Connect with us

Hi, what are you looking for?

သတင်း

ဆင်ဖြူကျွန်းမြို့တွင် မုန်တိုင်းကြောင့် သားအမိနှစ်ဦးအပါအဝင်သုံးဦး ရေမျောပါ သေဆုံး

သားအမိနှစ်ဦးမှာ မြို့ပေါ်ရပ်ကွက်နေထိုင်သူများဖြစ်ပြီး မိခင်မျောပါသွား၍ သမီးဖြစ်သူက လိုက်လံဆယ်ယူချိန် သမီးပါမျောပါသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

(ဆင်ဖြူကျွန်းမြို့ပေါ်တွင် ရေများကျဆင်းသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့​ပေါ်တွင် မိုခါမုန်တိုင်းမိုးကြောင့် ရေကြီးရေလျှံမှုဖြစ်ပြီး ရေမျှောပါသွား၍ သားအမိနှစ်ဦးအပါအဝင် သုံးဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (မေလ၁၄ ရက်) ညနေပိုင်းက မုန်တိုင်းကြောင့် ဆင်ဖြူကျွန်းမြို့ပေါ်အပါအဝင် ကျေးရွာ၁၀ ရွာထက်မနည်း ရုတ်တရက်ရေကြီးခဲ့ပြီး သားအမိ ရေထဲမျောပါသွားခဲ့ကြောင်း၊ သားအမိနှစ်ဦးအနက် အသက် (၇၀)အရွယ် မိခင်ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းတွင် မြို့အရှေ့ဘက် လယ်ကွင်းထဲတွင်လည်းကောင်း၊ ယနေ့ညနေပိုင်းတွင် အသက် (၄၄)နှစ်အရွယ် သမီးဖြစ်သူရုပ်အလောင်းကို ဆင်ဖြူကျွန်းမြို့အရှေ့တောင်ဘက် စမ်းတွင်းကျေးရွာအနီး၌လည်းကောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

(ဆင်ဖြူကျွန်းမြို့ပေါ်တွင် ရေများကျဆင်းသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Cj)
(ဆင်ဖြူကျွန်းမြို့ပေါ်တွင် ရေများကျဆင်းသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

သားအမိနှစ်ဦးမှာ မြို့ပေါ်ရပ်ကွက်နေထိုင်သူများဖြစ်ပြီး မိခင်မျောပါသွား၍ သမီးဖြစ်သူက လိုက်လံဆယ်ယူချိန် သမီးပါမျောပါသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

အလားတူ ဆင်ဖြူကျွန်းမြို့ အနောက်ဘက်ရှိ နွယ်တမယ်ကျေးရွာသား အသက် (၂၂)အရွယ် အမျိုးသားတစ်ဦးလည်း ယမန်နေ့ ညနေပိုင်းက ဆင်ဖြူကျွန်းအောက်ဈေးတွင် မိခင်၏ ဈေးဆိုင်မှ ကုန်စိမ်းများ ရေမမျောစေရန် သယ်ယူနေရင်း ရေမျောပါ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

(ဆင်ဖြူကျွန်းမြို့ပေါ်တွင် ရေများကျဆင်းသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Cj)
(ဆင်ဖြူကျွန်းမြို့ပေါ်တွင် ရေများကျဆင်းသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

ထို့အပြင် မုန်တိုင်းကြောင့် ရေနစ်မြုပ်နေသော ကျေးရွာအများအပြားရှိနေပြီး အဆက်အသွယ်မရသေး၍ ထိခိုက်သေဆုံးမှုများ မသိရသေးကြောင်း နယ်ခံလူမှုကူညီရေးသမားများက ပြောသည်။

“ရေက လူတစ်ရပ်အကျော်အထိ တက်ပြီး ၅မိနစ်အတွင်း ရေလုံး ဝင်ရိုက်လို့ ဘာမှသယ်ယူချိန် မရလိုက်ဘူး။ စပါးတင်းတွေ နေအိမ်တွေ နွားတွေ ကားတွေ သုံးဘီး၊ ထော်လာဂျီတွေပါ ရေနဲ့ မျောပါပြီး အကုန် ဆုံးရှုံးပါတယ်။”ဟု လူမှုကူညီရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

(ဆင်ဖြူကျွန်းမြို့ပေါ်တွင် ရေများကျဆင်းသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Cj)
(ဆင်ဖြူကျွန်းမြို့ပေါ်တွင် ရေများကျဆင်းသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

လက်ရှိ ဆင်ဖြူကျွန်းမြို့ပေါ်တွင် ရေများပြန်လည်ကျဆင်းနေပြီဖြစ်သော်လည်း ကျေးရွာများမှာမူ ရေနစ်မြုပ်နေဆဲဖြစ်ပြီး သွားလာရေးအခက်အခဲများရှိနေ၍ ကူညီကယ်ဆယ်ရေးများ လိုအပ် နေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။