Connect with us

Hi, what are you looking for?

သတင်း

မြောက်ပိုင်းလက်နက်ကိုင် ၄ ဖွဲ့ရဲ့ တပ်ဖွဲ့ဝင် ၂၂ ဦးကို စစ်ကောင်စီ လွှတ်ပေး

အခုလို လွတ်ငြိမ်းပေးရာမှာ နောက်တစ်ကြိမ်ပြစ်မှုကျုးလွန်ရင် ယခင်ကျန်ရှိခဲ့တဲ့ ပြစ်ဒဏ်များပါ ပေါင်းထည့်ကျခံရမယ့် ပုဒ်မနဲ့ စစ်ကောင်စီက လွှတ်ပေးတာပါ။

TNLA တပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ် (ဓာတ်ပုံ − TNLA)
TNLA တပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ် (ဓာတ်ပုံ − TNLA)

ဒီနေ့ ဝါဆိုလပြည့်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းပေးရာမှာ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ရဲ့ တပ်ဖွဲ့ဝင် ၂၂ ဦးကို လွှတ်ပေးလိုက်တယ်လို့ကြေညာထားပါတယ်။

လွှတ်ပေးလိုက်တဲ့ တပ်ဖွဲ့ဝင်တွေဟာ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ၊ ရက္ခိုင့်တပ်တော်(AA) တို့ရဲ့အဖွဲ့ဝင်တွေဖြစ်တယ်လို့စစ်ကောင်စီက ဆိုထားပါတယ်။

၂၂ ဦးအနက် TNLA အဖွဲ့ဝင် ၁၆ ဦး ၊ MNDAA အဖွဲ့ဝင် ၂ဦး ၊ SSPP/SSA ၃ ဦး နဲ့ AA အဖွဲ့ဝင် ၁ ဦးတို့ ပါဝင်တယ်လို့သိရပါတယ်။

အခုလို လွတ်ငြိမ်းပေးရာမှာ နောက်တစ်ကြိမ်ပြစ်မှုကျုးလွန်ရင် ယခင်ကျန်ရှိခဲ့တဲ့ ပြစ်ဒဏ်များပါ ပေါင်းထည့်ကျခံရမယ့် ပုဒ်မနဲ့ စစ်ကောင်စီက လွှတ်ပေးတာပါ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။