Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထိုင်းရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးဇာတ်ပို့ဆုဆန်ခါတင်ပါနေတဲ့ သရုပ်ဆောင်ဒေါင်း

Nine Entertainment Awards 2023 မှာ Creative team of the year နဲ့ Drama of the year ဆု နှစ်ခုအတွက် ဆန်ခါတင်ရွေးချယ်ခံထားရတာဖြစ်ပြီး ဆုရရှိသူတွေကို ဒီနေ့ (မေ ၂၅) ည ကြေညာမှာဖြစ်ပါတယ်။

ယနေ့ပွဲတက်လာတဲ့ သရုပ်ဆောင်ဒေါင်း။ ဓာတ်ပုံ - Nine
ယနေ့ပွဲတက်လာတဲ့ သရုပ်ဆောင်ဒေါင်း။ ဓာတ်ပုံ - Nine

သရုပ်ဆောင်ဒေါင်း ပါဝင်ထားတဲ့ ကျောက်ဖရားမှ ဧရာဝတီသို့ ရုပ်သံဇာတ်လမ်းတွဲဟာ Nine Entertainment Awards 2023 အတွက် ဆုနှစ်ဆုဆန်ခါတင်‌ရွေးချယ်ခံထားသလို ထိုင်းနိုင်ငံ ‌ရွှေရုပ်မြင်သံကြားဆုအတွက်လည်း အကောင်းဆုံး ဇာတ်ပို့ဆုအတွက် ဆန်ခါတင်ရွေးချယ်ခံထားရပါတယ်။

Nine Entertainment Awards 2023 မှာ Creative team of the year နဲ့ Drama of the year ဆု နှစ်ခုအတွက် ဆန်ခါတင်ရွေးချယ်ခံထားရတာဖြစ်ပြီး ဆုရရှိသူတွေကို ဒီနေ့ (မေ ၂၅) ည ကြေညာမှာဖြစ်ပါတယ်။

ရွှေရုပ်မြင်သံကြားက ဇာတ်ပို့ဆုအတွက်တော့ ဇွန်လ ၁၀ ရက်မှာ ကြေညာမှာပါ။

ဒီဇာတ်ကားမှာ ဒေါင်းက မြဝတီမင်းကြီးဦးစ အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး ထိုင်းနိုင်ငံက ပရိသတ်တွေရဲ့ အားပေးမှုရရှိထားပါတယ်။

Public Service Announcement

Public Service Announcement

“မြန်မာတယောက်အနေနဲ့ leading role မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားအနေနဲ့ Nomination ဝင်တာ ဒါပထမဆုံးလို့ပြောလို့ရပါတယ်။” လို့ ဒေါင်းရဲ့ အမာခံပရိသတ်တစ်ဦးကပြောပါတယ်။

သရုပ်ဆောင်ဒေါင်းက ‌အာဏာသိမ်းခံရတဲ့ အချိန်ကတည်းက ထိုင်းနိုင်ငံမှာရောက်ရှိနေတာဖြစ်ပြီး နွေဦးတော်လှန်ရေးမှာ ပြည်သူတွေဘက်က ရပ်တည်တဲ့ အနုပညာရှင်တစ်ယောက်ပါ။

တော်လှန်ရေးအတွက် သူနဲ့ပတ်သက်တဲ့ အမှတ်‌တရ ပစ္စည်းတွေရောင်းချပြီး လိုအပ်တဲ့နေရာတွေကို လှူဒါန်းပေးနေသလို တော်လှန်ရုပ်ရှင်တွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒါရိုက်တာလင်းလင်း ရိုက်ကူးပြီး ဒေါင်းနဲ့ ချစ်သုဝေ တို့ပါဝင်သရုပ်ဆောင်ထားတဲ့ စမှတ် ဇာတ်လမ်းတိုရုပ်ရှင်က နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာဆုတွေရရှိထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

နိုင်ငံတကာ

နောက်ဆက်တွဲအဖြစ် ပါနစ်ချ်ဟာ ကောင်းမွန်စွာ နေထိုင်နေကြောင်း အာဏာပိုင်တွေဆီ ၁ နှစ်ကြာ ပုံမှန် သတင်းပို့ဖို့နဲ့ ယာဉ်မောင်းလိုင်စင် ၆ လ ဆိုင်းငံ့ခံရဖို့လည်း တရားရုံးက အမိန့်ချခဲ့ကြောင်း သိရပါတယ်။

သတင်း

မြ၀တီ၌ နောက်ဆုံးကျန်နေသည့် ခမရ(၂၇၅)ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O)၊ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ (PDF)တို့မှ ယနေ့မနက်အစော၌ အပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။