Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဇွန်လ ၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️နတ်သံကွင်းရဲစခန်းအပါအဝင် တပ်မဟာ(၃)နယ်မြေရှိ နေရာငါးခုကို တစ်ပြိုင်တည်း တိုက်ခိုက်၊ စစ်ကောင်စီတပ် ၄၀ သေဟုဆို

ကရင်အမျိုးသားစည်းအရုံး(KNU)တပ်မဟာ(၃) နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စွဲရာနေရာ ငါးခုကို တစ်ပြိုင်တည်း တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ထုတ်ပြန်ပါတယ်။ ဇွန်လ ၆ ရက် မနက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(K.N.L.A) တပ်မဟာ(၃) လက်အောက်ခံပူးပေါင်းတပ်ဖွဲ့တို့ဟာ စစ်ကောင်စီရဲ့ ရေတွင်းကုန်းလမ်းခွဲကင်းစခန်း၊ နတ်သံကွင်းမြို့ရဲစခန်း၊ နတ်သံကွင်းတံတားထိပ်ရှိရဲနှင့်ပူးပေါင်းတပ်စခန်း၊ ကွင်းချောင်းဝအရှေ့ခြမ်းရှိတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်စခန်း၊ (၅) ဘုံသတောစခန်းတို့ကို တိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။ တိုက်ပွဲမှာ သုံးနာရီခန့်ကြာမြင့်ခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်သားစုစုပေါင်း ၄၀ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။ ပူးပေါင်းတပ်ဘက်မှ လေးဦး ကျဆုံးခဲ့ကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးပါတယ်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – KNU)

▪️မိုးဗြဲမြို့မှာ စစ်တပ်နဲ့ PNOပြည်သူ့စစ်အင်အား ၄၀၀​ ကျော်နဲ့စစ်​ကြောင်းထိုး၊ ပြည်သူများကို ဖမ်းဆီးထား

ရှမ်း-ကရင်နီဒေသအစပ် မိုးဗြဲမြို့တွင်းသို့စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တို့ဟာ အင်အား ၄၀၀ ခန့်နဲ့ စစ်​ကြောင်းထိုးတပ်စွဲထားပြီး အရပ်သားများကို ဖမ်းဆီးထားတယ်လို့ မိုးဗြဲ PDFတာဝန်ရှိသူက ပြောပါတယ်။ ဇွန်လဆန်းပိုင်းကစလို့ မိုးဗြဲမြို့ပေါ်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုအကြိမ် ၁၀၀ ထက်မနည်း ပြုလုပ်ခဲ့ပြီး မိုးဗြဲမြို့ စည်ကား( ၂ )ရပ်ကွက်ဘုန်းကြီးကျောင်းအတွင်းသို့ ဝင်ရောက်တပ်စွဲထားပါတယ်။ လူငယ် ၁၅ ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

(၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ စစ်​ကောင်စီတပ်က ကရင်နီပြည်နယ်ကိုထိုးစစ်ဆင်​နေ​သောစစ်​ကြောင်းပုံစံများနှင့် ကရင်နီတပ်​ပေါင်းစုမှ KNDF နှင့် မိုးဗြဲPDF တပ်ဖွဲ့ဝသ်အချို့ ။ဓါတ်ပုံ-KNDF၊MBPDF၊ PSအင်ဖိုဂရပ်ဖစ်)
(၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ စစ်​ကောင်စီတပ်က ကရင်နီပြည်နယ်ကိုထိုးစစ်ဆင်​နေ​သောစစ်​ကြောင်းပုံစံများနှင့် ကရင်နီတပ်​ပေါင်းစုမှ KNDF နှင့် မိုးဗြဲPDF တပ်ဖွဲ့ဝသ်အချို့ ။ဓါတ်ပုံ-KNDF၊MBPDF၊ PSအင်ဖိုဂရပ်ဖစ်)

▪️လူသားချင်းစာနာမှုအကူအညီများ လိုအပ်သူများထံ မရောက်ရှိရေး စစ်တပ်က ဖြတ် ၄ ဖြတ် မူဝါဒအသုံးပြုဆောင်ရွက်နေ

စစ်တပ်ရဲ့ တရားမဝင်အာဏာသိမ်းမှု၊ အကြမ်းဖက်ကျူးလွန်မှုများကို ခံစားနေရတဲ့ မြန်မာပြည်သူများဟာ မုန်တိုင်းနောက်ဆက်တွဲ အကျိုးဆက်များကိုပါ ထပ်ဆင့်ခံစားနေရတယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂမျက်နှာစုံညီအစည်းအဝေးမှာ ပြောပါတယ်။ ဆိုင်ကလုန်းမိုခါတိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာများအပါအဝင် လူပေါင်း (၄၅၀) ကျော် အသက်ဆုံးရှုံးခဲ့ပြီး နေအိမ်၊ စာသင်ကျောင်း၊ လမ်း၊ တံတားများအပါအဝင် စိုက်ပျိုးရေးလုပ်ငန်းများ များစွာပျက်စီးဆုံးရှုံးခြင်းအပြင် အစားအစာ၊ ဆေးဝါးနဲ့ ယာယီခိုလှုံဖို့ ယာယီတဲများမရှိခြင်း၊ ဆက်သွယ်ရေးနဲ့ ကူးသန်းသွားလာမှု ပြတ်တောက်ခြင်းတို့ကြောင့် အလွန်ဆိုးရွားသော ဒုက္ခများနဲ့ရင်ဆိုင်နေရတယ်လို့ မြန်မာသံအမတ်ကြီးက အစီရင်ခံပါတယ်။ မြန်မာနိုင်ငံမှာ လူသားချင်း စာနာထောက်ထားမှု အကူအညီလိုအပ်နေသူ (၆) သန်း ခန့် ရှိလာတယ်လို့ သံအမတ်ကြီးက ကုလမျက်နှာစုံညီအစည်းအဝေးမှာ ပြောပါတယ်။

