Connect with us

Hi, what are you looking for?

သတင်း

ကချင်တွင် အင်အားပြင်းငလျင်လှုပ်ခတ်၊ အင်းတော်ဒေသ ထိခိုက်ပျက်စီးမှုအချို့ရှိ

ငလျင်သည် မြေအနက် ၁၀ကီလိုမီတာ(၆ မိုင်ခန့်) တွင် ဗဟိုပြုလှုပ်ရှားခဲ့သည်ဟု USGSက ဆိုသည်။

(ငလျင်ကြောင့် အင်းတော်ကြီးဒေသ ပျက်စီးမှုအချို့အား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ငလျင်ကြောင့် အင်းတော်ကြီးဒေသ ပျက်စီးမှုအချို့အား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ်၊ မြို့နယ်အချို့တွင် ယမန်နေ့(မေ ၃၁ရက်) ညနေက အင်အားပြင်းငလျင်လှုပ်သွားပြီး အင်းတော်ကြီးမြို့နယ်အတွင်း ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ငလျင်သည် မေလ ၃၁ရက် ညနေ ၅ နာရီ ၅၀မိနစ် ခန့်တွင် လှုပ်ရှားခဲ့ခြင်းဟု သိရသည်။

“မြစ်ကြီးနား၊ ဖားကန့်၊ ဟိုပင်၊ အင်းတော်ကြီး အကုန် သိလိုက်တယ်။ ငလျင်က ပြင်းလည်းပြင်းသလို လှုပ်ချိန်လည်း ကြာတယ်”ဟု ကချင်ပြည်နယ် ဟိုပင်မြို့ခံတစ်ဦးက ပြောသည်။

(ငလျင်ကြောင့် အင်းတော်ကြီးဒေသ ပျက်စီးမှုအချို့အား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ငလျင်ကြောင့် အင်းတော်ကြီးဒေသ ပျက်စီးမှုအချို့အား မြင်တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

အဆိုပါ ငလျင်သည် ဟိုပင်မြို့အနီး ဗဟိုပြုပြီး ပြင်းအား ရစ်ခ်ျတာစကေး ၅ ဒဿမ ၈အဆင့်ဖြင့် လှုပ်ခတ်ခြင်းဟု အမေရိကန် လူမိလေ့လာရေးဌာန USGSက ထုတ်ပြန်ထားသည်။ ငလျင်တိုင်းတာရေး နာမည်ကြီး အက်ပလီကေးရှင်းအချို့တွင်လည်း အထင်ပါအတိုင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ငလျင်သည် မြေအနက် ၁၀ကီလိုမီတာ(၆ မိုင်ခန့်) တွင် ဗဟိုပြုလှုပ်ရှားခဲ့သည်ဟု USGSက ဆိုသည်။

(ငလျင်ကြောင့် အင်းတော်ကြီးဒေသ ပျက်စီးမှုအချို့အား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ငလျင်ကြောင့် အင်းတော်ကြီးဒေသ ပျက်စီးမှုအချို့အား မြင်တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

ထို့ကြောင့် ပြင်းအားများခဲ့ပြီး ထိခိုက်ပျက်စီးမှုများရှိခဲ့ခြင်း ဖြစ်သည်။ အင်းတော်ကြီးဒေသမှ ကတ္တရာလမ်းပိုင်းအချို့ ကွဲအက်ခဲ့သလို နေအိမ်များနှင့် ဘာသာရေးအဆောက်အဦးများ၏ အတွင်းပိုင်းတွင် ထိခိုက်ပျက်စီးမှုများရှိခဲ့သည် ဟု ဒေသခံများက ပြောသည်။

(ငလျင်ကြောင့် အင်းတော်ကြီးဒေသ ပျက်စီးမှုအချို့အား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ငလျင်ကြောင့် အင်းတော်ကြီးဒေသ ပျက်စီးမှုအချို့အား မြင်တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

“ဒီတခါ လှုပ်တာကထူးခြားတယ်။ နှစ်မိနစ်လောက်အထိကြာတယ်။ အားလုံးအထိန့်တလန့်ပဲ”ဟု ဟိုပင်မြို့ခံတစ်ဦးက ပြောသည်။ ငလျင်လှုပ်ပြီးနောက် ထုံးစံအတိုင်း မင်းပြောင်းမင်းလွှဲဖြစ် မည့်နမိတ်ဟု ပြည်သူအချို့က လူမှုကွန်ရက်တွင် မှတ်ချက်ပြုရေးသားနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ဟုမ္မလင်းမြို့နယ်ဗဟိုပြု၍ အင်အားအသင့်အတင့်ရှိ​မြေငလျင်လှုပ်

သတင်း

မအူပင်မြို့တွင် ဗုဒ္ဓဟူး​နေ့ နံနက် နံနက်အစောပိုင်းကအင်အားအသင့်အတင့်ရှိ​သော ရစ်ခ်ျတာစကေး ၅ဒဿမ၁အဆင့်ရှိ​မြေငလျင်လှုပ်ပြီး၊ နောက်ဆက်တွဲငလျင်ငယ် ​လေးကြိမ်ထက်မနည်းလှုပ်ခဲ့ကာ ငလျင်​ကြောင့် ဘာသာရေးအဆောက်အအုံအချို့ပျက်စီးမှုရှိခဲ့သည်။

သတင်း

ရန်ကုန်မြို့အနီး ငလျင်အန္တရာယ်ခြိမ်းခြောက်မှုပိုများ လာပြီး ယနေ့ နံနက်အစောပိုင်း၌ မအူပင်မြို့တွင် လုပ်သော ရစ်ခ်ျတာစကေး ၅ဒဿမ၁ ငလျင် ကြောင့် ရန်ကုန်နှင့် ဧရာဝတီတိုင်းမှ မြို့အများ အပြား ငလျင်လှုပ်ရှားမှု သိသိသာသာ ခံစားလိုက်ရသည်။

သတင်း

ရန်ကုန်မြို့တွင်ယနေ့ (မတ်လ ၃ရက်) နံနက် ၁၀ နာရီ ၂ မိနစ်မှ ၁၀နာရီ၅မိနစ်အတွင်း ​မြေငလျင်လှုပ်သွားပြီး ​ဒေသခံပြည်သူများ သိသိသာသာခံစားခဲ့ရသည်။