Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (ဇူလိုင် ၉ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎KNU နယ်မြေမှာ ၆ လအတွင်း တိုက်ပွဲ ၂၅၀၀ ခန့်ဖြစ်၊ အရာရှိ ၂၀ ကျော် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆၀၀ ကျော်သေဆုံးဟု ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေများမှာ ၂၀၂၃ ခုနှစ် ပထမ (၆) လအတွင်း တိုက်ပွဲပေါင်း ၂၅၀၀ ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆၀၀ ကျော်သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ ထုတ်ပြန်ပါတယ်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူး (၅)ဦး၊ ဒုရင်းမှူး (၅)ဦး၊ ဗိုလ်ကြီး (၉)ဦး၊ ဗိုလ် (၄)ဦး၊ အရာခံဗိုလ် (၅)ဦး အပါအဝင် စုစုပေါင်း (၂၆၃၂) ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ (၇၆)ဦး ကျဆုံးခဲ့ပြီး (၂၅၇)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။ KNUနယ်မြေများအတွင်း တိုက်ပွဲများ နေ့စဉ် မပြတ် ဖြစ်ပွားလျှက်ရှိပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များက စစ်ရာဇဝတ်မှုများနဲ့ လူ့အခွင့်ရေး ချိုးဖောက်မှု ပုံစံအမျိုးမျိုးကို ကျုးလွန်နေတယ်လို့ ထုတ်ပြန်ပါတယ်။

▪︎လူ့အခွင့်အရေးကောင်စီမှာ အာဏာသိမ်းစစ်တပ်ကို ရှုတ်ချမှု၊ အရေးယူဖို့ တောင်းဆိုမှုများ အရှိန်မြင့်လာဟု NUG ဝန်ကြီးပြော

ကျင်းပနေဆဲ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအပါအဝင် တာ၀န်ရှိသူများရဲ့ ပြောကြားချက်၊​ ရှုတ်ချမှုများနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူလုပ်ဆောင်ဖို့ တောင်းဆိုချက်များ အရှိန်မြင့်လာတယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။ ၅၃ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးVolker Turk နဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးအစီရင်ခံစာတင်သွင်းသူသောမက်စ်အန်ဒရူးစ်တို့ အစီရင်ခံစာတွေ တင်သွင်းခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ (အာဏာသိမ်းစစ်တပ် ကျူးလွန်နေသော) လူ့အခွင့်အရေးဆိုင်ရာ၊ ရာဇဝတ်မှုဆိုင်ရာ၊ အကြမ်းဖက်မှုဆိုင်ရာ အမှုများဟာ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ သတ်မှတ်ချက်များ၊ နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေများကို ဆိုးရွားစွာချိုးဖောက်တဲ့အဆင့် ရောက်ရှိနေပြီလို့ ကုလထိပ်တန်းအရာရှိတွေက ရှုမြင်ကြပါတယ်။ တဆက်တည်းမှာ အထက်ပါကုလသမဂ္ဂထိပ်တန်းအရာရှိများက မြန်မာပြည်သူများရဲ့ လက်ရှိတိုက်ပွဲဝင်နေမှုအပေါ် လေးစားဂုဏ်ယူချီးကျူးကြပြီး နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ လက်ရှိ အခြေအနေဆိုးများကို အမြန်ဆုံးရပ်တန့်နိုင်ဖို့ အရေးယူလုပ်ဆောင်မှုများ အခုထက်ပိုမိုပြင်းထန်စွာ လုပ်ဆောင်ဖို့ အချိန်ကျရောက်နေပြီလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

▪︎စစ်​ကောင်စီရဲ့ နေပြည်​တော်ကို တန်ပြန်ထိုးစစ်အတွက်ပြင်ဆင်​နေဟု KNDF ဥက္ကဌ ခွန်းဘီထူး​ပြော

စစ်ကောင်စီရဲ့ နေပြည်တော်ကို တန်ပြန်ထိုးစစ်အတွက် စစ်ဆင်ရေးများ ပြင်ဆင်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဥက္ကဌ ခွန်းဘီထူးက ပြောပါတယ်။ လွန်ခဲ့တဲ့ သုံးလကစလို့ ကရင်နီဒေသ(အထူးသဖြင့် ပင်လောင်း၊ဖယ်ခုံဘက်)မှ မြေပြင် အင်အား ၁,၀၀၀ ကျော် အပြင် လေကြောင်းမှတဆင့် နေပြည်တော်ကို ကာကွယ်ဖို့ စစ်ကောင်စီက အပြင်းအထန်ထိုးစစ်ဆင်ခဲ့ပါတ​ယ်။ အခုအချိန်မှာ ခုခံကာကွယ်နိုင်ရုံမဟုတ်တော့ဘဲ အခုထက် ပိုကောင်းတဲ့ စစ်ဆင်ရေးတွေအတွက် ပြင်ဆင်နေတယ်လို့ KNDF ဥက္ကဌက အသိပေးပြီး အဲဒီအတွက် မောင်းပြန်အလက် ၁၀၀ ဖြည့်တင်းနိုင်ဖို့ ပြည်သူများ ပူးပေါင်းပါဝင်အားဖြည့်ဖို့ မေတ္တာရပ်ခံပါတယ်။

▪︎ကျောက်တံခါးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်များ နှစ်ရက်ဆက်တိုက်ပွဲဖြစ်

