Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

MNDAA တိုင်းရင်းသားတပ်မဟာနှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်

ဇူလိုင် ၁၈ရက် နေ့လယ်ပိုင်းက လားရှိုး မဂန်ရွာအနီးတွင် MNDAA တိုင်းရင်းသား တပ်မဟာ (၆၁၁)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(MNDAA တပ်မဟာ(၆၁၁)သို့ သေနတ်များပေးအပ်ပွဲ ကျင်းပနေသည်ကို ယခင်ကတွေ့ရစဥ်။ ဓာတ်ပုံ - The Kokang)
(MNDAA တပ်မဟာ(၆၁၁)သို့ သေနတ်များပေးအပ်ပွဲ ကျင်းပနေသည်ကို ယခင်ကတွေ့ရစဥ်။ ဓာတ်ပုံ - The Kokang)

▪︎စစ်ကောင်စီတပ်မှ အနည်းဆုံး ငါးဦးသေဟု ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် ကိုးကန့်တပ်မတော်(MNDAA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု MNDAAက ယနေ့ သတင်းထုတ်ပြန်သည်။

ဇူလိုင် ၁၈ရက် နေ့လယ်ပိုင်းက လားရှိုး မဂန်ရွာအနီးတွင် MNDAA တိုင်းရင်းသား တပ်မဟာ (၆၁၁)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်မှ အင်အား ၄၀ကျော်ပါ စစ်ကြောင်းသည် MNDAA တပ်မဟာ(၆၁၁)၏ တပ်ဖွဲ့တစ်ခုသို့ ချဉ်းကပ်လာရာ ယင်းစစ်ကြောင်းကို တားဆီးရန် တပ်ဖွဲ့ငယ်တစ်ခုကို စေလွှတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ၁၀မိနစ်ခန့် ကြာမြင့်ခဲ့သည်ဟု ဖော်ပြသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အနည်းဆုံး ငါးဦးသေဆုံးသို့မဟုတ် ဒဏ်ရာရရှိခဲ့ပြီး MNDAA ဘက်က အသေအပျောက်မရှိဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

MNDAA တိုင်းရင်းသား တပ်မဟာသည် စစ်တပ်အာဏာသိမ်းပြီးပေါ်ပေါက်လာသည့် တပ်မဟာဖြစ်ပြီး ကိုးကန့် လူမျိုးများသာမက တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် စုဖွဲ့ထားသည့် တပ်မဟာဖြစ်သည်။ ယင်းတပ်မဟာသည် လားရှိုး – သိန္နီဒေသများ၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုများ ယခင်ကလည်းရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။