Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အိမ်နီးချင်းနိုင်ငံများ၏ ပြည်တွင်းနိုင်ငံရေးကို နှောက်ယှက်ခြင်းမပြုရန် ချင်းလူမျိုးများအား CNF တိုက်တွန်း

ချင်းလူမျိုးများအတွက် အန္တရာယ်ဖြစ်စေနိုင်သော လုပ်ဆောင်ချက် သို့မဟုတ် လုပ်ဆောင်ချက်မှန်သမျှကို လက်ခံနိုင်ဖွယ်မရှိဟု မှတ်ယူမည်ဖြစ်ပြီး ယင်းအတွက် လိုအပ်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်ဟုလည်း သတိပေးထားသည်။

(မြန်မာ-အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးလာကြသည့် မြန်မာစစ်ဘေးဒုက္ခသည်များအား ၂၀၂၁ နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - REUTERS/Rupak De Chowdhuri)
(မြန်မာ-အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးလာကြသည့် မြန်မာစစ်ဘေးဒုက္ခသည်များအား ၂၀၂၁ နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - REUTERS/Rupak De Chowdhuri)

အိမ်နီးချင်းနိုင်ငံများ၏ ပြည်တွင်းနိုင်ငံရေးကို အနှောင့်အယှက်ဖြစ်စေသော လှုပ်ရှားမှုများမှ ရှောင်ကြဉ်ရန် ချင်းလူမျိုးတစ်ဦးချင်းနှင့် အဖွဲ့အစည်းများကို အားပေးတိုက်တွန်းကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ထုတ်ပြန်သည်။

ဇူလိုင် ၁၆ရက် နေ့စွဲဖြင့် ချင်းအမျိုးသားတပ်ဦးက အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်ထားသည့် ကြေညာချက်ကို Chinland Information Center က ယနေ့တွင် မြန်မာဘာသာဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြည်ပနိုင်ငံများ၏ ID entity ကတ်များကို လိမ်လည်ရယူရန် ကြိုးစားခြင်း၊ သို့မဟုတ် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေနိုင်သော တရားမဝင် လှုပ်ရှားမှုများပြုလုပ်ခြင်းများ ရှောင်ကြဉ်ရန်လည်း CNFက ထုတ်ပြန်သည်။

CNF နှင့် မဟာမိတ်များသည် အိမ်နီးချင်းနိုင်ငံများထံ မူးယစ်ဆေးဝါးများ အထူးသဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု သို့မဟုတ် တရားမဝင်မှောင်ခိုပစ္စည်းများကို သည်းမခံနိုင်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ဖော်ရွေစွာနေထိုင်နိုင်ပြီး လုံခြုံသောပတ်ဝန်းကျင်ရှိစေရေး အာမခံကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ချင်းလူမျိုးများအတွက် အန္တရာယ်ဖြစ်စေနိုင်သော လုပ်ဆောင်ချက် သို့မဟုတ် လုပ်ဆောင်ချက်မှန်သမျှကို လက်ခံနိုင်ဖွယ်မရှိဟု မှတ်ယူမည်ဖြစ်ပြီး ယင်းအတွက် လိုအပ်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်ဟုလည်း သတိပေးထားသည်။

အာဏာသိမ်းပြီးနောက် ချင်းပြည်နယ် ဒေသခံအများအပြားသည် စစ်ကောင်စီရန်ကြောင့် နယ်မြေချင်း စပ်ဆက်နေသည့် အိန္ဒိယနိုင်ငံဘက်သို့ စစ်ဘေးရှောင်ရောက်ရှိလျက်ရှိသည့် အခြေအနေတွင် CNFက ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းညီနောင်အဖွဲ့များအနေဖြင့်စစ်ဆင်ရေးဖော်ဆောင်ရာ၌ CNF/CNA နှင့်အတူ ပူးပေါင်းပါဝင်စေချင်သည်ဟုလည်း ဆလိုင်းထက်နီက ပြောကြားသည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

သတင်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

သတင်း

ရွှေရောင်းဝယ်မည့်သူများသည် စစ်ကောင်စီကထုတ်ပေးသည့် စမတ်ကတ်နှင့် ထောက်ခံစာတင်ပြရမည်ဟု စစ်ကောင်စီက ရွှေဆိုင်များကို ကန့်သတ်ထား​ကြောင်း ရွှေဆိုင်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။