Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆင်ဖြူကျွန်းတွင် မိုခါမုန်တိုင်းကြောင့် ရေမျောပါသေဆုံးခဲ့သူ လေးဦးထပ်တိုးပြီး စုစုပေါင်းခုနစ်ဦးအထိရှိလာ

မေလ၁၄ ရက်က ရုတ်တရက်ရေကြီးမှုကြောင့် ဆင်ဖြူကျွန်းမြို့ပေါ်နေ အသက်(၇၀)နှစ်အရွယ်မိခင်နှင့် (၄၄)နှစ်အရွယ် သမီးဖြစ်သူ၊ နွယ်တမယ်ကျေးရွာနေ အသက် (၂၂)နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးတို့ ရေမျောပါသေဆုံးခဲ့သည်။

(ရေထဲမျောပါသေဆုံးခဲ့သည့် အသက်၂၂အရွယ်လူငယ်ရုပ်အလောင်းအား ပြန်လည်သယ်ယူလာစဥ်။ ဓာတ်ပုံ - Cj)
(ရေထဲမျောပါသေဆုံးခဲ့သည့် အသက်၂၂အရွယ်လူငယ်ရုပ်အလောင်းအား ပြန်လည်သယ်ယူလာစဥ်။ ဓာတ်ပုံ - Cj)

မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် ရုတ်တရက်ရေကြီး၍ ရေမျောပါ သေဆုံးသူ လေးဦးထပ်မံတိုးလာပြီး စုစုပေါင်း သေဆုံးသူခုနစ်ဦးအထိရှိလာကြောင်း ဒေသခံများက ပြောသည်။

မကွေးတိုင်းရှိ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ စွန်းကျွန်းညိုကျေးရွာနေ အသက်(၃၄)နှစ်အရွယ် ကိုကျော်လင်းရွှေဆိုသူသည် မေလ ၁၄ ရက်က မြက်ရိတ်နေစဉ် ရေစီးဖြင့်မျောပါသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

၎င်း၏ ရုပ်အလောင်းကို ၃ရက်အကြာ မေလ ၁၇ ရက်က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အလားတူ ငါးသမ်ခေါင်းအုပ်စု၊ ဂွေးကုန်းရွာမှ ညီအစ်ကိုနှစ်ဦး၊ ထနောင်းကုန်းရွာမှ အသက် (၄၅) နှစ်အရွယ် အမျိုးသားတစ်ဦးတို့လည်း သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“တချို့စာရင်းတွေက မတက်သေးဘူး။ တချို့အလောင်းတွေလည်း ပြန်မရသေးဘူး”ဟု ဆင်ဖြူကျွန်းဒေသခံတစ်ဦးက ပြောသည်။

မေလ၁၄ ရက်က ရုတ်တရက်ရေကြီးမှုကြောင့် ဆင်ဖြူကျွန်းမြို့ပေါ်နေ အသက်(၇၀)နှစ်အရွယ်မိခင်နှင့် (၄၄)နှစ်အရွယ် သမီးဖြစ်သူ၊ နွယ်တမယ်ကျေးရွာနေ အသက် (၂၂)နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးတို့ ရေမျောပါသေဆုံးခဲ့သည်။

ဆင်ဖြူကျွန်းတွင် ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း ၂၀ထက်မနည်းနှင့် တစ်မြို့လုံးနီးပါး ရေနစ်မြုပ်ပျက်စီးခဲ့ပြီး မကွေးတိုင်းအခြေစိုက် လူမှုကူညီရေးအသင်းအဖွဲ့အချို့က ရေဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများ လာရောက် လုပ်ကိုင်ပေးနေကြောင်း သိရသည်။