Connect with us

Hi, what are you looking for?

သတင်း

အရှေ့တီမောသမ္မတက NUG နိုင်ငံခြားရေးဝန်ကြီးကို သမ္မတအိမ်တော်၌ လက်ခံတွေ့ဆုံ

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်သမ္မတရာမို့စ်ဟောတာ၏ဖိတ်ကြားချက်အရ ဝန်ကြီးဒေါ်ဇင်မာအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အရှေ့တီမောသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ဇူလိုင် ၁ ရက်တွင် ကျင်းပသော အစိုးရသစ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့လည်း တက်ရောက်ခဲ့သည်။

(အရှေ့တီမော(တီမောလက်စတီ)သမ္မတရာမို့စ်ဟောတာသည် NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကို သမ္မတအိမ်တော်၌လက်ခံ​တွေ့ဆုံစဥ်။ ဓါတ်ပုံ-ရာမို့စ်ဟောတာ​ဖေစ်ဘွခ်)
(အရှေ့တီမော(တီမောလက်စတီ)သမ္မတရာမို့စ်ဟောတာသည် NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကို သမ္မတအိမ်တော်၌လက်ခံ​တွေ့ဆုံစဥ်။ ဓါတ်ပုံ-ရာမို့စ်ဟောတာ​ဖေစ်ဘွခ်)

▪︎ဝန်ကြီးဒေါ်ဇင်မာအောင်က ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကားလက်ဆောင်ပေး

အရှေ့တီမော(တီမောလက်စတီ)သမ္မတ ရာမို့စ်ဟောတာသည် အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကို သမ္မတအိမ်တော်၌ လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်သမ္မတရာမို့စ်ဟောတာ၏ဖိတ်ကြားချက်အရ ဝန်ကြီးဒေါ်ဇင်မာအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အရှေ့တီမောသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ဇူလိုင် ၁ ရက်တွင် ကျင်းပသော အစိုးရသစ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့လည်း တက်ရောက်ခဲ့သည်။

(အရှေ့တီမော(တီမောလက်စတီ)သမ္မတရာမို့စ်ဟောတာသည် NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကို သမ္မတအိမ်တော်၌လက်ခံ​တွေ့ဆုံစဥ်။ ဓါတ်ပုံ-ရာမို့စ်ဟောတာ​ဖေစ်ဘွခ်)
(အရှေ့တီမော(တီမောလက်စတီ)သမ္မတရာမို့စ်ဟောတာသည် NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကို သမ္မတအိမ်တော်၌လက်ခံ​တွေ့ဆုံစဥ်။ ဓါတ်ပုံ-ရာမို့စ်ဟောတာ​ဖေစ်ဘွခ်)

“တီမောလက်စတီနိုင်ငံနဲ့ ကျွန်မတို့မှာ တူညီတဲ့အတွေ့အကြုံတွေ ရှိနေပါတယ်။ အခုမြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေနဲ့ တီမောလက်စတီတွေ့ကြုံခဲ့တာတွေက ဆင်တူပါတယ်။ ကျွန်မဘဝတစ်လျှောက်မှာ နိုင်ငံရေးအကျဥ်းသားဖြစ်ခဲ့သလို အခု တီမောလက်စတီရဲ့ ခေါင်းဆောင်တွေဟာလည်း တော်လှန်ရေးသမားတွေဖြစ်ပါတယ်။ ကျွန်မတို့ဟာ ဒီမိုကရေစီအရေးနဲ့ လွတ်မြောက်ရေးအတွက် ရုန်းကန်ခဲ့ရပါတယ်။ မြန်မာကတော့ အခုထိလည်း ရုန်းကန်နေရဆဲပါ။ ဒီမှာ မြန်မာပြည်သူတွေရဲ့ကိုယ်စား သမ္မတနဲ့တွေ့ဆုံခွင့်ရတာ၊ ဒီမှာ ရောက်ရှိနေတာ ဂုဏ်ယူစရာပါပဲ။ ကျွန်မတို့ ပြည်သူတွေနဲ့အတူ ရပ်တည်ပေးတဲ့ တီမောလက်စတီကို တကယ်ကိုပဲ ကျေးဇူးတင်ပါတယ်။တီမော်လက်စတီရဲ့ခေါင်းဆောင်

မှု၊ အစိုးရအဖွဲ့ရဲ့အားပေးထောက်ခံမှု၊ ဧည့်ဝတ်ကျေပြွန်မှုတွေအတွက် တီမောလက်စတီ ပြည်သူတွေနဲ့ အစိုးရတို့ကို ကျေးဇူးတင်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က သတင်းထောက်များကို ပြောသည်။

Public Service Announcement

Public Service Announcement

အရှေ့တီမောသမ္မတ နှင့် NUG နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံ၌ ဖြစ်ပျက်နေသည့်ကိစ္စရပ်များဆွေးနွေးခဲ့ပြီး သမ္မတရာမို့စ်ဟောတာက မြန်မာပြည်တော်လှန်ရေးကို အားပေး ထောက်ခံကြောင်း၊ နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်အပေါ် အမြင်ချင်းဖလှယ်ခဲ့ကြောင်း ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောသည်။

တွေ့ဆုံမှုအတွင်း ဝန်ကြီးဒေါ်ဇင်မာအောင်က သမ္မတရာမို့စ်ဟောတာအား မြန်မာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကားကို လက်ဆောင်ပေးခဲ့ပြီး သမ္မတ ဟောတာကလည်း အမှတ်တရလက်ဆောင်ပြန်လည် ပေးအပ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။