Connect with us

Hi, what are you looking for?

သတင်း

ကချင်တွင် အင်အားပြင်းငလျင်လှုပ်ခတ်၊ အင်းတော်ဒေသ ထိခိုက်ပျက်စီးမှုအချို့ရှိ

ငလျင်သည် မြေအနက် ၁၀ကီလိုမီတာ(၆ မိုင်ခန့်) တွင် ဗဟိုပြုလှုပ်ရှားခဲ့သည်ဟု USGSက ဆိုသည်။

(ငလျင်ကြောင့် အင်းတော်ကြီးဒေသ ပျက်စီးမှုအချို့အား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ငလျင်ကြောင့် အင်းတော်ကြီးဒေသ ပျက်စီးမှုအချို့အား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ်၊ မြို့နယ်အချို့တွင် ယမန်နေ့(မေ ၃၁ရက်) ညနေက အင်အားပြင်းငလျင်လှုပ်သွားပြီး အင်းတော်ကြီးမြို့နယ်အတွင်း ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ငလျင်သည် မေလ ၃၁ရက် ညနေ ၅ နာရီ ၅၀မိနစ် ခန့်တွင် လှုပ်ရှားခဲ့ခြင်းဟု သိရသည်။

“မြစ်ကြီးနား၊ ဖားကန့်၊ ဟိုပင်၊ အင်းတော်ကြီး အကုန် သိလိုက်တယ်။ ငလျင်က ပြင်းလည်းပြင်းသလို လှုပ်ချိန်လည်း ကြာတယ်”ဟု ကချင်ပြည်နယ် ဟိုပင်မြို့ခံတစ်ဦးက ပြောသည်။

(ငလျင်ကြောင့် အင်းတော်ကြီးဒေသ ပျက်စီးမှုအချို့အား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ငလျင်ကြောင့် အင်းတော်ကြီးဒေသ ပျက်စီးမှုအချို့အား မြင်တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

အဆိုပါ ငလျင်သည် ဟိုပင်မြို့အနီး ဗဟိုပြုပြီး ပြင်းအား ရစ်ခ်ျတာစကေး ၅ ဒဿမ ၈အဆင့်ဖြင့် လှုပ်ခတ်ခြင်းဟု အမေရိကန် လူမိလေ့လာရေးဌာန USGSက ထုတ်ပြန်ထားသည်။ ငလျင်တိုင်းတာရေး နာမည်ကြီး အက်ပလီကေးရှင်းအချို့တွင်လည်း အထင်ပါအတိုင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ငလျင်သည် မြေအနက် ၁၀ကီလိုမီတာ(၆ မိုင်ခန့်) တွင် ဗဟိုပြုလှုပ်ရှားခဲ့သည်ဟု USGSက ဆိုသည်။

(ငလျင်ကြောင့် အင်းတော်ကြီးဒေသ ပျက်စီးမှုအချို့အား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ငလျင်ကြောင့် အင်းတော်ကြီးဒေသ ပျက်စီးမှုအချို့အား မြင်တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

ထို့ကြောင့် ပြင်းအားများခဲ့ပြီး ထိခိုက်ပျက်စီးမှုများရှိခဲ့ခြင်း ဖြစ်သည်။ အင်းတော်ကြီးဒေသမှ ကတ္တရာလမ်းပိုင်းအချို့ ကွဲအက်ခဲ့သလို နေအိမ်များနှင့် ဘာသာရေးအဆောက်အဦးများ၏ အတွင်းပိုင်းတွင် ထိခိုက်ပျက်စီးမှုများရှိခဲ့သည် ဟု ဒေသခံများက ပြောသည်။

(ငလျင်ကြောင့် အင်းတော်ကြီးဒေသ ပျက်စီးမှုအချို့အား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ငလျင်ကြောင့် အင်းတော်ကြီးဒေသ ပျက်စီးမှုအချို့အား မြင်တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

“ဒီတခါ လှုပ်တာကထူးခြားတယ်။ နှစ်မိနစ်လောက်အထိကြာတယ်။ အားလုံးအထိန့်တလန့်ပဲ”ဟု ဟိုပင်မြို့ခံတစ်ဦးက ပြောသည်။ ငလျင်လှုပ်ပြီးနောက် ထုံးစံအတိုင်း မင်းပြောင်းမင်းလွှဲဖြစ် မည့်နမိတ်ဟု ပြည်သူအချို့က လူမှုကွန်ရက်တွင် မှတ်ချက်ပြုရေးသားနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။