Connect with us

Hi, what are you looking for?

သတင်း

လူထု၏ထောက်ပံမှုဖြင့် PDF တပ်ရင်းများထံ ဒရုန်း အစင်းရေ ၄၀၀ကျော် ဖြန့်ဝေသုံးစွဲလျက်ရှိဟု NUG ကာကွယ်ရေး အသိပေး

ပို့ဆောင်ထားသည့် ဒရုန်းများသည် ရှေ့တန်းစစ်မြေပြင်များတွင် ထောက်လှမ်းရေး၊တိုက်ခိုက်ရေးနှင့် ဝါဒဖြန့်ချီရေးတာဝန်များကို ရဲရဲဝံ့ဝံ့ တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်ကြောင်း အသိပေးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုကြီး၏ တော်လှန်ရေးရန်ပုံငွေများကို စုစည်းကာ တိုင်းနှင့်ပြည်နယ်အသီးသီးသို့ ဒရုန်းအစင်းရေ ၄၀၀ကျော် ဖြန့်ကျက် ပို့ဆောင်ထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

ပို့ဆောင်ထားသည့် ဒရုန်းများသည် ရှေ့တန်းစစ်မြေပြင်များတွင် ထောက်လှမ်းရေး၊တိုက်ခိုက်ရေးနှင့် ဝါဒဖြန့်ချီရေးတာဝန်များကို ရဲရဲဝံ့ဝံ့ တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်ကြောင်း အသိပေးထားသည်။

လူထု၏ထောက်ပံမှုဖြင့် PDF တပ်ရင်းများထံ ဒရုန်း အစင်းရေ ၄၀၀ကျော် ဖြန့်ဝေသုံးစွဲလျက်ရှိဟု NUG ကာကွယ်ရေး အသိပေး
လူထု၏ထောက်ပံမှုဖြင့် PDF တပ်ရင်းများထံ ဒရုန်း အစင်းရေ ၄၀၀ကျော် ဖြန့်ဝေသုံးစွဲလျက်ရှိဟု NUG ကာကွယ်ရေး အသိပေး

ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ဒရုန်းလက်ရုံးတပ်သားများ၏ စစ်ရေးလှုပ်ရှားမှု ဓာတ်ပုံမှတ်တမ်းများကိုလည်း ယနေ့ ထုတ်ပြန်သည်။ ရန်သူ့တပ်ကို စိတ်ဓာတ်ရေးရာအရ ချိန်းခြောက် တိုက်ပွဲဝင်နေသည့် PDF Drone များကိုလည်း ဖော်ပြခဲ့သည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီကို တော်လှန်ရေးအဖွဲ့အစည်းများက သီးခြားအစီအစဉ်ဖြင့် အကောင်အထည်ဖော်နေသည့် ဒရုန်းတပ်ဖွဲ့များကလည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိပြီး စစ်ကောင်စီတပ်များ အထိနာလျက်ရှိသည်။

Public Service Announcement

Public Service Announcement

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နှင့် တပ်မဟာ(၆)နယ်မြေများ၌ တိုက်ပွဲဝင်နေသည့် Federal Wings ဒရုန်းတပ်ဖွဲ့သည် ယခုနှစ် ၆လအတွင်း ဒရုန်းပျံသန်း စစ်ဆင်မှုပေါင်း ၂၈၀ကျော်ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၅၀ဦးကျော်သေဆုံးခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

လူထု၏ထောက်ပံမှုဖြင့် PDF တပ်ရင်းများထံ ဒရုန်း အစင်းရေ ၄၀၀ကျော် ဖြန့်ဝေသုံးစွဲလျက်ရှိဟု NUG ကာကွယ်ရေး အသိပေး
လူထု၏ထောက်ပံမှုဖြင့် PDF တပ်ရင်းများထံ ဒရုန်း အစင်းရေ ၄၀၀ကျော် ဖြန့်ဝေသုံးစွဲလျက်ရှိဟု NUG ကာကွယ်ရေး အသိပေး

“ဒရုန်းတိုက်ခိုက်မှုတွေဟာ ရှေ့တန်းစစ်မျက်နှာပြင်အတွက်တင်မဟုတ်ဘဲ နောက်တန်းတပ်ရင်းတွေအထိ ခြိမ်းခြောက်နိုင်နေပါပြီ။ တိုက်ခိုက်မှုပြုလုပ်ခဲ့တာတွေလည်း အများအပြားရှိခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေ ထိရောက်တာကြောင့်လဲ ဒရုန်းတိုက်ခိုက်မှုတွေအားကောင်းတဲ့ဒေသတွေဆီက စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေဟာ ဒရုန်းရန်ကနေကာကွယ်ဖို့ အသေအချာပြင်ဆင်လာကြတာတွေ့ရပါတယ်။ ဒရုန်းဂျန်ပါတွေကစလို့ ကတုတ်ကျင်းနက်နက်တွေအထိ ပြင်ဆင်လာကြပါတယ်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်တောင်မှ ဒရုန်းနဲ့ပါတ်သက်လို့ ထုတ်ဖော်ပြောဆိုရတဲ့အထိ ဖြစ်လာတာကိုတွေ့ရမှာပါ”ဟု Federal Wings ပြောရေးဆိုခွင့်ရှိသူက People’s Springနှင့် အမေးအဖြေကဏ္ဍ၌ ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။