Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုအား တကျော့ပြန်တော်လှန်တိုက်ပွဲဝင်ခဲ့သည့် ကရင်နီ ကလလတ တပ်ဖွဲ့ကို စံနမူယူရန် ချင်းတပ် CNFတိုက်တွန်း

လွန်ခဲ့သည့် နှစ် ၃၀ခန့်က စစ်အစိုးရနှင့် အပစ်ရပ်စဲထားပြီး နယ်ခြားစောင့်တပ်ဖွဲ့စည်းမှုကို လက်ခံခဲ့သည့် ကလလတသည် ဇွန်လ ၁၃ရက် မယ်စဲ့တိုက်ပွဲ၌ စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၁ရက်တွင် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မည်ဖြစ်ကြောင်း တရားဝင် အသိပေးထုတ်ပြန်ခဲ့သည်။

(ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြသူများကို ဝန်းရံပေးနေသည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ဖွဲ့ဝင်အချို့အား ၂၀၂၁မတ်လ ၁၃ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြသူများကို ဝန်းရံပေးနေသည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ဖွဲ့ဝင်အချို့အား ၂၀၂၁မတ်လ ၁၃ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

▪️စစ်အုပ်စုနှင့် နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု မပြုရန်လည်း တိုက်တွန်းထား

ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)အနေဖြင့် ပြည်သူ့တော်လှန်ရေး ပြန်လည်ဆင်နွှဲလာခြင်းအပေါ် ချင်းအမျိုးသားတပ်ဦး(CNF)က ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပြီး အဆိုပါတပ်ကို စံနမူနာယူရန် တိုက်တွန်းလိုက်သည်။

လွန်ခဲ့သည့် နှစ် ၃၀ခန့်က စစ်အစိုးရနှင့် အပစ်ရပ်စဲထားပြီး နယ်ခြားစောင့်တပ်ဖွဲ့စည်းမှုကို လက်ခံခဲ့သည့် ကလလတသည် ဇွန်လ ၁၃ရက် မယ်စဲ့တိုက်ပွဲ၌ စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၁ရက်တွင် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မည်ဖြစ်ကြောင်း တရားဝင် အသိပေးထုတ်ပြန်ခဲ့သည်။

“ကလလတသည် စစ်အုပ်စု၏ မြန်မာ့နိုင်ငံရေးအပေါ် ရပ်တည်ချက် သဘောထားအမှန်ကို သိရှိပြီး ယခုကဲ့သို့ စစ်အုပ်စုအား တကျော့ပြန် တော်လှန်တိုက်ပွဲဝင်လာခဲ့သည်ကို စံနမူနာယူလျက် စစ်အုပ်စုနှင့် နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်ကြရန် နှင့် စစ်အာဏာရှင် ဖြုတ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ပြည်သူ့ဘက်မှ ရပ်တည်ပြီး ပူးပေါင်းပါဝင်ကြရန် အလေးအနက် တိုက်တွန်းလိုပေသည်”ဟု CNFက ဇူလိုင် ၃ရက်တွင် ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

နွေဦးတော်လှန်ရေးကာလ တိုင်းပြည်၏ နိုင်ငံရေး စီးပွားရေး၊ လူမှုရေး အကြပ်အတည်းဆုံးအချိန်တွင် ကလလတ၏ တကျော့ပြန် တော်လှန်စစ်သည် နိုင်ငံရေး ယုံကြည်ချက် ခံယူချက် တူညီသော တော်လှန်ရေးအင်အားစုများအတွက် တော်လှန်ရေးအားသစ်တစ်ရပ် ထပ်မံ ရရှိခြင်းဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်သည် မိမိတို့လိုလားသည့် လွတ်လပ်မှု ၊ တန်းတူမှုနှင့် တရားမျှတမှုရှိပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက် အပြည့်အ၀ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးအတွက် ပြည်သူ့တော်လှန်ရေးကို ကလလတ အပါအဝင် ညီနောင်တော်လှန်ရေး မိတ်ဖက်များနှင့်အတူ အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဟုလည်း အသိပေးထုတ်ပြန်ခဲ့သည်။

စာထုတ်ပြန်မှုနှင့်ပတ်သက်ပြီး CNFထံ ဆက်သွယ်မေးမြန်းရာ အဆက်သွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ နေ့စဉ်ဗုံးကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် (၈၁)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး သူမဟာ ပြင်ပလောကနဲ့ အဆက်အသွယ် ပြတ်တောက် ဖြတ်သန်းနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုရဲ့ ရက်စက်မှု၊ အခြေခံ လူ့အခွင့်အရေးအပေါ် ကြီးလေးစွာ ချိုးဖောက်နေမှုကို အထင်အရှား...