Connect with us

Hi, what are you looking for?

သတင်း

MNDAA တိုင်းရင်းသားတပ်မဟာနှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်

ဇူလိုင် ၁၈ရက် နေ့လယ်ပိုင်းက လားရှိုး မဂန်ရွာအနီးတွင် MNDAA တိုင်းရင်းသား တပ်မဟာ (၆၁၁)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(MNDAA တပ်မဟာ(၆၁၁)သို့ သေနတ်များပေးအပ်ပွဲ ကျင်းပနေသည်ကို ယခင်ကတွေ့ရစဥ်။ ဓာတ်ပုံ - The Kokang)
(MNDAA တပ်မဟာ(၆၁၁)သို့ သေနတ်များပေးအပ်ပွဲ ကျင်းပနေသည်ကို ယခင်ကတွေ့ရစဥ်။ ဓာတ်ပုံ - The Kokang)

▪︎စစ်ကောင်စီတပ်မှ အနည်းဆုံး ငါးဦးသေဟု ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် ကိုးကန့်တပ်မတော်(MNDAA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု MNDAAက ယနေ့ သတင်းထုတ်ပြန်သည်။

ဇူလိုင် ၁၈ရက် နေ့လယ်ပိုင်းက လားရှိုး မဂန်ရွာအနီးတွင် MNDAA တိုင်းရင်းသား တပ်မဟာ (၆၁၁)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်မှ အင်အား ၄၀ကျော်ပါ စစ်ကြောင်းသည် MNDAA တပ်မဟာ(၆၁၁)၏ တပ်ဖွဲ့တစ်ခုသို့ ချဉ်းကပ်လာရာ ယင်းစစ်ကြောင်းကို တားဆီးရန် တပ်ဖွဲ့ငယ်တစ်ခုကို စေလွှတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ၁၀မိနစ်ခန့် ကြာမြင့်ခဲ့သည်ဟု ဖော်ပြသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အနည်းဆုံး ငါးဦးသေဆုံးသို့မဟုတ် ဒဏ်ရာရရှိခဲ့ပြီး MNDAA ဘက်က အသေအပျောက်မရှိဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

MNDAA တိုင်းရင်းသား တပ်မဟာသည် စစ်တပ်အာဏာသိမ်းပြီးပေါ်ပေါက်လာသည့် တပ်မဟာဖြစ်ပြီး ကိုးကန့် လူမျိုးများသာမက တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် စုဖွဲ့ထားသည့် တပ်မဟာဖြစ်သည်။ ယင်းတပ်မဟာသည် လားရှိုး – သိန္နီဒေသများ၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုများ ယခင်ကလည်းရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။