Connect with us

Hi, what are you looking for?

သတင်း

ပုလဲ၊​ ညောင်ကုန်းရွာ ဗုံးကျဲခံရမှု ပြည်သူ ၈ ဦး​သေ ၁၅ ဦးထက်မနည်းဒဏ်ရာရ

ညောင်ကုန်း‌ ​ကျေးရွာကို ယနေ့ (ဇွန်လ ၂၇ရက်) ညနေ ၃နာရီခွဲခန့်တွင် စစ်​ကောင်စီက တိုက်ပွဲမရှိ ၊ PDF များလည်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်​ကြောင်း ဒေသခံများကပြောသည်။

(စစ်​ကောင်စီတပ်က ဂျက်တိုက်​လေယာဥ်ဖြင့် ချင်းပြည်နယ် မင်းတပ်မြို့နယ် တစ်​နေရာသို့ ၂၀၂၃ ​မေလတွင် ဗုံးကျဲတိုက်ခိုက်စဥ်။ဓါတ်ပုံ-မင်းတပ် CDF)
(စစ်​ကောင်စီတပ်က ဂျက်တိုက်​လေယာဥ်ဖြင့် ချင်းပြည်နယ် မင်းတပ်မြို့နယ် တစ်​နေရာသို့ ၂၀၂၃ ​မေလတွင် ဗုံးကျဲတိုက်ခိုက်စဥ်။ဓါတ်ပုံ-မင်းတပ် CDF)

ပုလဲမြို့နယ် ညောင်ကုန်းရွာကို စစ်ကောင်စီကယ​နေ့ည​နေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွင် ၁၅ဦးထက်မနည်း ဒဏ်ရာရပြီး ဘုန်းကြီးတစ်ပါးအပါအဝင် ရှစ်ဦးသေဆုံးကြောင်း ဒေသခံများကပြောသည်။

မိုးချိမ်းတယ်ထင်တာ။ ပေါက်ကွဲသံတွေကြားတော့မှ လေကြောင်းကနေ ပစ်တာ သိရတာ။ ဒဏ်ရာရတာ ၁၅ ယောက်။ သေဆုံးတာ ရှစ်‌ဦး” ဟု မြေပြင်တွင် ရှိနေသူတစ်ဦးက People’s Spring သို့ပြောသည်။

ညောင်ကုန်း‌ ​ကျေးရွာကို ယနေ့ (ဇွန်လ ၂၇ရက်) ညနေ ၃နာရီခွဲခန့်တွင် စစ်​ကောင်စီက တိုက်ပွဲမရှိ ၊ PDF များလည်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်​ကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်မှုတွင် ကျယ်လောင်သော ပေါက်ကွဲသံ ငါးကြိမ်ကြားခဲ့ရသည်ဟု ညောင်ကုန်းရွာဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

နေအိမ်ငါးလုံး၊ ဘုန်းကြီးကျောင်းတစ်ကျောင်းပျက်စီးပြီး သေဆုံးသူများတွင် အမျိုးသမီးနှစ်ဦးပါဝင်သည်ဟု ဒေသခံများကပြောသည်။ ညောင်ကုန်းရွာတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များ၏ မစစ်ရေးလှုပ်ရှားမှုမှမရှိဘဲ စစ်ကောင်စီက ရုတ်တရက် လေကြောင်းမှလာရောက်တိုက်ခိုက်ခြင်းဟုပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်ကပြောသည်။

စစ်​ကောင်စီတပ်​လေ​ကြောင်း​တိုက်ခိုက်မှုစောင့်ကြည့်​သောEAR ချန်​နယ် ​ဖော်ပြချက်အရ အဆိုပါတိုက်​လေယာဥ်သည် တံတာဦး​လေတပ်မှ ည​နေ ၃ နာရီ ၁၄မိနစ် တွင်ထွက်ခွားပြီး ည​နေ ၄ နာရီတွင်ပြန်​လည်ဆင်းသက်သည်ကို ​တွေ့ရသည်။

စစ်​ကောင်စီသည် အာဏာသိမ်းပြီး​နောက် ၂ နှစ်နှင့် ၂ လ (၂၀၂၃ ဧပြီလအထိ့ ) နိုင်ငံတစ်ဝန်း​လေကြာင်းတိုက်ခိုက်မှု ၁၂၄၇ ကြိမ်ပြုလုပ်ခဲ့သည်။​လေ​ကြောင်းတိုက်ခိုက်မှုနှင့် ​လေ​ကြောင်းအကူအညီဖြင့် ပြည်သူများကို သတ်ဖြတ်မှု ၂၇ ကြိမ်ကျူးလွန်ခဲ့ရာ ပြည်သူ ၅၀၈ ဦး​သေဆုံးခဲ့​ကြောင်း ဥာဏ်လင်းသစ် သု​တေသန အဖွဲ့က ထုတ်ပြန်ထားသည်။အဆိုးဝါဆုံး​လေ​ကြောင်းတိုက်ခိုက်မှုမှာ ၂၀၂၃ ဧပြီ ၁၁ ရက်က ကန်ြဘလူမြို့နယ် ပဇီကြီးရွာ​လေ​ကြောင်းတိုက်ခိုက်မှုဖြစ်ပြီး ပြည်သူ ၁၆၈ ဦး​သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။