Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဗန်းမော်‌မှ နမ့်ဆန်ယာန်စစ်ကူလာသည့် စစ်ကောင်စီယာဉ်တန်း KIA မိုင်းခွဲတိုက်ခိုက်

ဇူလိုင် ၁၈ရက် နံနက်အစောပိုင်း ၁နာရီ ခွဲခန့်တွင် ဗန်းမော်မှ – နမ့်ဆန်ယာဉ်သို့လာသည့် စစ်ကူယာဉ် လေးစီးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(KIA တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော စစ်ကောင်စီယာဉ်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(KIA တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော စစ်ကောင်စီယာဉ်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

▪️စစ်ကောင်စီယာဉ် တစ်စီးပျက်စီး

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နမ့်ဆန်ယာန်ဒေသတိုက်ပွဲသို့ စစ်ကူလာသည့် စစ်ကောင်စီယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့မနက်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်မှုရှိခဲ့သည်ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဇူလိုင် ၁၈ရက် နံနက်အစောပိုင်း ၁နာရီ ခွဲခန့်တွင် ဗန်းမော်မှ – နမ့်ဆန်ယာဉ်သို့လာသည့် စစ်ကူယာဉ် လေးစီးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ခလရ(၇၈) စစ်ကြောင်းကား လေးစီးအား မနက် ၁နာရီခွဲမှာ KIAက လမ်းမှာ စောင့်ကြို မိုင်းခွဲတိုက်ခိုက်။ ကားတစ်စီးပျက်စီးသွားတယ်”ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဇူလိုင်လဆန်းကတည်းက တိုက်ပွဲဖြစ်ပွားနေသည့်နမ့်ဆန်ယာန်ဒေသသို့ စစ်ကောင်စီတပ်က မြစ်ကြီးနားဘက်မှလည်းကောင်း၊ ဗန်းမော်ဘက်မှလည်းကောင်း စစ်အင်အားများဖြည့်တင်းလျက်ရှိရာ မြစ်ကြီးနား ဗန်းမော်လမ်းတွင် တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားလျက်ရှိသည်။

Public Service Announcement

Public Service Announcement

“ဒီမနက် ၁၁နာရီ ၂၀မှာ တိုက်ပွဲပြင်းထန်တယ်။ ဒီမနက်မှာ ဗန်းမော်လမ်းမှာ (စစ်ကောင်စီတပ်)ဆော်ခံရတယ်”ဟု ကချင်ဒေသခံက ပြောသည်။

ယခု နမ့်ဆန်ယာန်ဒေသတိုက်ပွဲတွင် KIAနှင့်အတူ အခြားတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လာ၍ နမ့်ဆန်ယာန်ဒေသ၌ တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်းကို ဗိုလ်မှူးကြီးနော်ဘူက ယခင်ကတည်းက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။