သရုပ်ဆောင်ဒေါင်းပါဝင်ထားတဲ့ ကျောက်ဖရားမှ ဧရာဝတီသို့ ရုပ်သံဇာတ်လမ်းတွဲဟာ ဒီနေ့ည ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာပြုလုပ်တဲ့ Nine Entertainment Awards 2023 ပွဲမှာ Creative Team of the Year ဆုရရှိခဲ့ပါတယ်။
ဒီဆုပေးပွဲမှာ Creative Team of the Year နဲ့ Drama of the Year ဆုနှစ်ဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ပြီး ဆုတစ်ဆု ရရှိခဲ့တာပါ။
ဒီနေ့ပွဲကို ထိုင်းနိုင်ငံက နာမည်ကျော် အနုပညာရှင်အများအပြားတတ်ရောက်ခဲ့ပြီး ဒေါင်းရဲ့ပွဲတတ်ဖက်ရှင်ကိုလည်း ပရိသတ်တွေက သဘောကျခဲ့ပါတယ်။
ဇွန်လ ၁၀ ရက်မှာပြုလုပ်မယ့် ထိုင်းနိုင်ငံ ရွှေရုပ်မြင်သံကြားဆုအတွက်လည်း သရုပ်ဆောင်ဒေါင်းက အဲဒီကျောက်ဖရားမှ ဧရာဝတီသို့ ရုပ်သံဇာတ်လမ်းတွဲနဲ့ ဇာတ်ပို့ဆု ဆန်ခါတင်ဝင်ထားပါတယ်။
ကျောက်ဖရားမှ ဧရာဝတီသို့ဇာတ်လမ်းတွဲမှာ ဒေါင်းက မြဝတီမင်းကြီးဦးစအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး ထိုင်းနိုင်ငံက သရုပ်ဆောင်တွေနဲ့အတူ ရိုက်ကူးထားတာပါ။
