Connect with us

Hi, what are you looking for?

သတင်း

အိမ်နီးချင်းနိုင်ငံများ၏ ပြည်တွင်းနိုင်ငံရေးကို နှောက်ယှက်ခြင်းမပြုရန် ချင်းလူမျိုးများအား CNF တိုက်တွန်း

ချင်းလူမျိုးများအတွက် အန္တရာယ်ဖြစ်စေနိုင်သော လုပ်ဆောင်ချက် သို့မဟုတ် လုပ်ဆောင်ချက်မှန်သမျှကို လက်ခံနိုင်ဖွယ်မရှိဟု မှတ်ယူမည်ဖြစ်ပြီး ယင်းအတွက် လိုအပ်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်ဟုလည်း သတိပေးထားသည်။

(မြန်မာ-အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးလာကြသည့် မြန်မာစစ်ဘေးဒုက္ခသည်များအား ၂၀၂၁ နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - REUTERS/Rupak De Chowdhuri)
(မြန်မာ-အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးလာကြသည့် မြန်မာစစ်ဘေးဒုက္ခသည်များအား ၂၀၂၁ နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - REUTERS/Rupak De Chowdhuri)

အိမ်နီးချင်းနိုင်ငံများ၏ ပြည်တွင်းနိုင်ငံရေးကို အနှောင့်အယှက်ဖြစ်စေသော လှုပ်ရှားမှုများမှ ရှောင်ကြဉ်ရန် ချင်းလူမျိုးတစ်ဦးချင်းနှင့် အဖွဲ့အစည်းများကို အားပေးတိုက်တွန်းကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ထုတ်ပြန်သည်။

ဇူလိုင် ၁၆ရက် နေ့စွဲဖြင့် ချင်းအမျိုးသားတပ်ဦးက အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်ထားသည့် ကြေညာချက်ကို Chinland Information Center က ယနေ့တွင် မြန်မာဘာသာဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြည်ပနိုင်ငံများ၏ ID entity ကတ်များကို လိမ်လည်ရယူရန် ကြိုးစားခြင်း၊ သို့မဟုတ် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေနိုင်သော တရားမဝင် လှုပ်ရှားမှုများပြုလုပ်ခြင်းများ ရှောင်ကြဉ်ရန်လည်း CNFက ထုတ်ပြန်သည်။

CNF နှင့် မဟာမိတ်များသည် အိမ်နီးချင်းနိုင်ငံများထံ မူးယစ်ဆေးဝါးများ အထူးသဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု သို့မဟုတ် တရားမဝင်မှောင်ခိုပစ္စည်းများကို သည်းမခံနိုင်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ဖော်ရွေစွာနေထိုင်နိုင်ပြီး လုံခြုံသောပတ်ဝန်းကျင်ရှိစေရေး အာမခံကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ချင်းလူမျိုးများအတွက် အန္တရာယ်ဖြစ်စေနိုင်သော လုပ်ဆောင်ချက် သို့မဟုတ် လုပ်ဆောင်ချက်မှန်သမျှကို လက်ခံနိုင်ဖွယ်မရှိဟု မှတ်ယူမည်ဖြစ်ပြီး ယင်းအတွက် လိုအပ်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်ဟုလည်း သတိပေးထားသည်။

အာဏာသိမ်းပြီးနောက် ချင်းပြည်နယ် ဒေသခံအများအပြားသည် စစ်ကောင်စီရန်ကြောင့် နယ်မြေချင်း စပ်ဆက်နေသည့် အိန္ဒိယနိုင်ငံဘက်သို့ စစ်ဘေးရှောင်ရောက်ရှိလျက်ရှိသည့် အခြေအနေတွင် CNFက ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးဟာ ငြိမ်းချမ်းရေးမဟုတ်၊ ဆွေးနွေးရေးကိစ္စ SCEF ရဲ့မူအတိုင်း အခိုင်အမာရပ်တည်ဟု ထုတ်ပြန်

သတင်း

ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) တပ်ဦးချုပ်နဲ့ တပ်ဖွဲ့ဝင်တွေ ကျဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF)က ဩဂုတ် ၂၂ရက်မှာ ထုတ်ပြန်ခဲ့ပြီး ကျန်ရစ်သူမိသားစုဝင်များ၊ CDF-အရှိုနဲ့တကွ တော်လှန်ရေးရဲဘော်ရဲဘက်များ အားလုံးနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။