Connect with us

Hi, what are you looking for?

သတင်း

ပုလဲနယ်ရှိ နာမည်ကြီးပျုစောထီးအင်မထီးရွာမှ ပျူမိသားစုတစ်စု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ထွက်ပြေးလာ

၂၀၂၂ကတစ်ကြိမ် အင်မထီးရွာမှာ ပျူစောထီးမိသားစုတစ်စုထွက်ပြေးလာ၍ ထောက်ပံ့ကြေးပေးကာ ဘေးလွတ်ရာသို့ပို့ဆောင်ခဲ့ကြောင်း ကိုဇော်ထက်က ပြောသည်။

(ပုလဲနယ် အင်းမထီးပျူစောထီးရွာရှိ ဒေသခံများအား စစ်တပ်က ထောက်ပံ့ရေးပစ္စည်းများပေးနေသည်ကို ၂၀၂၂ မတ်လ ၂ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - စကစ)
(ပုလဲနယ် အင်းမထီးပျူစောထီးရွာရှိ ဒေသခံများအား စစ်တပ်က ထောက်ပံ့ရေးပစ္စည်းများပေးနေသည်ကို ၂၀၂၂ မတ်လ ၂ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - စကစ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှ နာမည်ကြီးပျုစောထီးရွာဖြစ်သော အင်မထီးကျေးရွာမှ ပျူမိသားစုတစ်စု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ထွက်ပြေးလာခဲ့ကြောင်း သတင်းရရှိသည်။

အင်မထီးကျေးရွာမှ မိသားစုလေးဦးပါ ပျူမိသားစုတစ်စုသည် သည် ကျေးရွာအတွင်း စစ်ကောင်စီနှင့် အခြားပျူစောထီးများ၏ အကြမ်းဖက်မှုကြောင့် ယမန်နေ့(ဩဂုတ် ၁၈ရက်) ညနေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံသို့ ထွက်ပြေးခိုလှုံလာခြင်းဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။

” အင်းမထီးကို ပျူရွာလုပ်တာကို လက်မခံတဲ့ ဒေသခံတွေဆီ ချိတ်ပြီး ထွက်ပြေးလာတာပါ။ သူတို့လုံခြုံရေးအတွက် စီမံနေကြပါတယ်” ဟု ဦးဇော်ထက်က ပြောသည်။

စစ်ကောင်စီကို တော်လှန်ရန် ရွာကို စွန့်ခွာခဲ့သော အင်မထီးရွာသားအချို့ထံ အဆိုပါ ပျူမိသားစုက ချိတ်ဆက်ပြီး ထွက်ပြေးလာခြင်းဟု သိရသည်။

Public Service Announcement

Public Service Announcement

အင်မထီးရွာသည် အိမ်ခြေ ၅၀၀ခန့်ရှိပြီး စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် လူထုက လက်နက်ကိုင်တော်လှန်ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်မထီးရွာထဲ၌ တပ်စွဲခဲ့သည်။

ထို့နောက်ပိုင်းတွင် ပျူစောထီးရွာအဖြစ် စည်းရုံးပြီး ဒေသခံတော်လှန်ရေးအင်အားစုများကို တိုက်ခိုက်‌စေခဲ့သည်။ ယခုအခါတွင် အဆိုပါ ကျေးရွာ၌ စစ်ကောင်စီရော ပျူစောထီးများပါ အင်းအားနည်းလာပြီဖြစ်ကြောင်း ပုလဲမြို့ခံများကပြောသည်။

ယခုတစ်ကြိမ်သည် အင်မထီးရွာမှာ ပျူစောထီးမိသားစုလိုက် ထွက်ပြေးလာခြင်းသည် နှစ်ကြိမ်မြောက်ဖြစ်သည်။

၂၀၂၂ကတစ်ကြိမ် အင်မထီးရွာမှာ ပျူစောထီးမိသားစုတစ်စုထွက်ပြေးလာ၍ ထောက်ပံ့ကြေးပေးကာ ဘေးလွတ်ရာသို့ပို့ဆောင်ခဲ့ကြောင်း ကိုဇော်ထက်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့နောက်လိုက် ပျူစောထီးအမျိုးသမီး ၃ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထနောင်းမြေစစ်ကြောင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်​ကောင်စီက သက်ရှိစည်းရိုး လို့ ဝါဒဖြန့်စစ်ကားဇာတ်လမ်းရိုက်ခဲ့တဲ့ မြန်မာ-ထိုင်းနယ်စပ် ဥကရစ်ထ စစ်တပ်စခန်းက စစ်သား ၁၀၀ ခန့်ဟာထိုင်းနိုင်ငံဘက်ကို ထွက်​ပြေးလာတယ်လို့ ထိုင်းနယ်စပ်ကမီဒီယာတွေက​ဖော်ပြပါတယ် ။

သတင်း

တောင်သာမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ Non-CDM ဝန်ထမ်း၁၁ဦးကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ တော်လှန်ရေး တပ်တွေဆီကသိရပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ်ရဲစခန်းဂိတ်ကို ယနေ့(ဖေဖော်ဝါရီ ၁၇ ရက်)နံနက် ၈နာရီကျော်က တိုက်ခိုက်ခဲ့ကြောင်း အဆိုပါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူ ကိုအောင်ဆန်းက လူထုနွေဦးသို့ ပြောသည်။

Facebook