Connect with us

Hi, what are you looking for?

သတင်း

သရုပ်ဆောင်ဒေါင်းပါဝင်တဲ့ဇာတ်ကား ထိုင်းရုပ်ရှင်ဆုပေးပွဲမှာ ဆုထပ်ရ

ကျောက်ဖရားမှ ဧရာဝတီသို့ ရုပ်သံဇာတ်လမ်းတွဲသည် ပြီးခဲ့သည့်လအတွင်းကပြုလုပ်ခဲ့သော Nine Entertainment ဆုပေးပွဲတွင်လည်း ဆုနှစ်ဆုရရှိခဲ့သည်။

သရုပ်ဆောင်ဒေါင်းပါဝင်တဲ့ဇာတ်ကား ထိုင်းရုပ်ရှင်ဆုပေးပွဲမှာ ဆုထပ်ရ
သရုပ်ဆောင်ဒေါင်းပါဝင်တဲ့ဇာတ်ကား ထိုင်းရုပ်ရှင်ဆုပေးပွဲမှာ ဆုထပ်ရ

ထိုင်းနိုင်ငံ​၏ (၃၇)ကြိမ်မြောက် ရွှေရုပ်မြင်သံကြားဆုပေးပွဲတွင် ဒေါင်းပါဝင်သရုပ်ဆောင်ထားသည့် ကျောက်ဖရားမှ ဧရာဝတီသို့ ဇာတ်ကားက “Best Drama Arts Element Award”ဆု ရရှိခဲ့သည်။

ယင်းရုပ်ရှင်ဆုပေးပွဲကို ဇွန်လ ၁၀ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊အမျိုးသားအနုပညာပြခန်း၊ ယဥ်ကျေးမှုဝန်ကြီးဌာန၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကျောက်ဖရားမှ ဧရာဝတီသို့ ဇာတ်ကားက ဆုတစ်ဆုရရှိခဲ့ခြင်းဖြစ်သည်။

ယင်းဆုပေးပွဲတွင် သရုပ်ဆောင်ဒေါင်းက အဆိုပါဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့သော်လည်းဆုမရရှိခဲ့ဘဲ ထိုင်းအမျိုးသားသရုပ်ဆောင်က ယင်းဆုကိုရရှိခဲ့သည်။

သို့သော်လည်း အဆိုပါဆုပေးပွဲတွင် မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့်ပထမဆုံး ဆန်ခါတင်စာရင်းဝင်ခြင်းဖြစ်သောကြောင့် ဒေါင်းအတွက် ဂုဏ်ယူကြောင်း ၎င်း၏ပရိသတ်များက ပြောသည်။

Public Service Announcement

Public Service Announcement

ယင်းပွဲကို သရုပ်ဆောင်ဒေါင်းက မြန်မာဝတ်စုံဝတ်၍ တတ်ရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အမာခံပရိသတ်များ၏ အမှတ်တရလက်ဆောင် ကြယ်သီး နှင့် မြန်မာပြည်မြေပုံ ရင်ထိုးတို့ကို ဝတ်ဆင်ခဲ့သည်။

သရုပ်ဆောင်ဒေါင်းပါဝင်တဲ့ဇာတ်ကား ထိုင်းရုပ်ရှင်ဆုပေးပွဲမှာ ဆုထပ်ရ
သရုပ်ဆောင်ဒေါင်းပါဝင်တဲ့ဇာတ်ကား ထိုင်းရုပ်ရှင်ဆုပေးပွဲမှာ ဆုထပ်ရ

ကျောက်ဖရားမှ ဧရာဝတီသို့ ရုပ်သံဇာတ်လမ်းတွဲသည် ပြီးခဲ့သည့်လအတွင်းကပြုလုပ်ခဲ့သော Nine Entertainment ဆုပေးပွဲတွင်လည်း ဆုနှစ်ဆုရရှိခဲ့သည်။

ယင်းဇာတ်ကားတွင် ဒေါင်းက မြဝတီမင်းကြီး ဦးစအဖြစ်ပါဝင်ထားပြီး ထိုင်းနိုင်ငံမှ အနုပညာရှင်များနှင့်အတူ သရုပ်ဆောင်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။