Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် TNLA တပ်ဖွဲ့ဝင်ငါးဦး ဒဏ်ရာရ

TNLAနှင့် စစ်ကောင်စီတပ်တို့သည် ယခု လေကြောင်းတိုက်ခိုက်မှုမခံရမီ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်၊ကျောက်မြို့မြို့နယ်များ၌ ယခုလအတွင်းတိုက်ပွဲ ၆ကြိမ်ထက်မည်းဖြစ်ပွားခဲ့သည်။

(စစ်ကောင်စီတပ်က လားရှိုးမြို့နယ် အီနိုင်းကျေးရွာအနီးရှိ TNLA တပ်စခန်းအား ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - TNLA)
(စစ်ကောင်စီတပ်က လားရှိုးမြို့နယ် အီနိုင်းကျေးရွာအနီးရှိ TNLA တပ်စခန်းအား ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - TNLA)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် အီနိုင်းကျေးရွာအနီးရှိ TNLA တပ်စခန်းအား စစ်ကောင်စီတပ်က ယမန်နေ့တွင် ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခဲ့ရာ TNLA တပ်ဖွဲ့ဝင်ငါးဦး ဒဏ်ရာရခဲ့ကြောင်း TNLAက ယနေ့ သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၇ရက် နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံး ၁၅ လုံးထက်မနည်း လာရောက်ဗုံးကြဲ တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

“တိုက်ပွဲဖြစ်ပွားတာလည်းမရှိဘူး ဒီအတိုင်းပဲ လာရောက်ပစ်ခတ်ပြီးမှ ပြန်သွားတယ်ပေါ့။ သူတို့ ရည်ရွယ်ချက်က ဘာကြောင့်လာတိုက်ခိုက်လဲဆိုတာ မသိဘူး။။သေချာတာကတော့ ကျနော်တို့စခန်းကိုလာပစ်သွားတာတော့ ပြောလို့ရတာပေါ့”ဟု TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှူး ဒုဗိုလ်မှူးကြီးတာအိုက်ကျော်က ပြောကြားသည်။

Public Service Announcement
Public Service Announcement

ထိုသို့တိုက်ခိုက်မှုကြောင့် TNLA တပ်ဖွဲ့ဝင် ငါးဦး ဒဏ်ရာရခဲ့ပြီး မစိုးရိမ်ရကြောင်း၊ ပြည်သူလူထု နေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

TNLAနှင့် စစ်ကောင်စီတပ်တို့သည် ယခု လေကြောင်းတိုက်ခိုက်မှုမခံရမီ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်၊ကျောက်မြို့မြို့နယ်များ၌ ယခုလအတွင်းတိုက်ပွဲ ၆ကြိမ်ထက်မည်းဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်း TNLAက ပြောသည်။ လေကြောင်းတိုက်ခိုက်မှု မခံရမီ ဇူလိုင် ၂၆ရက်က လားရှိုး-သီပေါလမ်းတွင် စစ်ကောင်စီယာဉ်တန်းကို TNLAက တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်ခဲ့ပြီး ယာဉ်တစ် စီး ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။