Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီချောဆွဲနေ၍ မန္တလေး – ဗန်းမော်လမ်းပိုင်း သပိတ်ကျင်းနယ်၌ ရောက်နေသည့်ယာဉ်များ ခေတ္တရပ်နားပေးရန် မြို့နယ်(ပကဖ) အရေးပေါ် ကြေညာ

စစ်ကောင်စီသည် ကားလမ်းကြောပေါ်ရှိ တွေ့ရာ မော်တော်ယာဉ်များအား ချောဆွဲပြီး စစ်သုံးပစ္စည်းများအဖြစ် အသုံးပြုနေကာ ပြည်သူများအား ဓားစားခံအဖြစ် ပြုလုပ်နေသောကြောင့် ယခုကဲ့သို့ တားမြစ်ခြင်းဖြစ်သည်ဟု ဆိုသည်။

(သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - သပ်တ်ကျင်း-ပကဖ)
(သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - သပ်တ်ကျင်း-ပကဖ)

မန္တလေး – ဗန်းမော် ကားလမ်းပိုင်းအသုံးပြုနေကြသော မိဘပြည်သူများအနေဖြင့် သပိတ်ကျင်းမြို့နယ်အတွင်းရောက်ရှိနေကြသည့် မည်သည့် မော်တော်ယာဉ်အမျိုးအစားမဆို ရောက်သည့်နေရာတွင် ခေတ္တရပ်နားပေးပါရန် သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အရေးပေါ် ထုတ်ပြန်ကြေညာချက် ယနေ့နံနက်တွင် ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီသည် ကားလမ်းကြောပေါ်ရှိ တွေ့ရာ မော်တော်ယာဉ်များအား ချောဆွဲပြီး စစ်သုံးပစ္စည်းများအဖြစ် အသုံးပြုနေကာ ပြည်သူများအား ဓားစားခံအဖြစ် ပြုလုပ်နေသောကြောင့် ယခုကဲ့သို့ တားမြစ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုအချိန်မှစ သပိတ်ကျင်းမြို့နယ်အတွင်း ကားလမ်းကြောအား ခေတ္တပိတ်ထားမည်ဖြစ်ပြီး ပြန်ဖွင့်သည့်အချိန်အား ပြန်လည်ကြေညာသွားမည်ဟု အသိပေးထားသည်။

သပိတ်ကျင်းနယ်တွင် တိုက်ပွဲများ ရက်ရှည်ဖြစ် ပွားနေပြီး စစ်ကောင်စီတပ်က အထိနာနေ၍ ယခုကဲ့သို့ ပြည်သူလူထုကားများကို ချောဆွဲအသုံးပြုနေခြင်းဖြစ်သည်ဟု သပိတ်ကျင်းမြို့နယ်(ပကဖ)တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအခြေအနေကို လုံခြုံရေးအရလတ်တလော ထုတ်ပြန်သွားရန်မရှိသေးဟုလည်း ၎င်းက ဆိုသည်။

Public Service Announcement
Public Service Announcement

“လက်ရှိက စစ်ရေးအခြေအနေက လုံး၀ကို တင်းမာနေတယ်။ ဒီဘက်မှာလည်း ရက်ရှည်တိုက်ပွဲတွေလည်းဖြစ်နေတယ်။ ဒီကောင်တွေက စစ်အင်အားတွေဖြည့်လိုက်၊ ရိက္ခာပိုင်းတွေဖြည့်လိုက်နဲ့ ပြီးတော့ သူတို့လည်း အထိနာနေတယ်ဆိုတော့ ပတ်ရမ်းနေတဲ့ သဘောပေါ့။ ပြည် သူကားတွေချောဆွဲ၊ ရွာတွေမီးရှို့အဲဒီလိုဟာတွေလုပ်နေတယ်”ဟု သပိတ်ကျင်း(ပကဖ) တာဝန်ရှိသူက ပြောသည်။

ယနေ့နံနက်တွင်လည်း ဆယ်ဇင်းကုန်းရွာကို မီးရှို့ပြီး ပြည်သူများကို ပစ်ခတ်သည့် ဖြစ်စဉ်ရှိခဲ့သည် ဟု ၎င်းက ဆိုသည်။

သပိတ်ကျင်း (ပကဖ)၏ ယမန်နေ့ ထုတ်ပြန်ချက် တွင်လည်း မန္တလေး – သပိတ်ကျင်း- ဗန်းမော် ကားလမ်းကို ညဘက်သွားလာခြင်းမပြုရန် ထပ်လောင်းအသိပေးထားပြီး စစ်ကောင်စီယာဉ် များနှင့် နီးကပ်စွာ သွားလာခြင်းမပြုရန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။