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ ကျေးရွာများသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်များကြား နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများတယ်လို့ တောင်ပိုင်းစစ်ဒေသခွဲ(၂)၊ အထူးစစ်ဆင်ရေးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ကျောက်တံခါးမြို့နယ် နံဇရွာနဲ့ ပေါက်ပင်ကုန်းကျေးရွာများဘက်သို့ အင်အား ၁၅၀ ဝန်းကျင်နဲ့ ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်ကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များက နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၂၅ ဦးဝန်းကျင် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူအများအပြားရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီစစ်ကောင်စီတပ် စစ်ကြောင်းဟာ တိုက်ခိုက်ခံရပြီး အထိနာသွားလို့ ဒီနေ့ မနက်ပိုင်းမှာ နံဇရွာအရှေ့ဘက် စဥ်းအိုးလဟာကျေးရွာသို့ဝင်ရောက်ကာ ပြည်သူ့အိုးအိမ်များကို မီးရှို့ဖျက်ဆီးကာ တပ်ပြန်ဆုတ်နေတယ်လို့ သိရပါတယ်။

(တိုက်ပွဲဖြစ်ပွားပြီးနယ်​မြေရှင်းရာစစ်တပ်ထံမှသိမ်းဆည်းရရှိ​သော ခဲယမ်းအချို့ နှင့် စစ်ကောင်စီတပ်ပြန်ဆုတ်ချိန် ဇူလိုင် ၉ ရက်နံနက်ပိုင်းက စဥ်းအိုးလဟာရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးနေစဥ်။ဓါတ်ပုံ-​ပေးပို့)
(တိုက်ပွဲဖြစ်ပွားပြီးနယ်​မြေရှင်းရာစစ်တပ်ထံမှသိမ်းဆည်းရရှိ​သော ခဲယမ်းအချို့ နှင့် စစ်ကောင်စီတပ်ပြန်ဆုတ်ချိန် ဇူလိုင် ၉ ရက်နံနက်ပိုင်းက စဥ်းအိုးလဟာရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးနေစဥ်။ဓါတ်ပုံ-​ပေးပို့)

▪︎လိုင်လင်းပီမြို့တိုက်ပွဲ စစ်ကောင်စီတပ် လေးဦးသေ၊ ဒဏ်ရာရသူများရှိဟု CDF MARA ​ပြော

ချင်းပြည်နယ် မတူပီမြို့နယ် လိုင်လင်းပီမြို့မှာ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေးဦးသေဆုံးကာ ငါးဦးထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်-မာရာ(CDF-MARA)ပြော​ရေးဆိုခွင့်ရှိသူက ​ပြောပါတယ်။ မနေ့ နေ့ခင်းက CDF-MARA ထိန်းချုပ်နယ်မြေဖြစ်တဲ့ အမှတ်(၃)တပ်ရင်းနယ်မြေ လိုင်လင်းပီမြို့ပေါ်မှာ နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့တာပါ။ တိုက်ပွဲဖြစ်ရခြင်းမှာ စစ်ကောင်စီက ပြည်သူများကို ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မူးယစ်ရမ်းကားပြီး သေနတ်များ ရမ်းသန်းပစ်ဖောက်ခြင်း ပြုလုပ်နေတာကြောင့်ဖြစ်တ​ယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး လက်နက်ငယ်များ အဆင်ခြင်မဲ့ပစ်ခတ်ခြင်းကြောင့် အရပ်သားပြည်သူ အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးကာ နေအိမ် နှစ်လုံး မီးလောင်ပြာကျခဲ့တယ်လို့ CDF-MARA က ဖော်ပြပါတ​ယ်။

(CDF-Mara တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-CJ)
(CDF-Mara တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-CJ)

▪︎နွားထိုးကြီးမှာ တိုက်ပွဲပြန်ဖြစ်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သားငါးဦးထက်မနည်း သေဆုံးနိုင်တယ်လို့ မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း Natogyi People Defence Force အဖွဲ့က ပြောပါတယ်။ မနေ့က မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်အစပ် ယုန်ထိုးကျေးရွာနဲ့ ပဲကြီးခင်းကျေးရွာကြားမှာ အင်အား ၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို NPDFရဲ့ ဗိုလ်တွံတေး ဦးဆောင်တဲ့အဖွဲ့နဲ့ ထိပ်တိုက်တွေ့ကာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ စစ်အုပ်စုဘက်က သေဆုံးထိခိုက်မှုရှိခဲ့ပေမယ့် NPDF ဘက်က ဒရုန်းတစ်စီးအပါအဝင် ပစ္စည်းဆုံးရှုံးမှုအချို့ ရှိတယ်လို့ သိရပါတယ်။

(နွားထိုးကြီးနှင့် မြင်းခြံမြို့နယ်တို့ကို Google Map တွင်​တွေ့ရမှု)
(နွားထိုးကြီးနှင့် မြင်းခြံမြို့နယ်တို့ကို Google Map တွင်​တွေ့ရမှု)

▪︎က​လေးငယ်အပါအဝင် ပြည်သူသုံးဦးကို သတ်ဖြတ်ခဲ့​တဲ့စစ်​ကြောင်းကို PDFများတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ကလေးတစ်ဦးအပါအဝင် ပြည်သူသုံးဦးကို သတ်ဖြတ်သွားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှာ ခြောက်ဦးထက်မနည်း ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၇၊ တပ်ရေးဗိုလ်က ပြောပါတယ်။ မနေ့ မနက်ပိုင်းက ယင်းမာပင်မြို့ထဲမှ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မြို့အထွက်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီစစ်ကောင်စီတပ် စစ်ကြောင်းဟာ ဇူလိုင် ၆ ရက်က အင်ကြင်းတောင်အနီးမှာ ကလေးငယ်တစ်ဦးနဲ့ ပြည်သူ နှစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။