Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းနယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် အခမဲ့ဆေးခန်း ဖွင့်လှစ်

S&C အဖွဲ့အနေဖြင့် ပိုမိုကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်နိုင်မည့် အစီအစဥ်များလည်း ရှိကြောင်းနှင့် ပြည်သူများမှလည်း လိုအပ်သည့် ဆေးဝါးများကို ဆက်လက်၍ အကူအညီပေးပါရန်လည်း မေတ္တာရပ်ခံခဲ့သည်။

(ဓာတ်ပုံ - S&C မီးဘေး၊ စစ်ဘေး၊ ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့)
(ဓာတ်ပုံ - S&C မီးဘေး၊ စစ်ဘေး၊ ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့)

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် S&C မီးဘေး၊ စစ်ဘေး၊ ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့မှ အခမဲ့ဆေးခန်း ဖွင့်လှစ်ပေးခဲ့ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ အခမဲ့ဆေးခန်းကို ​နိုင်ငံ​တော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်​အောင်ဆန်းစုကြည် ​မွေး​နေ့ အမှတ်တရ ဖွင့်လှစ်​သော ပထမဆုံး​ဆေးခန်းဖြစ်သည်။နေ့စဥ် လူနာ ၂၀ နှင့် ၅၀ ကြား ဆေးကုသမှုများကို CDM ဆရာ၀န်၊ သူနာပြုနှင့် ပရဟိတ ကျန်းမာရေးဝန်ထမ်းများက အလှည့်ကျ ကုသပေးနေကြောင်း S&C အဖွဲ့က ပြောသည်။

(ဓာတ်ပုံ - S&C မီးဘေး၊ စစ်ဘေး၊ ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့)
(ဓာတ်ပုံ – S&C မီးဘေး၊ စစ်ဘေး၊ ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့)

” အရင်က စစ်ဘေးသင့် ပြည်သူတွေဟာ ဆေးကုသဖို့ ခက်ခဲတဲ့ အခြေအနေ ရှိခဲ့ပါတယ်။ စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် တောတွင်းရှောင်တိမ်းရတဲ့ အခါမှာလည်း ရောဂါဝေဒနာ ခံစားရရင်တောင် ဆေးကုသဖို့ နေရာ မရှိ၊ ကုသပေးမဲ့သူ မရှိပါဘူး။ အခုတော့ စစ်ဘေးသင့် ပြည်သူတွေကို ကုသမှုပေးနိုင်လို့ ၀မ်းသာပီတိဖြစ်ရပါတယ်။ S&C အခမဲ့ ဆေးခန်းလေးဟာ သူတို့အတွက် အဖိုးအထိုက်တန်ဆုံး အရာတစ်ခုအဖြစ်လည်း တန်ဖိုးထားကြပါတယ် ” ဟု ယင်းအဖွဲ့က ဆိုသည်။

(ဓာတ်ပုံ - S&C မီးဘေး၊ စစ်ဘေး၊ ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့)
(ဓာတ်ပုံ – S&C မီးဘေး၊ စစ်ဘေး၊ ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့)

ထို့အပြင် S&C အဖွဲ့အနေဖြင့် ပိုမိုကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်နိုင်မည့် အစီအစဥ်များလည်း ရှိကြောင်းနှင့် ပြည်သူများမှလည်း လိုအပ်သည့် ဆေးဝါးများကို ဆက်လက်၍ အကူအညီပေးပါရန်လည်း မေတ္တာရပ်ခံခဲ့သည်။

Public Service Announcement

Public Service Announcement

“တစ်ရက်ကို ၂၀ကနေ ၅၀အထိ အတွင်းလူနာလာပါတယ်။ ရေရှည်ရပ်တည်နိုင်ရေးအတွက် ဘဏ္ဍာငွေ လိုအပ်နေပါတယ်”ဟု S&Cကတာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

ထားဝယ်ဒေသအတွင်း လူသားချင်းစာနာထောက်ထားရေး၊ ပညာရေး လုပ်ငန်းများ ဆောင်ရွက်နေတဲ့ လူငယ် ၃ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တာ ကြားသိရတဲ့အပေါ် ဝမ်းနည်းကြေကွဲကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)က ဒီကနေ့ ထုတ်ပြန်ပါတယ်။