှိ၊ မရှိ မသိရသေးပါဘူး။ တနင်္သာရီတိုင်းကို စစ်ကောင်စီတပ်က ပထမဆုံးလေကြောင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

(နဘုလယ်​ဒေသကို Google Map ​တွင်​တွေ့ရပုံ/ စစ်တပ်ကချင်းပြည်နယ်တွင် မတ်လအတွင်း​လေ​ကြောင်းမှဗုံးကျဲ​နေမှု။ဓါတ်ပုံ-CDF)
(နဘုလယ်​ဒေသကို Google Map ​တွင်​တွေ့ရပုံ/ စစ်တပ်ကချင်းပြည်နယ်တွင် မတ်လအတွင်း​လေ​ကြောင်းမှဗုံးကျဲ​နေမှု။ဓါတ်ပုံ-CDF)

▪️ပြင်ဦးလွင် အနီးစခန်း သစ်ပင်ပိလို့ အမျိုးသားတစ်ဦးသေဆုံး

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် အနီးစခန်း ရဲစခန်းရှေ့မှာ ဒီနေ့မနက်ပိုင်းက မိုးသည်းပြီး လေပြင်းတိုက်ချိန် သစ်ပင်လဲကျလို့အမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။ မိုးသည်းပြီး လေပြင်းတိုက်ချိန်မှာ လမ်းသွားလမ်းလာ အမျိုးသားတစ်ဦးပေါ် သစ်ပင်ပိကျသွားတာလို့ တုသိတာလူမှုကူညီရေးအသင်းက ပြောပါတယ်။ အသက် ၅၀ အရွယ် အဲဒီအမျိုးသားဟာ အခင်းဖြစ်တဲ့နေရာမှာပဲ ဦးခေါင်းထိခိုက်ပြီး သေဆုံးသွားတယ်လို့သိရပါတယ်။

ပြင်ဦးလွင် အနီးစခန်းမှာ သစ်ပင်ပိလို့ အမျိုးသားတစ်ဦးသေဆုံး
ပြင်ဦးလွင် အနီးစခန်းမှာ သစ်ပင်ပိလို့ အမျိုးသားတစ်ဦးသေဆုံး

▪️ပခန်းငယ်ရဲကင်းစခန်းမှ စခန်းမှူးအပါအဝင် ရဲလေးဦးတိုက်ခိုက်ခံရပြီး သေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ပခန်းငယ်ရဲကင်းစခန်းမှ စခန်းမှူးအပါအဝင် စစ်ကောင်စီလက်ပါးစေ ရဲလေးဦးကို တိုက်ခိုက်ခဲ့ရာ လေးဦးစလုံး သေဆုံးတယ်လို့ Pakokku Special Guerrilla Force အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မေလ ၁၂ ရက် နေ့ခင်းက ရေစကြိုမြို့နယ် ပခန်းငယ်မှ ပခန်းကြီးကင်းရဲစခန်းသို့ထွက်ခွာလာတဲ့ စခန်းမှူးအပါအ၀င် ရဲလေးဦးကို ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း ရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ Pakokku Special Guerrilla Force အဖွဲ့က အသိပေးပါတယ်။

ပခန်းငယ်ရဲကင်းစခန်းမှ စခန်းမှူးအပါအဝင် ရဲလေးဦးတိုက်ခိုက်ခံရပြီး သေဟုဆို
ပခန်းငယ်ရဲကင်းစခန်းမှ စခန်းမှူးအပါအဝင် ရဲလေးဦးတိုက်ခိုက်ခံရပြီး သေဟုဆို

▪️ကြာအင်းဆိပ်ကြီးမှာ KNLA ပူးပေါင်းတပ်ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၈ ဦးသေ၊ ၅ ဦးအရှင်မိ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စစ်ကောင်စီ ရိက္ခာပို့ယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Saw Dragon Drone Forceက ဒီနေ့ ထုတ်ပြန်ပါတယ်။ မေလ ၉ ရက် ညနေပိုင်းက ကြာအင်းဆိပ်ကြီးမြို့နယ်၊ ရက်ဖော်ရွာ-တညင်ရွာကြားမှာ ရိက္ခာပို့လာတဲ့ စကခ ၁၉ လက်အောက်ခံတပ်နဲ့ BGF ပူးပေါင်းတပ်ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီ ပူးပေါင်းတပ်ကို KNLA တပ်ရင်း(၁၆) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အဲဒီစစ်ဆင်ရေးအတွင်း ရန်သူ့ကား နှစ်စီး ပျက်စီးကာ ရန်သူ ၈ ဦး သေဆုံး၊ ၅ ဦး အရှင်ဖမ်းမိတယ်လို့ အသိပေးပါတယ်။

▪️ကရင်နီပြည်ရှိ စစ်ကောင်စီ အမြှောက်တပ်စခန်းနေရာများ ဒရုန်းနဲ့တိုက်ခိုက်မှုရုပ်သံ KNDF ထုတ်ပြန်

ကရင်နီပြည်နယ်ရှိ စစ်ကောင်စီရဲ့ အမြှောက်တပ်စခန်းနေရာများကို ဒရုန်းနဲ့တိုက်ခိုက်နိုင်ခဲ့မှု ရုပ်သံဖိုင်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဖောက်ခွဲရေးနှင့်နည်းပညာဌာနက အသိပေးထုတ်ပြန်ပါတယ်။ မနေ့ညပိုင်းက ထုတ်ပြန်ခဲ့တဲ့ ရုပ်သံဖိုင်မှတ်တမ်းမှာ စစ်ကောင်စီတပ်ရဲ့ (၁၂၀) မမ လက်နက်ကြီး ပစ်ကျင်းနေရာကို ထိမှန်ခဲ့ခြင်း၊ စစ်ကောင်စီတပ်သားများရှိရာ အဆောက်အဦး ဝပ်ကျင်းနေရာများကိုလည်း ထိရောက်စွာတိုက်ခိုက်နိုင်ခဲ့တာ တွေ့ရပါတယ်။ KNDF ဖောက်ခွဲရေးနှင့်နည်းပညာဌာနဟာ ဒရုန်းဗုံး- Air Drop Grenade များကို ကိုယ်တိုင်အဆင့်ဆင့်ထုတ်လုပ်နေပြီး ပိုမိုကောင်းမွန်တဲ့ ထုတ်လုပ်ရေးနည်းပညာကို ဆက်လက်အားထုတ်သွားမယ်လို့ အသိပေးပါတယ်။

(စစ်​ကောင်စီတပ်ကားတစ်စီးတိုက်ခိုက်ခံရပြီး​နောက်မီး​လောင်ကျွမ်း​နေစဥ်။ဓါတ်ပုံ-SDDF)
(စစ်​ကောင်စီတပ်ကားတစ်စီးတိုက်ခိုက်ခံရပြီး​နောက်မီး​လောင်ကျွမ်း​နေစဥ်။ဓါတ်ပုံ-SDDF)

ဆက်စပ်သတင်းများ