Connect with us

Hi, what are you looking for?

သတင်း

မုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများကို ပြင်သစ်က ယူရို ၁သန်းတန်ဖိုးရှိ အကူအညီများပေးအပ်မည်

အထူးသဖြင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းများရှိ ပြည်သူများကို အကူအညီများပေးနိုင်ရန် ပြင်သစ်က ယင်းသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံပြင်သစ်သံရုံးက ယနေ့ထုတ်ပြန်သည်။

(မိုခါမုန်တိုင်း​ကြောင့် ​ဒေသခံပြည်သူ ၂၀ ဦး​သေဆုံးခဲ့​သော ညောင်ပင်ကြီးရွာကို ​မေ ၂၁ ရက်က​တွေ့ရစဥ်။ ဓာတ်ပုံ-Border News Agency)
(မိုခါမုန်တိုင်း​ကြောင့် ​ဒေသခံပြည်သူ ၂၀ ဦး​သေဆုံးခဲ့​သော ညောင်ပင်ကြီးရွာကို ​မေ ၂၁ ရက်က​တွေ့ရစဥ်။ ဓာတ်ပုံ-Border News Agency)

မိုခါဆိုင်ကလုန်းဒဏ်ကိုခံခဲ့ရသည့် မြန်မာပြည်သူများကို ယူရို ၁သန်းတန်ဖိုးရှိသော အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ပေးအပ်ရန် ပြင်သစ်အစိုးရက ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

အထူးသဖြင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းများရှိ ပြည်သူများကို အကူအညီများပေးနိုင်ရန် ပြင်သစ်က ယင်းသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံပြင်သစ်သံရုံးက ယနေ့ထုတ်ပြန်သည်။

အလားတူ အမေရိကန်ပြည်ထောင်စုကလည်း ဆိုင်ကလုန်းမိုခါကြောင့် ပျက်စီးဆုံးရှုံးမှုများကို တုံ့ပြန်ဆောင်ရွက်ရန် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ အမေရိကန် ဒေါ်လာ ၁၇ သန်းနီးပါးကို ထပ်တိုးကူညီသွားမည်ဟု ယမန်နေ့တွင် ထုတ်ပြန်ကြေညာသည်။

Public Service Announcement
Public Service Announcement

အမေရိကန်သည် ယင်းအကူအညီကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် မုန်တိုင်းသင့်ဒေသများတွင် ဆောင်ရွက်လျက်ရှိသည့် မိတ်ဖက်အဖွဲ့အစည်းများကို ပေးအပ်သွားမည်ဖြစ်ပြီး အရေးပေါ် နားခိုစရာ၊ သန့်ရှင်းသောရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ရာတွင် အကူအညီဖြစ်စေနိုင်မည်ဟု ဆိုသည်။ အစောပိုင်းက အမေရိကန်သည် ကယ်ဆယ်ရေးလှုပ်ရှားမှုများကို ကူညီပံ့ပိုးရန် ကနဦးအနေဖြင့် အမေရိကန်ဒေါ်လာ နှစ်သိန်းပေးအပ်မည်ဟု ကြေညာထားသည်။

Public Service Announcement

Public Service Announcement

မိုခါဆိုင်ကလုန်းဘေးဒဏ်သင့်ဒေသများသို့ ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီလုပ်ဆောင်ရန်ကြိုးပမ်းနေသော်လည်း အာဏာသိမ်းစစ်ကောင်စီ၏ ဟန့်တားမှုနှင့် ခွင့်ပြုချက်စောင့်ဆိုင်းရခြင်းကြောင့် ကြန့်ကြာမှုများနှင့် ရင်ဆိုင်နေရသည်။

ထောက်ပံ့မှုအများဆုံးလိုအပ်လျက်ရှိသည့် လူ့အသိုက်အဝန်းများသို့ အကူအညီပေးသည့်အဖွဲ့အစည်းများ အလွယ်တကူရောက်ရှိနိုင်ရန်နှင့် အကူအညီများပေးအပ်နိုင်ရန် အလွန် အရေးကြီးကြောင်း အမေရိကန်က ထုတ်ပြန်ချက်၌ သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အားကောင်းတဲ့ မုန်တိုင်းတစ်ခုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လေပြင်းတွေတိုက်၊ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။

အတွေးအမြင်

မုန်တိုင်းဘေးသင့်ခဲ့​ပေမယ့် ကံ​ကောင်းခဲ့တဲ့ အောင်ချင်းငှက်နှစ်ကောင်အကြောင်းကို ဩစတေးလျသံရုံးက ဒီနေ့ထုတ်ပြန်လာပါတယ်။

သတင်း

စက်သုံးဆီ‌ချွေတာဖို့နဲ့ စက်သုံးဆီအခက်အခဲကြောင့် ရုန်းကန်နေရတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေတာကို ပြသတဲ့အနေနဲ့ စက်ဘီးနဲ့သွား‌ရုံးတက်နေတယ်လို့ နယ်သာလန်သံရုံးရဲ့ ဒုတိယအကြီးအကဲ မစ္စတာ ၀င်းမ်ဗန်ဒွေါန်က ပြောပါတယ်။