Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့နယ်ရှိ TNLA တပ်စခန်းကို စစ်ကောင်စီ ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်

TNLAနှင့် စစ်ကောင်စီတပ်တို့သည် ကျောက်မဲ၊ ကွတ်ခိုင်၊မူဆယ်၊ လားရှိုးမြို့နယ်များ၌ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာရာ ယခုလအတွင်းတိုက်ပွဲ ၆ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။

(ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက် နံနက် ၁၁နာရီခွဲခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက မူဆယ်မြို့နယ် နမ့်အွမ်အုပ်စုအတွင်း Mi-35 တိုက်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်နေစဥ်။ ဓာတ်ပုံ - TNLA)
(ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက် နံနက် ၁၁နာရီခွဲခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက မူဆယ်မြို့နယ် နမ့်အွမ်အုပ်စုအတွင်း Mi-35 တိုက်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်နေစဥ်။ ဓာတ်ပုံ - TNLA)

▪️လားရှိုး – သီပေါကြား၌ စစ်ယာဉ်တန်းတိုက်ခိုက်ခံရပြီးနောက် တိုက်ပွဲမရှိသည့်နေရာကို လေကြောင်း တိုက်ခိုက်လာခြင်းဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ တအာင်းတပ်မတော်(TNLA)တပ်စခန်းတစ်ခုကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းပြန်ကြားရေးဌာနမှူး ဒုဗိုလ်မှူးကြီးတာအိုက်ကျော်က အတည်ပြုသည်။

ယနေ့ (ဇူလိုင် ၂၇ရက်) နံနက် ၁၀နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လာရောက်တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

“လားရှိုးကနေ (၁၀)မိုင်လောက်အကွာ ဒေသအခေါ်ဆယ်မိုင်ကုန်းပေါ့။ရှေ့တန်းတပ်စခန်း တစ်ခုရှိတယ်။ အဲဒီမှာ လားရှိုးက ရဟတ်ယာဉ်နဲ့လာရောက် ပစ်ခတ်သွားတာရှိတယ်။ ထိခိုက်မှု အခြေအနေက အသေးစိတ်တော့ မသိရှိရသေးဘူး။ တိုက်ပွဲဖြစ်ပွားတာလည်းမရှိ ဘူး။ ဒီအတိုင်း လာရောက်ပစ်ခတ်ပြီးမှ ပြန်သွားတယ်”ဟု ဒုဗိုလ်မှူးကြီးတာအိုက်ကျော်က ပြောသည်။

ထိုသို့ လေကြောင်းမှလာရောက်တိုက်ခိုက်သည့် အကြောင်းအရင်းကိုမပြောတက်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

TNLAနှင့် စစ်ကောင်စီတပ်တို့သည် ကျောက်မဲ၊ ကွတ်ခိုင်၊မူဆယ်၊ လားရှိုးမြို့နယ်များ၌ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာရာ ယခုလအတွင်းတိုက်ပွဲ ၆ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။

ယမန်နေ့ (ဇူလိုင် ၂၆ရက်)တွင် လားရှိုး- သီပေါလမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်းကို TNLA က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီယာဉ် တစ်စီးထိခိုက်ပျက်စီးပြီး စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်ရှိခဲ့သည်။

“ကျနော်တို့ အဖွဲ့နယ်မြေရှင်းလင်းရေး ကွင်းဆင်းနေတဲ့ အချိန်မှာ သူတို့ယာဉ်တန်း ၈စီးနဲ့လာတယ်။ အဲဒီမှာ တိုးတဲ့အချိန် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်။ယာဉ်တန်းက တစ်စီးကတော့ လက်နက်ကြီးထိမှန်ပျက်စီးသွားတာရှိတယ်။ သူတို့ဘက်က သုံးဦးကျပြီး ငါးဦးလောက် ဒဏ်ရာရတယ်လို့မြေပြင်သတင်းအရ သိရတယ်”ဟု ဒုဗိုလ်မှူးကြီးတာအိုက်ကျော်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မူဆယ် – ကွတ်ခိုင်လမ်း နမ့်အွန်ဒေသ၌ TNLA တပ်ဖွဲ့ဝင်များ ရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခြင်းပြုလုပ်ခဲ့ရာ အရပ်သားသေဆုံးထိခိုက်မှုများရှိခဲ့သည်။

စစ်ကောင်စီတပ်သည် လက်ရှိတွင် စစ်ရေးလှုပ်ရှားမှုများ၊ စစ်ကူဖြည့်တင်းမှုများ ပိုလုပ်ဆောင်လာနေသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

နိုင်ငံတကာ

ဂရိနိုင်ငံမှာ တောမီးတွေကို ငြှိမ်းသတ်ဖို့ ကြိုးစားနေတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ မီးသတ် ရဟတ်ယာဉ် ၂ စီး လေထဲမှာ တိုက်မိရာက ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။