Public Service Announcement

Public Service Announcement

(သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂမျက်နှာစုံညီအစည်းအဝေးတွင်​ပြောကြားစဥ်။ ဓါတ်ပုံ-PMOMTTUN)
(သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂမျက်နှာစုံညီအစည်းအဝေးတွင်​ပြောကြားစဥ်။ ဓါတ်ပုံ-PMOMTTUN)

▪️မုံရွာ ရေကန်စုရွာကို စစ်ကောင်စီတပ်စီးနင်း၊ ကလေးတစ်ဦးအပါအဝင် ဒေသခံခြောက်ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ ရေကန်စုကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ကလေးတစ်ဦးအပါအဝင် ဒေသခံခြောက်ဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံများက ပြောပါတယ်။ မနေ့ မနက်ပိုင်းက မုံရွာမြို့၊ ရောင်တော်ထုံးရွာနဲ့ ရေကန်စုကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးများနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ရေကန်စုကျေးရွာမှ အမျိုးသား သုံးဦး၊ အမျိုးသမီး နှစ်ဦးနဲ့ ကလေးတစ်ဦးကို ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဆိုပါတယ်။ သတ်ဖြတ်ခံရသူတွေထဲ PDF ရဲဘော်အချို့ ပါဝင်တယ်လို့ သိရပေမယ့် အတည်မပြုနိုင်သေးပါဘူး။

(စစ်အုပ်စုက ထုတ်ပြန်ထားသော ရေကန်စုရွာက သိမ်းဆည်းခဲ့သည့် လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - စကစ)
(စစ်အုပ်စုက ထုတ်ပြန်ထားသော ရေကန်စုရွာက သိမ်းဆည်းခဲ့သည့် လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – စကစ)

▪️ကောလင်းနယ်မှာ စစ်ကောင်စီတပ် အရပ်သား ရှစ်ဦးထက်မနည်းကို သတ်ဖြတ်၊ လေးဦးပျောက်ဆုံးနေ

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က အရပ်သား ပြည်သူ ရှစ်ဦးထက်မနည်းကို သတ်ဖြတ်ခဲ့တယ်လို့ Kawlin Revolutionက မနေ့က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ မေလ ၂၈ မှ ဇွန်လ ၃ရက်အတွင်း ခံသာတိုက်နယ်အတွင်း ဝင်ရောက်မွှေနှောက်ကာ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ဖော်ပြပါတယ်။ ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာလို့ ဇွန်လ ၂ နဲ့ ၄ ရက်တို့မှာ တိုက်ပွဲများဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ကောလင်း PDFက မနေ့က ထုတ်ပြန်ပါတယ်။

▪️စစ်ကောင်စီရိက္ခာတင်ယာဉ်တန်း လုံခြုံရေးစစ်ကြောင်းကို မဟာမိတ်အဖွဲ့များ တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီ ရိက္ခာတင်ယာဉ်တန်းရဲ့ လုံခြုံရေးစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ် နှစ်ဦးထက်မနည်းသေဆုံးတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။ မနေ့ ညနေပိုင်းက အင်အား ၂၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကိုင်းတောမစခန်းနဲ့ စက်မှု(၂)ကြားမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်များက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီစစ်ကောက်စီတပ်ဟာ ပခုက္ကူမှ စက်မှု (၂)သို့ ရိက္ခာပို့ဖို့လာတဲ့ စစ်ကောင်စီယာဉ်တန်းအတွက် လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီကင်းပုန်းတပ်ဖွဲ့ဖြစ်တယ်လို့ မြိုင်(ပကဖ)က ဖော်ပြပါတယ်။

(ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၂၁ မတ်လ ၈ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - EPA)
(ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၂၁ မတ်လ ၈ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – EPA)

▪️ဒီပဲယင်းမြို့မရဲစခန်းနဲ့ စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ရှိ မြို့မရဲစခန်းနဲ့ စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိတယ်လို့ Freedom Revolution Force (FRF) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဇွန်လ ၆ ရက် နေ့ခင်းက ဒီပဲယင်းမြို့၊ အနောက်ကွက်သစ်ရပ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်နဲ့ မြို့မရပ်ရှိ ရဲစခန်းတို့ကို မဟာမိတ်အဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့် ဆိုပါတယ်။ စစ်ဆေးရေးဂိတ်အနီး နှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ စစ်သားလေးဦး သေဆုံးတယ်လို့ FRF က ပြောပါတယ်။

ဆက်စပ်သတင်းများ