Connect with us

Hi, what are you looking for?

သတင်း

နွေဦးဘဏ်ကို အနိမ့်ဆုံး မတည်ရင်းနှီးငွေ ဒေါ်လာ၅သိန်းဖြင့် စတင်မည်ဟု NUGကြားကာလဗဟိုဘဏ်ထုတ်ပြန်

နွေဦးဘဏ်ကို တည်ထောင်ရာတွင် မတည်ရင်းနှီးရင်းငွေသည် အနိမ့်ဆုံး ဒေါ်လာ ၅ သိန်းဖြစ်ပြီး ဘဏ်အစုရှယ်တစ်စုကို ဒေါ်လာ ၀.၀၀၀၁ ( ၀.၃၁ ကျပ်) ဖြင့် အစုရှယ်ယာပေါင်း တစ်ရာဘီလီယံ သတ်မှတ်ထားသည်ဟုအဆိုပါစည်းမျဉ်းတွင်ဖော်ပြထားသည်။

(​NUG ၏ နွေဦးဘဏ် အမှတ်တံဆိပ်)
(​NUG ၏ နွေဦးဘဏ် အမှတ်တံဆိပ်)

နွေဦးဖွံဖြိုးရေးဘဏ်ကို အနည်းဆုံးမတည်ရင်းနှီး​ငွေအ​မေရီကန်ဒေါ်လာ ၅သိန်းဖြင့် တည်ထောင်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်က ယနေ့ ထုတ်ပြန်လိုက်သည်။

ကြားကာလဗဟိုဘဏ်ခွင့်ပြုချက်ဖြင့်တည်ထောင်မည့် နွေဦးဖွံဖြိုးရေးဘဏ်ကို အမျိုးသားညီညွတ်ရေးအစိုးရက ရှယ်ယာပိုင်ဆိုင်မှု ၅၁ရာခိုင်နှုန်းနှင့် ကနဦးအစုရှယ်ယာဝယ်သူများက ရှယ်ယာ ၄၉ ရာခိုင်နှုန်းဖြင့် စတင်မည်ဟု ကြားကာလဗဟိုဘဏ်က ထုတ်ပြန်သည့် နွေဦးဖွံဖြိုးရေးဘဏ်ဖွဲ့စည်းတည်ထောင်ခြင်းဆိုင်ရာ စည်းမျဉ်းများတွင်ဖော်ပြထားသည်။ နွေဦးဘဏ်၏ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို IPO( Initial Public Offering)စနစ်ဖြင့် ရှယ်ယာကြိုတင်ရောင်းချထားသူများကပိုင်ဆိုင်မည်ဟုသိရသည်။

နွေဦးဘဏ်ကို တည်ထောင်ရာတွင် မတည်ရင်းနှီးရင်းငွေသည် အနိမ့်ဆုံး ဒေါ်လာ ၅ သိန်းဖြစ်ပြီး ဘဏ်အစုရှယ်တစ်စုကို ဒေါ်လာ ၀.၀၀၀၁ ( ၀.၃၁ ကျပ်) ဖြင့် အစုရှယ်ယာပေါင်း တစ်ရာဘီလီယံ သတ်မှတ်ထားသည်ဟုအဆိုပါစည်းမျဉ်းတွင်ဖော်ပြထားသည်။

နွေဦးဘဏ်ကို တည်ထောင်ရာတွင် ဘဏ်တွင် အပ်ငွေအပ်နှံသူနှင့် အများပြည်သူတို့၏ အကျိူးစီးပွားကို အထူးအလေးအနက်ထား ဘဏ်ဝန်ဆောင်မှုဖော်ဆောင်သွားရန်၊ စစ်ကောင်စီဗဟိုဘဏ်ကို စီးဆင်းနေသည့် နိုင်ငံခြားငွေအပါအဝင် ငွေကြေးများကို နွေဦးဘဏ်သို့ စီးဝင်စေခြင်းဖြင့် စစ်ကောင်စီထိန်းချုပ်ထားတဲ့ငွေကြေးစနစ်ကို ဟန့်တားနိုင်ရန်၊ တော်လှန်ရေး ဘဏ္ဍာငွေထောက်ပံ့ခြင်း လုပ်ငန်းကို NUGကိုယ်စားလှယ်အဖြစ် ပံ့ပိုးကူညီရန်နှင့် နွေဦးကာလအလွန်တွင် တိုင်းပြည်ဖွံဖြိုးရေးလုပ်ငန်းများကို ဖွံဖြိုးရေးဘဏ်တစ်ခုနှင့်အညီ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေလမ်းစဉ်နှင့်အညီ ဆောင်ရွက်သွားရန်အတွက်ဖြစ်သည်ဟု NUG၊ ကြားကာလဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

နွေဦးဖွံဖြိုးရေးဘဏ်ကို ဒါရိုက်တာ ၃ ဦးဖြင့်ဖွဲ့စည်းမည်ဖြစ်ပြီး အစုရှယ်ယာရှင်များကို ဘဏ်တည်ထောင်သည့် ပထမနှစ်မှအပနှစ်စဉ်အမြတ်ငွေများထုတ်ပေးမည်ဟုလည်း ကြားကာလဗဟိုဘဏ်ကဆိုသည်။

နွေဦးဘဏ်တွင် ၁လ၊ ၃လ၊ ၆လ၊ ၉လ၊ ၁နှစ် သက်တမ်းရှိသည့် ပုံသေအပ်ငွေစာရင်းကို ကျပ်ငွေနှင့်နိုင်ငံခြားငွေများဖြင့်ဖွင့်လှစ်နိုင်မည်ဟုလည်းပါရှိသည်။

ထိုအပြင်နွေဦးဘဏ်သည် ရွှေများကိုလည်းဝယ်ယူရန် ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်နိုင်သည်ဟုလည်းဆို ထားသည်။ ထိုသို့ဆောင်ရွက်ရာတွင်လည်း ကမ္ဘာရွေဈေးအတိုင်း Gold Certificate (ရွှေဝယ်ယူထားသည့်လက်မှတ်) များထုတ်ပေးခြင်း၊ ရွှေသက်သေခံလက်မှတ်များစုဆောင်းခြင်းရောင်းဝယ်ခြင်းတို့ပါဝင်မည်ဟု​ဖော်ပြထားသည်။ Crypto Currency (USDT)ဖြင့် ဘဏ်လုပ်ငန်းများဆောင်ရွက်မည်ဟုလည်းဆိုထားသည်။ NUG pay နှင့်ချိတ်ဆက်ဆောင်ရွက်မည်ဟုလည်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။