Connect with us

Hi, what are you looking for?

News

စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ မယဥ်မြတ်နိုးဦး ထောင် ၃နှစ်ချခံ

ထောင်ဒဏ် ၃ နှစ်ချမှတ်ခံလိုက်ရသည့် မယဥ်မြတ်နိုးဦးသည် ပြီးခဲ့သည့်နှစ် ဧပြီ ၄ ရက်တွင် တာမွေမြို့နယ်သပိတ်စစ်ကြောင်းသို့အသွား အခြားရဲဘော်သုံးဦးနှင့်အတူ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရခြင်းဖြစ်ကြောင်း သမဂ္ဂထုတ်ပြန်ချက်အရ သိရသည်။

(ဓါတ်ပုံ-အကြမ်းဖက်စစ်​ကောင်စီက အလုပ်ကြမ်းနှင့်​ထောင် ၃ နှစ်ချခဲ့​သောမယဥ်မြတ်နိုးဦး)

ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ)မှ ဘဏ္ဍာရေးမှူးဖြစ်သူ မယဉ်မြတ်နိုးဦးကို စစ်ကောင်စီက ထောင်ဒဏ် ၃နှစ် ချလိုက်ကြောင်း သမဂ္ဂက ထုတ်ပြန်သည်။

မယဉ်မြတ်နိုးဦးကို ယမန်နေ့(ဖေဖော်ဝါရီ ၁၇)က အကြမ်းဖက်စစ်ကောင်စီလက်ဝေခံ တာမွေတရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထောင်ဒဏ် ၃ နှစ်ချမှတ်ခံလိုက်ရသည့် မယဥ်မြတ်နိုးဦးသည် ပြီးခဲ့သည့်နှစ် ဧပြီ ၄ ရက်တွင် တာမွေမြို့နယ်သပိတ်စစ်ကြောင်းသို့အသွား အခြားရဲဘော်သုံးဦးနှင့်အတူ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရခြင်းဖြစ်ကြောင်း သမဂ္ဂထုတ်ပြန်ချက်အရ သိရသည်။

၎င်းနှင့်အတူ ဖမ်းဆီးခံခဲ့ရသော အခြားရဲဘော်သုံးဦးမှာလည်း အကြမ်းဖက်စစ်တပ်လက်ဝေခံ မင်္ဂလာတောင်ညွှန့်တရားရုံးမှ ၅၀၅-က ဖြင့် တရားစွဲဆိုခံထားရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အင်းစိန်ထောင်မှာ အကျဉ်းကျခံနေတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင် ဒီနေ့ (ဇူလိုင်လ ၂၀ ) မနက်ပိုင်း မှာ ဆုံးပါးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးအခြေစိုက် တက္ကသိုလ် ၁၅ ကျောင်းမှ ကျောင်းသားသမဂ္ဂများစုပေါင်း၍ ရဲဘော်များနှင့် စစ်ဒဏ်သင့်ပြည်သူများအတွက် ရန်ပုံငွေရှာ​ဖွေမည့် "ရွှေမန်းဆီသို့ ကမ်ပိန်း ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

သတင်း

မဝတ်ရည်အောင်သည် ယခင်က ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် (၃)နှစ် ကနဦး ချမှတ်ခံထားရပြီး လက်ရှိတွင် ထောင်ဒဏ် (၄)နှစ် ထပ်မံချမှတ်ခံရသည့်အတွက် စုစုပေါင်းထောင်ဒဏ် (၇) နှစ် ရှိလာပြီဖြစ်သည်။

သတင်း

မဝတ်ရည်အောင်ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းခံပြီး ထောင် ၃ နှစ်ချခံရကာ အင်းစိန်ထောင်မှာ အကျဉ်းချခံရပါတယ်။