Connect with us

Hi, what are you looking for?

သတင်း

မူဆယ်မြို့အဝင်ဂိတ်ကို စစ်ကောင်စီက ယနေ့ညပိတ်လိုက်ဟု ဒေသခံပြော

ယနေ့နံနက်ပိုင်းမှစ၍ မူဆယ်မြို့အနီး စယ်လန့်ရွာတွင် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ ညပိုင်းအထိ ပစ်ခတ်မှုများ ဆက်ရှိနေသည်ဟု ဆိုသည်။

(၂၀၂၀ မေလ ၁၁ရက်က မူဆယ်မြို့အဝင် တိုးဂိတ် ဗုံးခွဲ တိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - MOI)
(၂၀၂၀ မေလ ၁၁ရက်က မူဆယ်မြို့အဝင် တိုးဂိတ် ဗုံးခွဲ တိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - MOI)

ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့ အဝင်တိုးဂိတ်ကို စစ်ကောင်စီက ယနေ့ညပိုင်း၌ ပိတ်လိုက်ကြောင်း မူဆယ်ဒေသခံက ပြောသည်။

ယနေ့နံနက်ပိုင်းမှစ၍ မူဆယ်မြို့အနီး စယ်လန့်ရွာတွင် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ ညပိုင်းအထိ ပစ်ခတ်မှုများ ဆက်ရှိနေသည်ဟု ဆိုသည်။

“မြို့လုံခြုံရေးအနေနဲ့ ပိတ်တာပါ။ ပစ်တာကတော့ ကွက်ကျားပဲပစ်နေကြတာ။ ပြီးခဲ့တဲ့ ရက်ပိုင်းက မြို့ထဲကို ဝင်ပစ်သွားတာရှိခဲ့တယ်ပြောကြတာ။ အခုအဲဒီလို မဖြစ်အောင်မြို့အဝင်ပေါက် တွေ ပိတ်လိုက်တာလည်းဖြစ်နိုင်တယ်”ဟု မူဆယ်ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

မူဆယ်နယ် စယ်လန့်ကျေးရွာတွင် TNLAနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင် ၂၃ရက် ညနေပိုင်းကလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သုံးဦးသေဆုံးခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ယနေ့တိုက်ပွဲတွင်လည်း စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်က TNLA ရှိရာသို့ ထိုးစစ်ဆင် လာ၍ ယနေ့ နံနက် ၁၀နာရီခန့်မှ ညနေ ၄နာရီကျော်အထိ တိုက်ပွဲဖြစ်ခဲ့ကြောင်း TNLA သတင်းပြန်ကြားရေး အရာရှိက ပြောသည်။

စစ်ကောင်စီတပ်ဘက်က မူဆယ် (၁၀၅)မိုင်နှင့် နမ့်ဖက်ကာဘက်မှ လက်နက်ကြီး ပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟုလည်း TNLAက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။