▪︎မုန်တိုင်းလေဆောင့်တိုက်ချိန်တွင် ၁ နာရီ မိုင် ၁၃၀နှုန်းဖြင့်တိုက်ခတ်ဟုဆို
မိုခါဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့ (မေ ၁၄) နံနက် ၁၁ နာရီခွဲ မှစ၍ ရခိုင်ကမ်းရိုးတန်းကို တစ်နာရီလေတိုက်နှုန်း ၁၁၂ မိုင်မှ ၁၁၈မိုင်းနှုန်းဖြင့်တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယမိုးဇလ (IMD)ကထုတ်ပြန်သည်။
ဘဂ်လားပင်လယ်အော်အရှေ့အလယ်ပိုင်းမှအလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသည်ကျောက်ဖြူမြို့နှင့် ဘဂ်လားဒေရှ်နိုင်ငံ ကော့ဘဇာမြို့ကြား စစ်တွေမြို့ မြောက်ပိုင်းမှ ဖြတ်သန်းဝင်ရောက်ခဲ့သည်။မုန်တိုင်း ကမ်းခြေကို ဖြတ်သန်းတိုက်ခတ်ချိန်တွင် လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၁၂ မိုင်မှ ၁၁၈ မိုင် (၁၈၀ ကီလိုမီတာ-၁၉၀ ကီလိုမီတာ )အတွင်း ၊ရုတ်တရက်မုန်တိုင်းဆောင့်တိုက်ချိန်တွင် လေတိုက်နှုန်း မိုင် ၁၃၀ (၂၁၀ ကီလိုမီတာ)ဖြင့် နံနက်၁၁ နာရီခွဲ မှ ၁ နာရီခွဲ အထိ့တိုက်ခတ်ခဲ့ကြောင့် အိန္ဒိယမိုးဇလက အသိပေးသည်။


ထိုအပြင် မုန်တိုင်းသည် နောက်သုံးနာရီ အတွင် အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ်မှ အားလျော့လာမည်ဟု ယနေ့ ညနေတွင်ထုတ်ပြန်ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူသားချင်းစာနာထောက်ထားရေးနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဝန်ကြီး ဌာန(NUG-MOHADM) က မိုရာသည် ယနေ့ နံနက် ၁၁ နာရီ ခွဲတွင် ရခိုင်ကမ်းရိုးတန်းကိုဖြတ်သန်းတိုက်ခတ်ခဲ့ပြီး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၁၃၀ ရှိသည်ဟု အသိပေးထားသည်။

Public Service Announcement
ထိုကြောင့် အိန္ဒိယမိုးဇလ ထုတ်ပြန်ချက်နှင့် NUG-MOHADM ထုတ်ပြန်ချက်မတူညီပေ။ မုန်တိုင်းလေတိုက်နှုန်းနှင့်ပတ်သပ်၍ အခြားသော မုန်တိုင်းစောင့်ကြည့်ရေးစင်တာများကထုတ်ပြန်ချက်များတွင်လည်းကွဲပြားနေသည်ကများသည်။

သို့သော် အများစုတူညီသည်မှာ ကုန်းတွင်းဝင်ရောက်ပါက မုန်တိုင်းမှာ အားပျော့လာမည်ဟုခန့်မှန်းထားကြခြင်းဖြစ်သည်။
အမေရီကန်ရေတပ်မုန်တိုင်းစောင့်ကြည့်သတိပေးရေးစင်တာဖြစ်သော JTWC က မိုရာမုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ပြီး.စစ်ကိုင်းတိုင်းအတွင် ဖြတ်သန်းတိုက်ခတ်ချိန်တွင်ပင် တစ်နာရီ လေတိုက်နှုန်း၉၈ မိုင်ခန့်(85 KTS) ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ထိုမှ ၄၆ မိုင် ၊ထိုနောက် ၂၉ မိုင် စသဖြင့်အဆင့်ဆင့် အားလျော့သွားမည်ဟုခန့်မှန်းထားသည်။


မုန်တိုင်းသည် ရခိုင်ရိုးမတောင်တန်းများဖြတ်သန်း၍ စစ်ကိုင်းတိုင်း ၊ ချင်းပြည်နယ် ၊မကွေးတိုင်း ၊ကချင်ပြည်နယ်အထိ ဆိုင်ကလုန်းမုန်တိုင်း ၊အပူပိုင်းကုန်းတွင်းမုန်တိုင်းငယ်အဖြစ်အဆင့်ဆင့်တိုက်ခတ်နိုင်၍ အဆိုပါဒေသများတွင် မုန်တိုင်းအန္တရာယ်နှင့် မုန်တိုင်းနောက်ဆက်တွဲ မိုးကြီးခြင်း၊လေပြင်းကျခြင်း၊မြေပြိုခြင်း ၊ရေကြီးရေလျှံခြင်း သဘာဝဘေးအန္တရာယ်များကို သတိ့ပြုရန် မုန်တိုင်းနှင့်မိုးလေဝသစောင့်ကြည့်ရေးစင်တာနှင့်ပညာရှင်များကသတိပေးထားသည်။ ထိုအပြင် ကျန် ဒေသအများစုတွင်လည်း မုန်တိုင်းတိမ်တိုက်များလွင့်စစင်ရာမှ မိုးသည်းထန်ခြင်း၊လေပြင်းတိုက်ခတ်ခြင်း၊ရေကြီးခြင်းများဖြစ်နိုင်ကြောင်းသတိပေးထားသည်။
