Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံက သီတာယုမွန်နောက်လိုက် ပျူစောထီးအမျိုးသမီး ၃ဦးကို PDF ဖမ်းဆီး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့နောက်လိုက် ပျူစောထီးအမျိုးသမီး ၃ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထနောင်းမြေစစ်ကြောင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဖမ်းဆီးရမိသော ပျူစောထီးအမျိုးသမီး ၃ ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-ထနောင်းမြေ

ဒီဇင်ဘာ ၂၈၊၂၀၂၅ ​ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့နောက်လိုက် ပျူစောထီးအမျိုးသမီး ၃ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထနောင်းမြေစစ်ကြောင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

မနေ့က ဒီဇင်ဘာ ၂၇ရက်က မြင်းခြံမြို့အနီးမှာ ထနောင်းမြေစစ်ကြာင်းနဲ့ မြင်းခြံခရိုင် အမှတ်(၁) တပ်ရင်း တို့ပူးပေါင်းပြီး ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ် မြို့တွင်းကထွက်လာတဲ့ ပျူခေါင်းဆောင် သီတာယုမွန်ရဲ့ နောက်လိုက် ပျူစောထီး အမျိုးသမီး ၃ ဦးကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ကြောင်း ထနောင်းမြေစစ်ကြောင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ လက်နက်တော့ မပါဘူး။ သူတို့ကိုတော့ စစ်ဆေးနေတုန်းပဲ ရှိသေးတယ်။” လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

၎င်းတို့ ၃ဦးဖမ်းဆီးစဥ် ဒဏ်ရာအချို့ ရရှိသွားတဲ့အတွက် ထိပ်တုံးခတ်ကာ ဆေးကုသမှုပေးနေတယ်လို့ ထနောင်းမြေစစ်ကြောင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သီတာယုမွန်ဟာ မြင်းခြံနယ်မှာ စစ်အုပ်စုအလိုကျ သောင်းကျန်းနေတဲ့ ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်ကလည်း ညောင်ဦး-မြင်းခြံလမ်းပိုင်းမှာ သီတာယုမွန်ရဲ့အဖွဲ့သားတွေ လိုက်ပါလာတဲ့ကား တိုက်ခိုက်ခံရပြီး အမျိုးသမီး ၄ ဦးအကာအဝင် ၅ဦးသေဆုံးကာ လက်နက် ၃လက်နဲ့ ခဲယမ်းတွေတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

သစ်ရုံကျေးရွာကို မြင်းခြံအခြေစိုက် အမှတ် (၁၅) ခြေမြန်တပ်ရင်းနဲ့ ဒေါ်သီတာယုမွန်ဦးစီးတဲ့ ပျုစောထီးတပ်တွေ ဝင်ရောက် စီးနင်းတာလို့သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကူကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများက ကုန်စုံဆိုင်အား ဓားပြဝင်တိုက်ရာ ဆိုင်ရှင်အမျိုးသမီးအား သတ်ဖြတ်ကာ လက်ဝတ်ရတနာများ ယူဆောင်သွားကြောင်း သတင်းရရှိသည်။

သတင်း

အောက်တိုဘာ ၂၃ ရက် နံနက် ၇နာရီခွဲခန့်က ပေါက်မြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင် ဘန်ဘန် ဆိုသူ၏ နေအိမ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

သတင်း

၂၀၂၂ကတစ်ကြိမ် အင်မထီးရွာမှာ ပျူစောထီးမိသားစုတစ်စုထွက်ပြေးလာ၍ ထောက်ပံ့ကြေးပေးကာ ဘေးလွတ်ရာသို့ပို့ဆောင်ခဲ့ကြောင်း ကိုဇော်ထက်က ပြောသည်။