Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းရှိ စစ်ဘေးရှောင်ကလေးငယ်များ မိုးရာသီဘောလုံးပြိုင်ပွဲ ကျင်းပ

အဆိုပါ အားကစားပြိုင်ပွဲ ကျင်းပနိုင်ရန် ကူညီပေးကြသည့် ပြည်တွင်း၊ပြည်ပ အလှူရှင်များ၊ ရပ်မိရပ်ဖများ၊ ကူညီလုပ်ဆောင်ပေးကြသူများ၊ မြေပြင်အဖွဲ့သားများ အားလုံးကို ကျေးဇူးတင်ဂုဏ်ပြုကြောင်းလည်း S&C အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ - S&C မီးဘေး၊စစ်ဘေး၊ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့
ဓာတ်ပုံ - S&C မီးဘေး၊စစ်ဘေး၊ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင်ကလေးငယ်များအတွက် S&C မီးဘေး၊စစ်ဘေး၊ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က ဦးဆောင်၍ မိုးရာသီ ဘောလုံးပြိုင်ပွဲ ယနေ့ (ဇူလိုင် ၁၅) ကျင်းပပြုလုပ်ပေးခဲ့သည်။

ဓာတ်ပုံ - S&C မီးဘေး၊စစ်ဘေး၊ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့
ဓာတ်ပုံ – S&C မီးဘေး၊စစ်ဘေး၊ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့

ယင်းပြိုင်ပွဲတွင် ဆုရရှိသည့် ကလေးများအတွက် ပထမဆုအဖြစ် ကျပ် ၃သိန်း၊ ဒုတိယဆု ကျပ်၂သိန်း၊ တတိယဆု ကျပ် ၁သိန်း အပြင်ရွှေ ငွေ၊ ကြေး ဆုတံဆိပ်များ၊ အကောင်းဆုံး အားကစားသမားဆုနှင့် ဂိုးသွင်းအများဆုံး ကစားသမားဆုများလည်း ပေးအပ်ခဲ့ကြောင်း S&C အဖွဲ့က ဖော်ပြထားသည်။

“ယခုအချိန် အညာဒေသမှာ စစ်ရှောင်တွေအတွက် ပျော်ရွှင်စရာပွဲဆိုတာ သိပ်ရှားပါးလှပါတယ်။ အထူးသဖြင့် စစ်ရှောင် ကလေးတွေအတွက် စိတ်အပန်းဖြေ ပျော်ပွဲ၊ရွှင်ပွဲဆိုတာ ပိုလို့တောင်ရှားပါးပါတယ်။ စစ်ဘေးကြောင့် စိတ်ဖိစီးမှုများစွာ ခံစားနေရတဲ့ ကလေးများအတွက် မိုးရာသီ အားကစား ဘောလုံးပြိုင်ပွဲလေး ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်”ဟု S&C အဖွဲ့က ဆိုသည်။

ဓာတ်ပုံ - S&C မီးဘေး၊စစ်ဘေး၊ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့
ဓာတ်ပုံ – S&C မီးဘေး၊စစ်ဘေး၊ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့

အဆိုပါ အားကစားပြိုင်ပွဲ ကျင်းပနိုင်ရန် ကူညီပေးကြသည့် ပြည်တွင်း၊ပြည်ပ အလှူရှင်များ၊ ရပ်မိရပ်ဖများ၊ ကူညီလုပ်ဆောင်ပေးကြသူများ၊ မြေပြင်အဖွဲ့သားများ အားလုံးကို ကျေးဇူးတင်ဂုဏ်ပြုကြောင်းလည်း S&C အဖွဲ့က ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။