Connect with us

Hi, what are you looking for?

သတင်း

ပဲခူးခရိုင် ဗကသဒုဥက္ကဋ္ဌကို စစ်တပ် သတ်ဖြတ်လိုက်တယ်လို့ ဗကသ အသိပေး

ပြီးခဲ့တဲ့ မေလ ၂၈ ရက်က ကိုခန့်လင်းနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ဦးကို ထောင်ထဲကနေ စစ်ကောင်စီတပ်က ခေါ်ထုတ်သွားပြီးနောက်အဆက်အသွယ်ပြတ်တောက်သွားတာပါ။

ပဲခူးခရိုင် ဗကသဒုဥက္ကဋ္ဌကို စစ်တပ် သတ်ဖြတ်လိုက်တယ်လို့ ဗကသ အသိပေး
ပဲခူးခရိုင် ဗကသဒုဥက္ကဋ္ဌကို စစ်တပ် သတ်ဖြတ်လိုက်တယ်လို့ ဗကသ အသိပေး

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကော ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဗကသ ကျောင်းသား ကိုခန့်လင်းနိုင်ကို စစ်ကောင်စီက သတ်ဖြတ်လိုက်တယ်လို့ ဗကသများအဖွဲ့ချုပ်က ဒီနေ့မနက်ပိုင်းမှာအသိပေးပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၈ ရက်က ကိုခန့်လင်းနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ဦးကို ထောင်ထဲကနေ စစ်ကောင်စီတပ်က ခေါ်ထုတ်သွားပြီးနောက်အဆက်အသွယ်ပြတ်တောက်သွားတာပါ။

အဆက်အသွယ်ပြန်ရချိန် မှာတော့ ကိုခန့်လင်းနိုင် စစ်တပ်လက်ချက်နဲ့သေဆုံးသွားပြီဆိုတာကို မနေ့ ဇူလိုင်လ ၇ ရက်မှာ သိရတာလို့ ဗကသများအဖွဲ့ချုပ်ကဆိုပါတယ်။

” မနေ့ညကမှ ကိုခန့်လင်းနိုင် ကျသွားပြီ ဆိုတဲ့ သတင်းကို ကြားရတာပါ။ ကျွန်တော်လည်း မယုံနိုင်လို့ မဟုတ်ပါစေနဲ့ ဆုတောင်းနေတာ ဆုတောင်းမပြည့်ခဲ့ဘူး။ ဒီမနက် ဗကသအဖွဲ့ချုပ်မှာလည်း ကိုခန့်လင်းနိုင် ကျသွားတဲ့ သတင်း တင်ထားတာ တွေ့ပါတယ်။ ဖြစ်စဥ်အသေးစိတ်ကိုတော့ သေချာမသိရသေးဘူး။ စုံစမ်းနေကြတုန်းပါပဲ ” လို့ တော်လှန်ရေးအင်အားစုမှ ကျောင်းသားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပဲခူးခရိုင် ဗကသ ဒုဥက္ကဋ္ဌ ကိုခန့်လင်းနိုင်ကို စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အတွင်းဖမ်းဆီးခဲ့တာပါ။

အဲဒီနောက်အကြမ်းဖက်ပုဒ်မနဲ့ ထောင်ဒဏ် ၁၅ နှစ်ချထားတာဖြစ်ပါတယ်။

မုံရွာထောင်မှာလည်း ဗကသ ကျောင်းသား ကိုနိုင်ထွန်းဦးကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ထောင်ကနေ ခေါ်ထုတ်သွားပြီး ဒီနေ့ထိ အဆက်အသွယ်ပြတ်တောက်နေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊စစ်တောင်မြစ်အရှေ့ဘက်ကမ်းမှာတိုက်ပွဲဆက်ဖြစ်နေတယ်လို့ ရေတာရှည်မြို့နယ်အခြေစိုက် PDF (၃၅၀၄)တပ်ရင်းက ဇွန်လ ၇ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၉)နယ်မြေ ဖားကန့်မြို့နယ် လိုင်ဆိုင်းဒေသကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ကျောမြို့က ဂိတ်စခန်းတိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးနဲ့ တုံ့ပြန်ပစ်ခတ်လို့ ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကျောမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

Facebook