Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်တွင် စစ်ကောင်စီက ရွာအနီးမိုင်းထောင်ထား၍ ကလေးငယ်အပါအဝင် အမျိုးသမီးသုံးဦး ဒဏ်ရာရ

အဆိုပါ မိန်းကလေးများမှာ မျှစ်ရှာမှိုကောက်သွားစဉ် မိုင်းနင်းမိ ပေါက်ကွဲ ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး (၁၂)နှစ်အရွယ် မိန်းကလေးမှာ စိုးရိမ်ရသည့် ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ် မိုင်းထားသော ကျေးရွာအနီးနေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ် မိုင်းထားသော ကျေးရွာအနီးနေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) ဒူးပလာယာခရိုင်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က ကျေးရွာအနီး၌ မြေမြှုပ်မိုင်းနှင့်တိုက်မိုင်းများ ထောင်ထား၍ (၁၂)နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးအပါအဝင် အမျိုးသမီးသုံးဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင် ၂၉ရက်)နံနက်ပိုင်းတွင် စစ်ကောင်စီ၏ ဝေါ်လေဗျူဟာကုန်းစခန်းမှ ပြည်သူများရှိရာ ကျေးရွာအနီးတွင် ထောင်ထားသော မြေမြှုပ်မိုင်းများကြောင့် ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်၊ အောင်မင်္ဂလာကျေးရွာနေ (၁၂)နှစ်အရွယ် ကလေးငယ်နှင့် ၎င်း၏ အစ်မ (၁၉)နှစ်အရွယ် မိန်းကလေးတို့ ဒဏ်ရာရခဲ့သည်။ ထို့ပြင် (၂၂)နှစ်အရွယ် မိန်းကလေးတစ်လည်း ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement
Public Service Announcement

အဆိုပါ မိန်းကလေးများမှာ မျှစ်ရှာမှိုကောက်သွားစဉ် မိုင်းနင်းမိ ပေါက်ကွဲ ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး (၁၂)နှစ်အရွယ် မိန်းကလေးမှာ စိုးရိမ်ရသည့် ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီတပ်မှ အပြစ်မဲ့ ပြည်သူနေကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း နှင့် မိုင်းများ လိုက်လံထောင်ထားခြင်းကြောင့် နယ်မြေခံပြည်သူများမှာ မိမိတို့၏ ဥယာဉ်ခြံမြေသို့ အလုပ်အကိုင် သွားလာလုပ်ကိုင်ရန် မဝံ့မရဲကြတော့ပဲ စိုးရိမ်ထိတ်လန့်လျှက်ရှိနေကြောင်း KNUဗဟိုက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။