Connect with us

Hi, what are you looking for?

သတင်း

ထိုင်းရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးဇာတ်ပို့ဆုဆန်ခါတင်ပါနေတဲ့ သရုပ်ဆောင်ဒေါင်း

Nine Entertainment Awards 2023 မှာ Creative team of the year နဲ့ Drama of the year ဆု နှစ်ခုအတွက် ဆန်ခါတင်ရွေးချယ်ခံထားရတာဖြစ်ပြီး ဆုရရှိသူတွေကို ဒီနေ့ (မေ ၂၅) ည ကြေညာမှာဖြစ်ပါတယ်။

ယနေ့ပွဲတက်လာတဲ့ သရုပ်ဆောင်ဒေါင်း။ ဓာတ်ပုံ - Nine
ယနေ့ပွဲတက်လာတဲ့ သရုပ်ဆောင်ဒေါင်း။ ဓာတ်ပုံ - Nine

သရုပ်ဆောင်ဒေါင်း ပါဝင်ထားတဲ့ ကျောက်ဖရားမှ ဧရာဝတီသို့ ရုပ်သံဇာတ်လမ်းတွဲဟာ Nine Entertainment Awards 2023 အတွက် ဆုနှစ်ဆုဆန်ခါတင်‌ရွေးချယ်ခံထားသလို ထိုင်းနိုင်ငံ ‌ရွှေရုပ်မြင်သံကြားဆုအတွက်လည်း အကောင်းဆုံး ဇာတ်ပို့ဆုအတွက် ဆန်ခါတင်ရွေးချယ်ခံထားရပါတယ်။

Nine Entertainment Awards 2023 မှာ Creative team of the year နဲ့ Drama of the year ဆု နှစ်ခုအတွက် ဆန်ခါတင်ရွေးချယ်ခံထားရတာဖြစ်ပြီး ဆုရရှိသူတွေကို ဒီနေ့ (မေ ၂၅) ည ကြေညာမှာဖြစ်ပါတယ်။

ရွှေရုပ်မြင်သံကြားက ဇာတ်ပို့ဆုအတွက်တော့ ဇွန်လ ၁၀ ရက်မှာ ကြေညာမှာပါ။

ဒီဇာတ်ကားမှာ ဒေါင်းက မြဝတီမင်းကြီးဦးစ အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး ထိုင်းနိုင်ငံက ပရိသတ်တွေရဲ့ အားပေးမှုရရှိထားပါတယ်။

Public Service Announcement

Public Service Announcement

“ မြန်မာတယောက်အနေနဲ့ leading role မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားအနေနဲ့ Nomination ဝင်တာ ဒါပထမဆုံးလို့ပြောလို့ရပါတယ်။” လို့ ဒေါင်းရဲ့ အမာခံပရိသတ်တစ်ဦးကပြောပါတယ်။

သရုပ်ဆောင်ဒေါင်းက ‌အာဏာသိမ်းခံရတဲ့ အချိန်ကတည်းက ထိုင်းနိုင်ငံမှာရောက်ရှိနေတာဖြစ်ပြီး နွေဦးတော်လှန်ရေးမှာ ပြည်သူတွေဘက်က ရပ်တည်တဲ့ အနုပညာရှင်တစ်ယောက်ပါ။

တော်လှန်ရေးအတွက် သူနဲ့ပတ်သက်တဲ့ အမှတ်‌တရ ပစ္စည်းတွေရောင်းချပြီး လိုအပ်တဲ့နေရာတွေကို လှူဒါန်းပေးနေသလို တော်လှန်ရုပ်ရှင်တွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒါရိုက်တာလင်းလင်း ရိုက်ကူးပြီး ဒေါင်းနဲ့ ချစ်သုဝေ တို့ပါဝင်သရုပ်ဆောင်ထားတဲ့ စမှတ် ဇာတ်လမ်းတိုရုပ်ရှင်က နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာဆုတွေရရှိထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

​ဖေ​ဖော်ဝါရီ-၇၊၂၀၂၆။People’s Spring ရွေးကောက်ပွဲအကြို နောက်ဆုံး အားထည့်မှု အနေနဲ့ ထိုင်းနိုင်ငံရေး ပါတီတွေက အပြိုင်အဆိုင်မဲဆွယ်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်ခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၆ ရက်နေ့က ဘန်ကောက်မြို့တော်မှာ အဓိက အင်အားကြီး ပါတီသုံးခုကို ကိုယ်စားပြုတဲ့ အပြာရော၊ လိမ္မော်ရောင်နဲ့ အနီရောင်တွေ နေရာအနှံ့ လူစုပြီး...

သတင်း

ခရီးသည် နှစ်ဒါဇင်နီးပါးကို ချန်ထားခဲ့ပြီး လေယာဉ်ထွက်လုနီးပါး ဖြစ်ခဲ့တဲ့ လွဲချော်မှုအတွက် အာရှလေကြောင်း (Air Asia)က ဝန်ခံ တောင်းပန်ခဲ့ပါတယ်။

သတင်း

နယ်စပ် အခြေစိုက် အွန်လိုင်း ငွေလိမ် (ကျားဖြန့်)ဂိုဏ်းတွေနဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ တရုတ်နိုင်ငံသား ၃၀၀ ကျော်ကို နေရပ်ပြန်ပို့လိုက်ကြောင်း ထိုင်းက ထုတ်ပြန်ပါတယ်။

အကြံပြုချက်

ထိုင်း-မြန်မာကြား ပြင်ပတွင်​ရော၊လူမှုကွန်ယက်မှာပါ အမုန်းစကားပြောဆိုခြင်းမပြုရန်