Connect with us

Hi, what are you looking for?

သတင်း

သရုပ်ဆောင်ဒေါင်းပါဝင်တဲ့ဇာတ်ကား ထိုင်းရုပ်ရှင်ဆုပေးပွဲမှာ ဆုထပ်ရ

ကျောက်ဖရားမှ ဧရာဝတီသို့ ရုပ်သံဇာတ်လမ်းတွဲသည် ပြီးခဲ့သည့်လအတွင်းကပြုလုပ်ခဲ့သော Nine Entertainment ဆုပေးပွဲတွင်လည်း ဆုနှစ်ဆုရရှိခဲ့သည်။

သရုပ်ဆောင်ဒေါင်းပါဝင်တဲ့ဇာတ်ကား ထိုင်းရုပ်ရှင်ဆုပေးပွဲမှာ ဆုထပ်ရ
သရုပ်ဆောင်ဒေါင်းပါဝင်တဲ့ဇာတ်ကား ထိုင်းရုပ်ရှင်ဆုပေးပွဲမှာ ဆုထပ်ရ

ထိုင်းနိုင်ငံ​၏ (၃၇)ကြိမ်မြောက် ရွှေရုပ်မြင်သံကြားဆုပေးပွဲတွင် ဒေါင်းပါဝင်သရုပ်ဆောင်ထားသည့် ကျောက်ဖရားမှ ဧရာဝတီသို့ ဇာတ်ကားက “Best Drama Arts Element Award”ဆု ရရှိခဲ့သည်။

ယင်းရုပ်ရှင်ဆုပေးပွဲကို ဇွန်လ ၁၀ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊အမျိုးသားအနုပညာပြခန်း၊ ယဥ်ကျေးမှုဝန်ကြီးဌာန၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကျောက်ဖရားမှ ဧရာဝတီသို့ ဇာတ်ကားက ဆုတစ်ဆုရရှိခဲ့ခြင်းဖြစ်သည်။

ယင်းဆုပေးပွဲတွင် သရုပ်ဆောင်ဒေါင်းက အဆိုပါဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့သော်လည်းဆုမရရှိခဲ့ဘဲ ထိုင်းအမျိုးသားသရုပ်ဆောင်က ယင်းဆုကိုရရှိခဲ့သည်။

သို့သော်လည်း အဆိုပါဆုပေးပွဲတွင် မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့်ပထမဆုံး ဆန်ခါတင်စာရင်းဝင်ခြင်းဖြစ်သောကြောင့် ဒေါင်းအတွက် ဂုဏ်ယူကြောင်း ၎င်း၏ပရိသတ်များက ပြောသည်။

Public Service Announcement

Public Service Announcement

ယင်းပွဲကို သရုပ်ဆောင်ဒေါင်းက မြန်မာဝတ်စုံဝတ်၍ တတ်ရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အမာခံပရိသတ်များ၏ အမှတ်တရလက်ဆောင် ကြယ်သီး နှင့် မြန်မာပြည်မြေပုံ ရင်ထိုးတို့ကို ဝတ်ဆင်ခဲ့သည်။

သရုပ်ဆောင်ဒေါင်းပါဝင်တဲ့ဇာတ်ကား ထိုင်းရုပ်ရှင်ဆုပေးပွဲမှာ ဆုထပ်ရ
သရုပ်ဆောင်ဒေါင်းပါဝင်တဲ့ဇာတ်ကား ထိုင်းရုပ်ရှင်ဆုပေးပွဲမှာ ဆုထပ်ရ

ကျောက်ဖရားမှ ဧရာဝတီသို့ ရုပ်သံဇာတ်လမ်းတွဲသည် ပြီးခဲ့သည့်လအတွင်းကပြုလုပ်ခဲ့သော Nine Entertainment ဆုပေးပွဲတွင်လည်း ဆုနှစ်ဆုရရှိခဲ့သည်။

ယင်းဇာတ်ကားတွင် ဒေါင်းက မြဝတီမင်းကြီး ဦးစအဖြစ်ပါဝင်ထားပြီး ထိုင်းနိုင်ငံမှ အနုပညာရှင်များနှင့်အတူ သရုပ်ဆောင်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူမှောင်ခိုကူး ခံရပြီး မြန်မာ-ထိုင်း နယ်စပ်အခြေစိုက် ကျားဖြန့် ဒုစရိုက်ဂိုဏ်းတွေ ဖမ်းဆီး ထိန်းသိမ်းတာ ခံထားရတဲ့ နိုင်ငံသားတွေကို ကူညီကယ်ဆယ်နိုင်ရေးထိုင်းအာဏာပိုင်တွေနဲ့ပူးပေါင်းဆောင်ရွက်မယ့် အထူးအဖွဲ့ တစ်ခုကို ဟောင်ကောင်က စေလွှတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ် နှစ်သစ်ကူး ကာလမှာ ထိုင်းနိုင်ငံကို သွားရောက် လည်ပတ်ဖို့ စီစဉ်ထားတဲ့ တရုတ် ကမ္ဘာလှည့် ခရီးသည်တွေကြား လုံခြုံရေးဆိုင်ရာ ဝေဖန် မေးခွန်းထုတ်မှုတွေ ရှိလာတယ်လို့ ထိုင်းအာဏာပိုင်တွေက ဝန်ခံခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘောဒီးယား အတိုက်အခံ လွှတ်တော် အမတ်ဟောင်း တစ်ဦးကို ပစ်ခတ် လုပ်ကြံပြီး ထွက်ပြေးသွားတဲ့ သံသယ တရားခံကို ကမ္ဘောဒီးယား ပိုင်နက်ထဲမှာ ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

သတင်း

ထိုင်းပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနဟာ အိမ်နီးချင်း မြန်မာနိုင်ငံဆီ ကာလဝမ်းရောဂါဆိုင်ရာ ဆေးဝါးတွေ ထောက်ပံ့ ပေးပို့ခဲ့ကြောင်း အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။