Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လူပုဂ္ဂိုလ် ၆ ယောက်နဲ့ အဖွဲ့အစည်း ၁ ခုကို ဥရောပ ကောင်စီ ထပ်မံ အရေးယူဒဏ်ခတ်

အခုဆိုရင် ဥရောပ ကောင်စီဟာ မြန်မာနိုင်ငံက လူပုဂ္ဂိုလ် ၉၉ ဦးနဲ့ အဖွဲ့အစည်း ၁၉ ခုထိကို အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ထားပြီး ဖြစ်ပါတယ်။

လူပုဂ္ဂိုလ် ၆ ယောက်နဲ့ အဖွဲ့အစည်း ၁ ခုကို ဥရောပ ကောင်စီ ထပ်မံ အရေးယူဒဏ်ခတ်
လူပုဂ္ဂိုလ် ၆ ယောက်နဲ့ အဖွဲ့အစည်း ၁ ခုကို ဥရောပ ကောင်စီ ထပ်မံ အရေးယူဒဏ်ခတ်

အာဏာသိမ်း စစ်တပ်နဲ့ ဆက်နွှယ်တဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေကို ဥရောပသမဂ္ဂက ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်နေရာမှာ သတ္တမ အကြိမ်မြောက် အ​ရေးယူဒဏ်ခတ်ပိတ်ဆို့မှု စာရင်းကို ဇူလိုင် ၂၀ မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဥရောပ သမဂ္ဂရဲ့ အရေးယူ ပိတ်ဆို့မှုဆိုင်ရာ မူဝါဒတွေကို အဓိက တာဝန်ယူ ကိုင်တွယ်နေတဲ့ ဥရောပ ကောင်စီက သတ္တမ အကြိမ်မြောက် အရေးယူ ပိတ်ဆို့မှု စာရင်းထဲမှာ မြန်မာနိုင်ငံက လူပုဂ္ဂိုလ် ၆ ဦးနဲ့ အဖွဲ့အစည်း ၁ ခုရဲ့ နာမည်တွေကို ထည့်သွင်းခဲ့ပါတယ်။ အဲဒီ အရေးယူမှုဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ အကြမ်းဖက်မှုတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ထောက်ခံပေးနေတဲ့ လုပ်ရပ်တွေအပေါ် တုံ့ပြန် ချိုးနှိမ်ဖို့ ဖြစ်တယ်လို့လည်း ကောင်စီက ပြောပါတယ်။

အသစ်ထုတ်ပြန်လိုက်တဲ့ အရေးယူ ပိတ်ဆို့မှု စာရင်းမှာ အာဏာသိမ်း စစ်တပ်က ခန့်အပ်ထားတဲ့ ပြည်ထောင်စုအဆင့် ဝန်ကြီး ၃ ဦးလည်း ပါဝင်လာပါတယ်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (SAC)လို့ နာမည်ခံထားတဲ့ စစ်တပ် အုပ်ချုပ်ရေး ယန္တရားထဲက လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးမြင့်ကြိုင်၊ အလုပ်သမား ဝန်ကြီး ဦးပွင့်ဆန်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ SAC အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးအောင်ကျော်မင်းနဲ့ ပိုးရယ် အောင်သိန်းတို့အပြင် SACက ထိန်းချုပ်ထားတဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့ အမှတ် ၂ သတ္တုတွင်း လုပ်ငန်းပါ ဥရောပ ကောင်စီရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ကြုံလာရပါတယ်။

အခုဆိုရင် ဥရောပ ကောင်စီဟာ မြန်မာနိုင်ငံက လူပုဂ္ဂိုလ် ၉၉ ဦးနဲ့ အဖွဲ့အစည်း ၁၉ ခုထိကို အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ အရေးယူ ပိတ်ဆို့မှု စာရင်းမှာ ပါဝင်သူတွေဟာ ဥရောပ သမဂ္ဂ နိုင်ငံတွေမှာရှိတဲ့ ပိုင်ဆိုင်မှုတွေ ဆိုင်းငံ့သိမ်းယူခြင်း ခံရတာ၊ ပြည်ဝင်ခွင့် ပိတ်ပင်ခံရတာမျိုး အရေးယူမှုတွေကို ကြုံလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံသားတွေနဲ့ လုပ်ငန်းတွေကလည်း အရေးယူ ပိတ်ဆို့မှု စာရင်းမှာ ပါဝင်သူတွေနဲ့ ငွေကြေးအရ ဆက်စပ်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်ခွင့် ရှိတော့မှာ မဟုတ်ပါဘူး။

Public Service Announcement

Public Service Announcement

ဥရောပ သမဂ္ဂဟာ မြန်မာနိုင်ငံဆီ လက်နက်နဲ့ စစ်အသုံးအဆောင်တွေ၊ စစ်သုံးအဆင့် ထောက်လှမ်းရေးနဲ့ ဆက်သွယ်ရေး ကိရိယာတွေ တင်သွင်းမှုတွေကိုလည်း ပိတ်ဆို့ထားပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့် ရဲတွေက အမြတ်ထုတ် အသုံးချလာနိုင်တဲ့ စစ်ဘက်သုံး၊ အရပ်ဖက်သုံး ပစ္စည်း ကိရိယာတွေ တင်သွင်းခွင့်ကိုလည်း တားမြစ်ထားပြီး မြန်မာစစ်တပ်နဲ့ ပူးပေါင်း လေ့ကျင့်မှုတွေကိုပါ တားမြစ်ထားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှုအပြီးပြောင်ပြောင်တင်းတင်း ကျူးလွန်နေတဲ့ ရန်လို အကြမ်းဖက်မှု အားလုံးကို ချက်ချင်း ရပ်တန့်ဖို့လည်း ဥရောပ ကောင်စီက ထပ်လောင်း တောင်းဆိုခဲ့ပြီး စစ်တပ်အနေနဲ့ နိုင်ငံတကာ လူသားချင်း စာနာမှု ဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာပြီး စစ်ဘက်၊ အရပ်ဖက် မခွဲခြားဘဲ အလွန်အကျွံ အင်အားသုံး ဖိနှိပ်မှုတွေကို အဆုံးသတ်ရမယ်လို့လည်း သတိပေးသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​ရွှေဗျိုင်းဖြူ ကုမ္ပဏီဟာ အ​ရေးယူ ဒဏ်ခတ်မှု​တွေ​ရှောင်ရှားနိုင်ဖို့ ၂၀၂၃ နှစ်ကုန်ပိုင်းမှာမှ ​ဒေဝါလီ ခံထားတာဖြစ်​ပေမယ့် အ​မေရီကန် အစိုးရရဲ့ အ​ရေးယူပိတ်ဆို့မှုကို မ​ရှောင်လွဲနိုင်ခဲ့ပါဘူး။

သတင်း

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများဖြင့် စိစစ်ဆောင်ရွက်ပြီးစီးခဲ့ပြီးဟုလည်း ဆိုသည်။

သတင်း

လွတ်မြောက်နေသူမှာဗိုလ်ဇာနည်မောင်ဖြစ်ပြီး ဖမ်းဆီးရမိနိုင်ရေး ရှာဖွေနေကြောင်းလည်း IEC က အသိပေးသည်။

သတင်း

နိုဝင်ဘာ ၁၉ ရက်အထိ စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် လွိုင်ကော်မြို့ရှိ အရပ်သား ၆၈ ဦးအထိ သေဆုံးထားကြောင်းလည်း ကရင်နီလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့(KHAI)က ထုတ်ပြန်ထားသည်။