Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမြောက်ရှိ စစ်ကောင်စီစခန်းကုန်းတစ်ခု KIA သိမ်းပိုက်

မူဆယ်လမ်း နမ့်ဖက်ကာအရှေ့ဘက် ခိုမုံးဒေသ ကောင်ရာတောင်ကုန်းပေါ်ရှိ ခလရ(၁၂၃) လက်အောက်ခံတပ်စခန်းကို KIA တပ်ရင်း(၉)တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(KIAတပ်မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ-The New York Time)
(KIAတပ်မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ-The New York Time)

▪️လက်နက်များစွာရဟု ကချင်စစ်ရေးသတင်းရင်းမြစ်ပြော

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းကုန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယမန်နေ့ညနေပိုင်း၌ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

မူဆယ်လမ်း နမ့်ဖက်ကာအရှေ့ဘက် ခိုမုံးဒေသ ကောင်ရာတောင်ကုန်းပေါ်ရှိ ခလရ(၁၂၃) လက်အောက်ခံတပ်စခန်းကို KIA တပ်ရင်း(၉)တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“မနေ့ညက ရှမ်းမြောက်ဘက် စကစစခန်းကုန်းကို KIAက သိမ်းပိုက်နိုင်ခဲ့တယ်။ KIA ရင်း (၉) တပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်လိုက်တယ်။ လက်နက်တွေ အမြောက်အများရရှိ”ဟု ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲမှာ ဇူလိုင် ၁၈ရက် ညနေ ၄နာရီ ၄၀မိနစ်မှ ည ၇နာရီအထိ ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ရှမ်းမြောက်တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

ရှမ်းမြောက်ဒေသခံတစ်ဦးကလည်း နမ့်ဖက်ကာအခြေစိုက် စစ်ကောင်စီ တပ်ရင်း(၁၂၃)ကို လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်တိုက်ခိုက်ခဲ့၍ တိုက်ပွဲပြင်းထန်သကဲ့သို့ နမ့်ဖက်ကာနှင့် မနီးမဝေးဒေသ၌လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြောသည်။ လက်နက်ကြီး၊ လက်နက်ငယ်များ အပြန်အလှန် ပစ်ခတ်ပြီး တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

နမ့်ဖက်ကာရွာရှိ စစ်ကောင်စီတပ်ရင်းကို လာရောက်တိုက်ခိုက်သည့်အဖွဲ့မှာ တအာင်းတပ်မတော်(TNLA) ဖြစ်သည်ဟု ဒေသခံက ပြောကြားသည်။ သို့ရာတွင် TNLA သတင်းပြန်ကြားရေးဌာနမှူး ဒုဗိုလ်မှူးကြီးတာအိုက်ကျော်ကမူ ယမန်နေ့တွင် ၎င်းတို့ တပ်နှင့် တိုက်ပွဲဖြစ်ပွားသည့် သတင်းမရသေးဟု ပြောသည်။

ဇူလိုင် ၁၇ရက်တွင်မူ TNLAနှင့် စစ်ကောင်စီတပ်တို့ ကွတ်ခိုင်မြို့နယ် မန်ပြိန်းနှင့် ကောင်းခမ်းရွာအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က ပြောသည်။

“ကျနော်တို့နေတဲ့နားအထိ သူတို့ရောက်နေတာ။ သူတို့ရောက်နေတာကို ကျနော်တို့က ပြန်လည်ပြီးမှ တိုက်ခိုက်တာဖြစ်တယ်။ အဲဒါ မနက်ပိုင်းပေါ့။ ညနေပိုင်းလည်း အဲဒီဘက်ကို စစ်ကူလာဖို့ ယာဉ်တန်း ပြန်ဆင်းလာတာပေါ့ ဆင်းလာတဲ့ဟာကို ကျနော်တို့က တိုက်ခိုက်တာပေါ့” ဟု ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က ပြောသည်။ ဇူလိုင် ၁၇ရက် တိုက်ပွဲ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့သည်ဟု TNLAက အသိပေးထားသည်။

ကွတ်ခိုင်မြို့နယ် ကောင်ရာကျေးရွာအနီး ယမန်နေ့က ဖြစ်ခဲ့သည့် တိုက်ပွဲ၌ စစ်ကောစီလက်နက်ကြီး ပစ်ခတ်ခဲ့၍ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူများအနက် ကလေးငယ် တစ်ဦးသေဆုံးခဲ့ရသည်ဟု Kachinwaves ကဖော်ပြသည်။ တိုက်ပွဲဖြစ်ရာသို့ နမ့်ဖက်ကာကျေးရွာအခြေစိုက်ခလရ ၁၂၃ စစ်ကောင်စီတပ်ရင်းမှ ရမ်းသမ်းပစ်ကူပေးခဲ့ရာနမ့်ဖက်ကာကျေးရွာ ဇီးဒဘန်ရှိ နေအိမ်တစ်အိမ်ထဲ ကျရောက် ပေါက်ကွဲပြီး မိသားစု (၄) ဦးအား ကျည်စထိမှန်ခဲ့ကြောင်းဖော်ပြထားသည်။

TNLAနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင်လအတွင်း၌ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသနှင့် မူဆယ်မြို့နယ်တို့တွင်လည်း တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်။

ရှမ်းမြောက်ဒေသတွင် KIAနှင့် စစ်ကောင်စီတပ်တို့ ဇူလိုင်လအတွင်း တိုက်ပွဲဖြစ်ပွားမှု မကြာခဏ ဖြစ်ပွားလျက်ရှိသည်။ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများ ပိုလုပ်လာ၍ ရှမ်းမြောက်ဒေသရှိ KIA တပ်နှင့် စစ်ကောင်စီတို့ စစ်ရေးအရှိန်ပိုမြင့်လာနိုင်သည်ဟု KIA သတင်းပြန်ကြားရေးက သတင်းဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။