Connect with us

Hi, what are you looking for?

သတင်း

ပုဂံပြည်ဘီလူးတပ်၏ ယာယီခိုလှုံသည့်နေရာအစီးခံရပြီး လက်နက်ရှစ်လက်ဆုံးရှုံး၊ ရဲဘော်တစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

ယမန်နေ့(ဇူလိုင် ၁၃)နံနက် ၄ နာရီခန့်တွင် ညောင်ဦးမြို့နယ် သနပ်ပင်ကျေးရွာအနီးရှိ ပုဂံပြည်ဘီလူးတပ် ယာယီခိုလှုံသည့်နေရာအား စစ်ကောင်စီတပ်မှ အင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။

(သိမ်းဆည်းခံရ​သော လက်နက်ခဲယမ်းများ)
(သိမ်းဆည်းခံရ​သော လက်နက်ခဲယမ်းများ)

ညောင်ဦးခရိုင်အခြေစိုက် ပုဂံပြည်ဘီလူးတပ် (Bagan Ogre Force)၏ ယာယီခိုလှုံသည့်နေရာ စီးနင်းခံရပြီး လက်နက်ရှစ်လက်နှင့် ခဲယမ်းအချို့ဆုံးရှုံးကာ ရဲဘော်တစ်ဦး ပစ်ခတ်ဖမ်းဆီးခံခဲ့ရကြောင်း ၎င်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ယမန်နေ့(ဇူလိုင် ၁၃)နံနက် ၄ နာရီခန့်တွင် ညောင်ဦးမြို့နယ် သနပ်ပင်ကျေးရွာအနီးရှိ ပုဂံပြည်ဘီလူးတပ် ယာယီခိုလှုံသည့်နေရာအား စစ်ကောင်စီတပ်မှ အင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။

“ခုအစီးခံရတဲ့နေရာက ခေတ္တခဏ ပစ္စည်းထားတဲ့နေရာပါ။ အစောင့်နှစ်ယောက်ပဲထားတဲ့နေရာကို ဒလန်သတင်းရသွားပြီး အစီးခံရတာ”ဟု ပုဂံပြည်ဘီလူးတပ်မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

စီးနင်းခံရမှုကြောင့် တပ်ဖွဲ့ပိုင် KIA ထုတ် ပါရီ ခုနစ်လက်၊ ကျည်ဘောက် ၂၄ ခု၊ 7.62 ကျည် ၂၀၀၀ နီးပါး၊ 380 ပစ္စတို တစ်လက်၊ 380 ကျည်နှင့် ၉ မမ ကျည် ၇၀ ကျော်၊ လက်ပစ်ဗုံ ၁၀ လုံးနှင့် အခြား မိုင်းဆက်စပ်ပစ္စည်းများဆုံးရှုံးခဲ့ရာ ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂၀၀၀ ခန့်ရှိနိုင်ကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စီးနင်းခံရချိန်၌ ယာယီခိုလှုံသည့်နေရာရှိ အစောင့်ရဲဘော်နှစ်ဦးအနက် တစ်ဦးမှာ စစ်ကောင်စီတပ်၏ ပစ်ခတ်ဖမ်းဆီးခြင်းခံလိုက်ရပြီး ကျန်တစ်ဦးမှာ လက်မတင်လေးထွက်ပြေးလွတ်မြောက်ခဲ့ရာ စိတ်ချရသည့်နေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပုဂံပြည်ဘီလူးတပ်က အသိပေးသည်။

“သူတို့(စစ်ကောင်စီဝါဒဖြန့်သူများ)တင်ထားတဲ့ ခုနစ်ဦးဆိုတာက အနီးဝန်ကျင် ပြည်သူတွေဖြစ်ဖို့များပါတယ်။ ကျနော်တို့ထဲက တစ်ယောက်ပဲ ပစ်ဖမ်းလို့ မိသွားတာပါ။ တစ်ယောက်က လွတ်ပါတယ်”ဟု ၎င်းတပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

အထက်ပါ တော်လှန်ရေးတပ်ဖွဲ့၏ ယာယီခိုလှုံသည့်နေရာအား စီးနင်းမှုနှင့်စပ်လျဥ်း၍ စစ်ကောင်စီက လူမှုကွန်ယက်ချန်နယ်များမှ ဝါဒဖြန့်ရာတွင် PDF ခုနစ်ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်ကို တွေ့ရသည်။

စစ်ကောင်စီတပ်က တော်လှန်ရေးရဲဘော်များ၏ ယာယီခိုလှုံသည့် တဲတစ်လုံးအား ဝင်စီးချိန်တွင် အနီးဝန်းကျင်အား သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်သည့်အပြင် တဲအချို့ကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း စုံစမ်းသိရသည်။

ပုဂံပြည်ဘီလူးတပ်ဖွဲ့(Bagan Ogre Force)သည် ညောင်ဦးခရိုင် PDF တပ်ရင်း(၅)အဖြစ် NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်အသိ အမှတ် ပြုထားသည့် တပ်ဖွဲ့တစ်ခုဖြစ်ပြီး စစ်ရေးလှုပ်ရှားမှုများကို မန္တလေးတိုင်း၊ ညောင်ဦးခရိုင်နှင့် စစ်ကိုင်း တိုင်းတို့တွင် ဒေသခံတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းလှုပ်ရှားနေသည့် တပ်ဖွဲ့တစ်ခုလည်း ဖြစ် သည်။

ဆက်စပ်သတင်းများ