Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူ ၁.၈ သန်းကျော်ရှိလာဟု UNHCR ​ပြော

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုမတိုင်မီတွင် ကချင်၊ ကရင်၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့မှာ နေရပ်စွန့်ခွာသူများပြားခဲ့သော်လည်း အာဏာသိမ်းမှုအပြီးတွင် ကရင်နီပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့မှာ နေရပ်စွန့်ခွာသူ အများအပြားရှိလာခဲ့သည်။

(စစ်​ပြေး ဒုက္ခသည် အ​ခြေအ​နေပြ အင်ဖိုဂရပ်ဖစ်)
(စစ်​ပြေး ဒုက္ခသည် အ​ခြေအ​နေပြ အင်ဖိုဂရပ်ဖစ်)

▪︎မြေပြင်တွင် အရေအတွက် ပိုမိုများပြားဟု သတင်းရင်းမြစ်များပြော

မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူအရေအတွက် ၁.၈ သန်းကျော်(၁,၈၅၁,၇၀၀)ရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ UNHCR ၏ အစီရင်ခံစာထုတ်ပြန်ချက်အရ သိရသည်။

အပြည်ပြည်ဆိုင်ရာဒုက္ခသည်များနေ့မတိုင်မီ UNHCR ၏ အစီရင်ခံစာတွင် ဖော်ပြခြင်းဖြစ်ပြီး အထက်ပါနေရပ်စွန့်ခွာသူ ၁.၈ သန်းကျော်အနက် ၁.၅ သန်ကျော်(၁,၅၂၃,၇၀၀)မှာ စစ်အာဏာသိမ်းမှုအပြီး ပြည်တွင်းနှင့် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် အရေအတွက်ဖြစ်သည်။ လူဦးရေ ၃၂၈,၀၀၀ မှာ စစ်အာဏာသိမ်းမှုမတိုင်မီ ပြည်တွင်းနေရပ်စွန့်ခွာရခြင်းဖြစ်ကြောင်း UNHCR က ဆိုသည်။

စစ်အာဏာသိမ်းမှုအပြီးတွင် စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာသူအရေအတွက် ၇၆၅,၂၀၀ ဦးဖြင့် အများဆုံးဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စု၏ မီးရှို့ဖျက်ဆီးခံရမှုလည်း အများဆုံးခံစားနေရသည့် ဒေသဖြစ်သည်။ မကွေးတိုင်းမှာ ၂၀၅, ၆၀၀ ဦးဖြင့် နေရပ်စွန့်ခွာသူအရေအတွက် ဒုတိယအများဆုံးဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုမတိုင်မီတွင် ကချင်၊ ကရင်၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့မှာ နေရပ်စွန့်ခွာသူများပြားခဲ့သော်လည်း အာဏာသိမ်းမှုအပြီးတွင် ကရင်နီပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့မှာ နေရပ်စွန့်ခွာသူ အများအပြားရှိလာခဲ့သည်။

Public Service Announcement

Public Service Announcement

UNHCR ၏ အစီရင်ခံစာအရ ကရင်နီပြည်နယ်(ကယား)တွင် ၉၈,၁၀၀ ဦး နေရပ်စွန့်ခွာရသည်ဟု ဖော်ပြထားသည်။ သို့သော် မကြာသေးမီက မြေပြင်တွင် စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူ ကရင်နီပြည်လူမှုအသင်းအဖွဲ့များကွန်ရက် တာ၀န်ရှိသူတစ်ဦးက ဖယ်ခုံ၊ မိုးဗြဲအပါအဝင် ကရင်နီဒေသတွင် ပျမ်းမျှ စစ်ရှောင်(နေရပ်စွန့်ခွာ)အရေအတွက်မှာ ၂၁၀,၀၀၀ ကျော်ရှိနေပြီဟု People’s Spring သို့သည်။

အခြား ပြည်နယ်နှင့် တိုင်းများတွင်လည်း မြေပြင်ရှိ နေရပ်စွန့်ခွာသူအရေအတွက်မှာ UNHCR အစီရင်ခံစာပါအရေအတွက်ထက် ပိုမိုများပြားသည်ဟု သတင်းရင်းမြစ်များက ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

သံပတ်လည် ဟော်လိုပိုက်၊ သံဖိနပ်ခုံနဲ့ အလွယ်တကူတပ်ဆင်နိုင်ရန် ဆောက်လုပ်ပေးထားတယ်လို့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အလားတူ ယနေ့ နိုဝင်ဘာ၁၉ ရက် နံနက်ပိုင်းက ကိုင်းရွာအနီးရှိ ဆီမီးခုံမြို့တွင်လည်း စစ်ကောင်စီတပ်က လက်ဖက်ရည်ဆိုင်များပါဝင်ရောက်ကာ ပြည်သူများ၏ လက်ကိုင်ဖုန်းများအား စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

သတင်း

လမ်း​တွေပိတ်သွားလို့ ​ရောက်ရာမြို့ရွာ​တွေမှာပဲ ပိတ်မိ​နေတဲ့ ပြည်သူ​တွေလည်းရှိ​နေ​သေးပြီး လမ်း​တွေပြန်ဖွင့်မယ့်ရက်ကို​စောင့်​နေကြတယ်လို့ ​ဒေသခံအချို့က ​ပြောပါတယ်။

သတင်း

စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းသည်ယနေ့နံနက်တွင် တန့်တည်မြို့့လမ်းဆုံ စျေးသစ်အနီးရှိ နေအိမ်အချို့နှင့်စာသင်ကျောင်းအချို့ကို မွှေနှောက်ပြီး မီးရှို့ ဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။