Connect with us

Hi, what are you looking for?

သတင်း

အာဏာရှင်စနစ်ကို တွန်းလှန်ဖြိုဖျက်ရမယ်လို့ KNU ဥက္ကဋ္ဌသစ် တိုက်တွန်း

ကရင်လူငယ်အစည်းအရုံး (KYO )ရဲ့ ၃၄ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ပြုလုပ်တဲ့ စကားဝိုင်းဆွေးနွေးပွဲမှာ KNU ဥက္ကဋ္ဌက လူငယ်တွေကို ထည့်သွင်းပြောကြားခဲ့တာပါ။

အာဏာရှင်စနစ်ကို တွန်းလှန်ဖြိုဖျက်ရမယ်လို့ KNU ဥက္ကဋ္ဌသစ် တိုက်တွန်း
အာဏာရှင်စနစ်ကို တွန်းလှန်ဖြိုဖျက်ရမယ်လို့ KNU ဥက္ကဋ္ဌသစ် တိုက်တွန်း

လူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖြိုဖျက်ပြီး ပပျောက်အောင် လုပ်ဆောင်ရမယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ ဥက္ကဋ္ဌသစ်ပဒိုစောကွယ်ထူးဝင်းက ပြောလိုက်ပါတယ်။

ကရင်လူငယ်အစည်းအရုံး (KYO )ရဲ့ ၃၄ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ပြုလုပ်တဲ့ စကားဝိုင်းဆွေးနွေးပွဲမှာ KNU ဥက္ကဋ္ဌက လူငယ်တွေကို ထည့်သွင်းပြောကြားခဲ့တာပါ။

ကရင်အမျိုးသားတွေရဲ့တော်လှန်ရေးအောင်မြင်ဖို့ဆိုရင် လူမျိုးကြီးဝါဒနဲ့အာဏာရှင်စနစ်ပပျောက်ဖို့ ဆောင်ရွက်ရမယ်လို့ဆိုပါတယ်။

” ခေတ်အဆက်ဆက်က ကျွန်တော်တို့ ကရင့်ခေါင်းဆောင် ကရင်လူငယ်တွေ ဆောင်ရွက်လာခဲ့တယ်။ မအောင်မြင်သေးဘူး၊သမိုင်းပေးတာဝန်ကို ကျွန်တော်တို့ဆက်လက်ပြီး ထမ်းဆောင်ရမှာဖြစ်တယ်” လို့ KNU ဥက္ကဋ္ဌက စကားဝိုင်းဆွေးနွေးပွဲမှာပြောပါတယ်။

Public Service Announcement

Public Service Announcement

တော်လှန်ရေး ရှေ့ဆက်သွားနိုင်ဖို့နဲ့ အောင်မြင်ဖို့ အတွက် လူငယ်တွေရဲ့ ပူးပေါင်းပါဝင်မှု အရေးကြီးတယ်လို့လည်း ပြောပါတယ်။

တော်လှန်ရေးအောင်မြင်ဖို့အတွက် ဆိုရင် မျိုးချစ်စိတ်ဓာတ်ရှိဖို့လည်းလိုပြီး ပညာရေးစနစ်ထည့်သွင်းသင်ကြားရမယ်လို့လည်း ဆိုပါတယ်။

KNU ဥက္ကဋ္ဌဖြစ်လာသူ ပဒိုစောကွယ်ထူးဝင်းဟာ မြိတ်-ထားဝယ်ခရိုင်ရဲ့ ကရင်လူငယ်အစည်းအရုံး(KYO) ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။