Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်က ဖမ်း‌ဆီးလာသည့် အရပ်သား ၁၀ဦးအနက် ရှစ်ဦးကို သတ်ဖြတ်

လူသားတံတိုင်းအဖြစ် ဖမ်းထားသည့် အရပ်သားအမျိုးသားခြောက်ဦး၏ ရုပ်အလောင်းကိုယင်းမာပင်မြို့နယ်မှ မြောက်ယမားချောင်းတံတားပေါ်တွင် စစ်ကောင်စီတပ်က ယနေ့(ဩဂုတ် ၁၆ရက်) နံနက်တွင် စွန့်ပစ်ထားခဲ့ခြင်းဟု သတင်းရရှိသည်။

(စစ်ကောင်စီတပ် စစ်ကြောင့်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်)
(စစ်ကောင်စီတပ် စစ်ကြောင့်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်)

▪️အလောင်းအချို့ကို အများပြည်သူသွားလာနေသည့် ချောင်းကူးတံတားပေါ် စွန့်ပစ်ထား

စစ်ကိုင်းတိုင်း ပုလဲနှင့် ယင်းမာပင်မြို့နယ်အစပ်မှ ဖမ်း‌ဆီးလာသည့် ဒေသခံအရပ်သား ၁၀ဦးအနက် အမျိုးသမီးနှစ်ဦးအပါအဝင် ရှစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ပြီး အလောင်းအချို့ကို အများပြည်သူသွားလာနေသည့် ချောင်းကူးတံတားပေါ် စွန့်ပစ်ထားခဲ့ကြောင်း ယင်းမာပင်မြို့ခံများက ပြောသည်။

လူသားတံတိုင်းအဖြစ် ဖမ်းထားသည့် အရပ်သားအမျိုးသားခြောက်ဦး၏ ရုပ်အလောင်းကိုယင်းမာပင်မြို့နယ်မှ မြောက်ယမားချောင်းတံတားပေါ်တွင် စစ်ကောင်စီတပ်က ယနေ့(ဩဂုတ် ၁၆ရက်) နံနက်တွင် စွန့်ပစ်ထားခဲ့ခြင်းဟု သတင်းရရှိသည်။

“လယ်‌ငေါက်ရွာကနေ ဖမ်းလာတဲ့သူတွေကို ရက်ရက်စက်စက်သတ်သွားတာ။ ယမားချောင်းတံတားပေါ်မှာ ပစ်ထားခဲ့တာပါ။ အမျိုးသမီးနှစ်ဦး အလောင်းကတော့ ရွာမှာ တွေ့တာ”ဟု ယင်းမာပင်ဒေသခံတစ်ဦးက ပြောသည်။

ယမားချောင်းတံတားပေါ်တွင် တွေ့ရသော ရုပ်အလောင်းများမှာ ဦးဖိုးဉာဏ် (၄၈)နှစ် ၊ ဦးဇော်မြင့်ဌေး (၃၄)နှစ်၊ ဦးသိန်းငွေ (၄၄)နှစ် ၊ ဦးဝင်းဇော်ဦး (၄၅)နှစ် ၊ ကိုဇော်မျိုးခိုင် (၂၂) နှစ်နှင့်ဦးကျော်မျိုးဝင်း (၃၈) နှစ်တို့ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ထို့အပြင် အမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းကို ကောက်ယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ် စစ်ကြောင်းသည် ပုလဲမြို့နယ် ငှက်ပျောတောကျေးရွာမှ အမျိုးသားနှစ်ဦး၊ ပုလဲနှင့် မြိုင်မြို့နယ်စပ် စံပြကျေးရွာမှ အမျိုးသားတစ်ဦး၊ပုလဲနှင့် ယင်းမာပင်နယ်စပ် လယ်ငေါက်ရွာမှ အမျိုးသမီးအချို့အပါအဝင် ခုနစ်ဦးအား ဩဂုတ် ၉ရက်တွင် ဖမ်းဆီးသွားခြင်းဟု တော်လှန်ရေးအင်အားစုများက ပြောသည်။

“​ဒီတခေါက်စစ်ကြောင်းထိုးမှုမှာ ရွာတွေထဲဝင်ပြီးချက်ပြုတ်စားသောက်တာတွေရှိသလို လက်နက်ကြီးတွေနဲ့ ထုလို့ သေဆုံးတာတွေလည်းရှိတယ်လို့လည်းသိရပါတယ်။ အသတ်ခံရသူနဲ့ ပျောက်ဆုံးသူတွေဟာ အပြစ်မဲ့ပြည်သူတွေပဲလို့လည်း သိရပါတယ်။”ဟု စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ပြန်ကြားရေးအဖွဲ့က ပြောသည်။

အဆိုပါစစ်ကြောင်းသည် ယခုအခါ ဝမ်ပေါင်ကြေးနီစီမံကိန်း၌ တပ်စွဲကာ အနီးပတ်ရှိကျေးရွာများအား စစ်ကြောင်းထိုးဖျက်ဆီးနေ၍ ကျေးရွာအများအပြားမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဩဂုတ် ၁၅ရက်ကလည်း ဆားလင်းကြီးမြို့နယ် မြန်မာဝမ်ပေါင်ကုမ္ပဏီရှိ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ယင်းမာပင်မြို့နယ် ပုသိမ် – မုံရွာကားလမ်းဘေး၌ စစ်ရှောင်နေရသော (၉)နှစ်သားအရွယ် မောင်ကျော်သီဟ ပွဲချင်းပြီးသေဆုံးပြီး ပြည်သူ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယနေ့ အရပ်သားများ အသတ်ခံရသည်ဟုသောသတင်းကို ကြားသိသော်လည်း အသေးစိတ်မသိရှိရသေးကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။