Connect with us

Hi, what are you looking for?

သတင်း

သရုပ်ဆောင်ဒေါင်းပါဝင်တဲ့ ထိုင်းဇာတ်လမ်းတွဲ Creative Team of the Year ဆုရ

ဒီနေ့ပွဲကို ထိုင်းနိုင်ငံက နာမည်ကျော် အနုပညာရှင်အများအပြားတတ်ရောက်ခဲ့ပြီး ဒေါင်းရဲ့ပွဲတတ်ဖက်ရှင်ကိုလည်း ပရိသတ်တွေက သဘောကျခဲ့ပါတယ်။

သရုပ်ဆောင်ဒေါင်းပါဝင်တဲ့ ထိုင်းဇာတ်လမ်းတွဲ Creative Team of the Year ဆုရ
သရုပ်ဆောင်ဒေါင်းပါဝင်တဲ့ ထိုင်းဇာတ်လမ်းတွဲ Creative Team of the Year ဆုရ

သရုပ်ဆောင်ဒေါင်းပါဝင်ထားတဲ့ ကျောက်ဖရားမှ ‌ဧရာဝတီသို့ ရုပ်သံဇာတ်လမ်းတွဲဟာ ဒီနေ့ည ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာပြုလုပ်တဲ့ Nine Entertainment Awards 2023 ပွဲမှာ Creative Team of the Year ဆုရရှိခဲ့ပါတယ်။

ဒီဆုပေးပွဲမှာ Creative Team of the Year နဲ့ Drama of the Year ဆုနှစ်ဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ပြီး ဆုတစ်ဆု ရရှိခဲ့တာပါ။

ဒီနေ့ပွဲကို ထိုင်းနိုင်ငံက နာမည်ကျော် အနုပညာရှင်အများအပြားတတ်ရောက်ခဲ့ပြီး ဒေါင်းရဲ့ပွဲတတ်ဖက်ရှင်ကိုလည်း ပရိသတ်တွေက သဘောကျခဲ့ပါတယ်။

ဇွန်လ ၁၀ ရက်မှာပြုလုပ်မယ့် ထိုင်းနိုင်ငံ ‌ရွှေရုပ်မြင်သံကြားဆုအတွက်လည်း သရုပ်ဆောင်ဒေါင်းက အဲဒီကျောက်ဖရားမှ ‌ဧရာဝတီသို့ ရုပ်သံဇာတ်လမ်းတွဲနဲ့ ဇာတ်ပို့ဆု ဆန်ခါတင်ဝင်ထားပါတယ်။

Public Service Announcement

Public Service Announcement

ကျောက်ဖရားမှ ဧရာဝတီသို့ဇာတ်လမ်းတွဲမှာ ဒေါင်းက မြဝတီမင်းကြီးဦးစအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး ထိုင်းနိုင်ငံက သရုပ်ဆောင်တွေနဲ့အတူ ရိုက်ကူးထားတာပါ။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။