Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် ထိုးစစ်ဆင်လာ၍ လားရှိုး၌ တိုက်ပွဲဖြစ်ဟု TNLA အသိပေး

TNLA တပ်မဟာ(၆) စစ်ဒေသဖြစ်သည့် လားရှိုးမြို့နယ် ပန်မွန်းကျေးရွာအနီး သို့ စစ်ကောင်စီ လက်အောက်ခံတပ် ခမရ(၅၀၄) တပ်က ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

(နှစ် ၆၀ပြည့် တအောင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားတွင် တအောင်းတပ်မတော်မှ ရဲဘော်များစစ်ရေးလေ့ကျင့်နေစဉ်။ ဓာတ်ပုံ - TNLA)
(နှစ် ၆၀ပြည့် တအောင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားတွင် တအောင်းတပ်မတော်မှ ရဲဘော်များစစ်ရေးလေ့ကျင့်နေစဉ်။ ဓာတ်ပုံ - TNLA)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ပန်မွန်းရွာတွင် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ မေလ ၂၀ ရက်က တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ယမန်နေ့ညပိုင်းတွင် အသိပေးသည်။

TNLA တပ်မဟာ(၆) စစ်ဒေသဖြစ်သည့် လားရှိုးမြို့နယ် ပန်မွန်းကျေးရွာအနီး သို့ စစ်ကောင်စီ လက်အောက်ခံတပ် ခမရ(၅၀၄) တပ်က ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

တိုက်ပွဲမှာ ညနေ ၄နာရီခန့်မှစ၍ ၂နာရီကျော်ကြာမြင့်ခဲ့ကြောင်း ထုတ်ပြန်ထားပြီး ထိခိုက်သေဆုံးရှိမရှိ အခြေအနေကို ဖော်ပြမထားပေ။

စစ်ကောင်စီတပ်ဘက်က ပြန်လည်ဆုတ်ခွာသွား၍ တိုက်ပွဲငြိမ်သက်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် မေလ ၁၈ရက်ကလည်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ကွတ်ခိုင်ရှိ ဆက်သွယ်ရေးကုန်းမှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့ကြောင်း TNLAက အသိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် မေလ ၁၅ရက်နောက်ပိုင်းတွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာခြင်းဖြစ်သည်ဟု ဆိုသည်။

TNLAနှင့် စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီအတွင်းက ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ ထိုစဉ်ကလည်း စစ်ကောင်စီတပ်ကTNLA တပ်စခန်းသို့ ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၁၅ဦး သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း TNLAက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်