Connect with us

Hi, what are you looking for?

သတင်း

မုဒုံမြို့ ရပ်ကွက်အချို့ ရေကြီးရေလျှံမှုဖြစ်၍ နေအိမ်များ ရွှေ့ပြောင်းရ

ယမန်နေ့ နေ့လယ်ပိုင်းကစတင်ကာ မုဒုံမြို့တွင် မိုးသည်းထန်းစွာရွာသွန်းပြီး တောင်ကျရေများကျဆင်းလာခြင်းကြောင့် မုဒုံမြို့ပေါ်တွင် ရေသုံးပေခန့်အထိမြင့်တက်လာပြီး ရပ်ကွက်နေပြည်သူများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ဆိုသည်။

ဓာတ်ပုံ - MFSD
ဓာတ်ပုံ - MFSD

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့မ(၄)ရပ်ကွက်ရှိ အုတ်ကျင်းရပ်နှင့် မြေနိမ့်ပိုင်းနေရာများရှိ လူနေအိမ်များအတွင်း ရေများဝင်ရောက်၍ နေအိမ်များ ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ နေ့လယ်ပိုင်းကစတင်ကာ မုဒုံမြို့တွင် မိုးသည်းထန်းစွာရွာသွန်းပြီး တောင်ကျရေများကျဆင်းလာခြင်းကြောင့် မုဒုံမြို့ပေါ်တွင် ရေသုံးပေခန့်အထိမြင့်တက်လာပြီး ရပ်ကွက်နေပြည်သူများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ဆိုသည်။

ဓာတ်ပုံ - MFSD
ဓာတ်ပုံ – MFSD

“နေ့လယ် ၂ နာရီလောက်ထဲက မိုးက တောက်လျှောက်ရွာတာပါ။ အခု ရေနိမ့်ပိုင်း ရပ်ကွက်တွေ အကုန်ရေကြီးနေပါပြီ။ လမ်းပေါ်တင် မကဘဲ အိမ်ထဲအထိပါဝင်နေလို့ ပြည်သူအချို့ကို ရွှေ့ပြောင်းပေးထားရပါတယ်။ လတ်တလောတော့ ပြည်သူတွေကို အောင်သိဒ္ဓိဘုန်းကြီးကျောင်းကို ကူညီရွေ့ပြောင်းပေးခဲ့ပါတယ် “ဟု ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ဓာတ်ပုံ - MFSD
ဓာတ်ပုံ – MFSD

လာမည့်နှစ်ရက်အတွင်း မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် မိုးရွာသွန်းမှု မြင့်တက်နိုင်ကြောင်းလည်း မိုးဇလက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“နက်ဖြန်မှ မိုးမရပ်ပဲ ထပ်ရွာရင်တော့ အခြေအနေမကောင်းဘူး။ အခုတောင် အိမ်အောက်ထဲထိ ရေဝင်နေပြီ။နက်ဖြန်သာ ဆက်ရွာရင်တော့ အောက်ထပ်တစ်ထပ်လုံး ရေမြှပ်နိုင်ပါတယ်” ဟု မုဒုံမြို့နေ ပြည်သူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးပြီး ခါးလောက်နီးပါးထိ ရေမြုပ်နေတဲ့ နေရာမှာ ကျင်းပခဲ့တဲ့ ဖိလစ်ပိုင် မင်္ဂလာပွဲ တစ်ခုဟာ လူမှုကွန်ရက်ပေါ်မှာ လူပြောများနေပါတယ်။

သတင်း

နီပေါနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုမှာ ကလေးနှစ်ဦးကို လက်တွဲပြီး ပြေးလာရင်း အသက်ဘေးကနေ ကပ်လွတ်ခဲ့တဲ့ မိခင်တစ်ဦးရဲ့ ရင်ထိတ်စရာ အခြေအနေကို ဗီဒီယိုနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံက နာမည်ကျော် ဂရန်းကန်ညွန် (Grand Canyon) ချောက်ကြီးထဲမှာ ရုတ်တရက် ရေကြီးမှု တစ်ခုကြောင့် တောတောင် ခြေလျင်ခရီးသွား ၁၅ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

သတင်း

ရေဘေးကြုံနေတဲ့ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ လှေတစ်စီးရေစီး နဲ့ မျောပါတိမ်းမှောက်သွားလို့ အမျိုးသားတစ်ဦး ပျောက်ဆုံးနေပါတယ်။