Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်‌မှ နမ့်ဆန်ယာန်စစ်ကူလာသည့် စစ်ကောင်စီယာဉ်တန်း KIA မိုင်းခွဲတိုက်ခိုက်

ဇူလိုင် ၁၈ရက် နံနက်အစောပိုင်း ၁နာရီ ခွဲခန့်တွင် ဗန်းမော်မှ – နမ့်ဆန်ယာဉ်သို့လာသည့် စစ်ကူယာဉ် လေးစီးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(KIA တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော စစ်ကောင်စီယာဉ်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(KIA တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော စစ်ကောင်စီယာဉ်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

▪️စစ်ကောင်စီယာဉ် တစ်စီးပျက်စီး

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နမ့်ဆန်ယာန်ဒေသတိုက်ပွဲသို့ စစ်ကူလာသည့် စစ်ကောင်စီယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့မနက်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်မှုရှိခဲ့သည်ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဇူလိုင် ၁၈ရက် နံနက်အစောပိုင်း ၁နာရီ ခွဲခန့်တွင် ဗန်းမော်မှ – နမ့်ဆန်ယာဉ်သို့လာသည့် စစ်ကူယာဉ် လေးစီးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ခလရ(၇၈) စစ်ကြောင်းကား လေးစီးအား မနက် ၁နာရီခွဲမှာ KIAက လမ်းမှာ စောင့်ကြို မိုင်းခွဲတိုက်ခိုက်။ ကားတစ်စီးပျက်စီးသွားတယ်”ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဇူလိုင်လဆန်းကတည်းက တိုက်ပွဲဖြစ်ပွားနေသည့်နမ့်ဆန်ယာန်ဒေသသို့ စစ်ကောင်စီတပ်က မြစ်ကြီးနားဘက်မှလည်းကောင်း၊ ဗန်းမော်ဘက်မှလည်းကောင်း စစ်အင်အားများဖြည့်တင်းလျက်ရှိရာ မြစ်ကြီးနား ဗန်းမော်လမ်းတွင် တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားလျက်ရှိသည်။

Public Service Announcement

Public Service Announcement

“ဒီမနက် ၁၁နာရီ ၂၀မှာ တိုက်ပွဲပြင်းထန်တယ်။ ဒီမနက်မှာ ဗန်းမော်လမ်းမှာ (စစ်ကောင်စီတပ်)ဆော်ခံရတယ်”ဟု ကချင်ဒေသခံက ပြောသည်။

ယခု နမ့်ဆန်ယာန်ဒေသတိုက်ပွဲတွင် KIAနှင့်အတူ အခြားတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လာ၍ နမ့်ဆန်ယာန်ဒေသ၌ တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်းကို ဗိုလ်မှူးကြီးနော်ဘူက ယခင်ကတည်းက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။