Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်၌ လူသတ်၊ ဓားပြတိုက်၊ လုယက်မှုများတွင် တပ်မ(၃၃)အရာရှိများ ပါဝင်ကြိုးကိုင်နေဟု KIA ဖမ်းမိထားသည့် စစ်ကောင်စီထောက်တိုင်နှစ်ဦးထွက်ဆို

စစ်ကောင်စီတပ်အနေဖြင့် ဌာနေတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကျူးလွန်းသည်ဟု ပြည်သူများ အထင်အမြင်လွဲအောင် ပုံဖော်ဖန်တီးနေသည်ဟု KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။

ဖားကန့်၌ လူသတ်၊ ဓားပြတိုက်၊ လုယက်မှုများတွင် တပ်မ(၃၃)အရာရှိများ ပါဝင်ကြိုးကိုင်နေဟု KIA ဖမ်းမိထားသည့် စစ်ကောင်စီထောက်တိုင်နှစ်ဦးထွက်ဆို
ဖားကန့်၌ လူသတ်၊ ဓားပြတိုက်၊ လုယက်မှုများတွင် တပ်မ(၃၃)အရာရှိများ ပါဝင်ကြိုးကိုင်နေဟု KIA ဖမ်းမိထားသည့် စစ်ကောင်စီထောက်တိုင်နှစ်ဦးထွက်ဆို

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် လူသတ်မှု၊ လုယက်မှု၊ ဓားပြတိုက်မှုများတွင် ဖားကန့်အခြေစိုက် တပ်မ(၃၃)မှ တပ်မမှူး ဗိုလ်မှူးချုပ်ကိုကိုလွင်နှင့် အရာရှိအချို့ပါဝင်ပတ်သက်ကြိုးကိုင်နေသည်ဟု ဗိုလ်မှူးချုပ်ကိုကိုလွင် လူရုံတော် ဗိုလ်မှူးဗညားအောင်၏ လက်ကိုင်တုတ် လူနှစ်ဦးက သက်သေထွက်ဆိုခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ထွက်ဆိုချက် ရုပ်သံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။

အဆိုပါ ရုပ်သံမှတ်တမ်းကို ဩဂုတ် ၂၃ရက်ညပိုင်း၌ KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြခဲ့ခြင်းဖြစ်သည်။

မေလ ၁၂ရက်ညပိုင်းက ဖားကန့် -ဆိုင်းတောင် ဆိပ်မူရပ်ကွက်၌ KPDFတပ်ဖွဲ့နှင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ခဲ့ပြီးနောက် ပြည်သူ ခူနစ်ဦးကို စစ်ကောင်စီတပ်မှပစ်သတ်ပြီး ၅၀ခန့်ကို ဖမ်းဆီးကာ ရှင်းရင်ဟိုတယ်၌ ချုပ်နှောင်ခဲ့ကြောင်း၊ ဇူလိုင် ၈ရက် ညနေပိုင်း၌ ရှင်းရင်ဟိုတယ်နှင့် KTV ပိုင်ရှင် အမျိုးသမီးကို ငွေညှစ်ခြမ်းခြောက်ရာ၌ မရ၍ စစ်ကောင်စီက ပစ်သတ်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။

ဖားကန့်ဒေသရှိ စစ်ကောင်စီ၏ လက်ကိုင်တုတ်များဖြစ်သည့် ဓားပြ နှစ်ဦးက ထွက်ဆိုချက်ကို ဖော်ပြခဲ့ရာ ဖမ်းဆီးခံထားရသူတစ်ဦးက ၎င်းအနေဖြင့် တပ်မ(၃၃) တပ်မမှူး၏ တပည့် ဗိုလ်မှူးဗညားအောင်က အကြမ်းဖက်နှိမ်နင်းရန်နှင့် လူသတ်၊ ပြန်ပေးဆွဲ ပိုက်ဆံတောင်းအလုပ်များ ခိုင်းနေခြင်းကို မျက်မြင်တွေ့ခဲ့ရကြောင်း ပြောပြသည်။

Public Service Announcement

Public Service Announcement

“ကျနော်တွေ့မြင်ခဲ့ရတဲ့ အဖြစ်အပျက်တွေကတော့ ရှင်းရင်ကိစ္စပါ။ အဲဒီမှာ ရှင်းရင်မှာ သူတို့ ဝင်စီးကြတယ်။ ဝင်စီးတဲ့အချိန် လူတွေလည်း ဖမ်းဆီးခေါ်ဆောင်သွားတဲ့အပြင် ရှင်းရီမှာလာတဲ့ ဧည့်သည်တော်တွေရဲ့ ကားတွေပါ သိမ်းဆည်းဖို့ လုပ်ကြပါတယ်”ဟု အဆိုပါ ဖမ်းဆီးခံရသူက ထွက်ဆိုသည်။

ဧည့်သည်တော်၏ လန်ခရူဇာမော်တော်ယာဉ်ကို ဗိုလ်ကြီး ဗညားအောင်ကသိမ်းယူရန် စီစဉ်ခဲ့ရာ ရှင်းရင်ဟိုတယ်ပိုင်ရှင်က လက်မခံခဲ့ဟုဆိုသည်။

Public Service Announcement
Public Service Announcement

“အဲဒီမှာ ရှင်းရင်ပိုင်ရှင် တရုတ်မက ကားသော မပေးပါဘူး။ မပေးရကောင်းလားဆိုပြီး အဲဒီ ကားကို သေနတ်ဒင်နဲ့ မှန်ခွဲလိုက်ပါတယ်။ ခွဲပြီး မရမက သော့ကိုတောင်းပြီး အဲဒီကားကို သူယူဆောင်သွားပါတယ်။ အဲဒီကားပေါ်မှာက ပိုက်ဆံက ဘယ်ဘက်ထိုင်ခုံပေါ်မှာ သိန်းတစ်ထောင်နီးနီးလောက် ပါတယ်လို့လည်း သတင်းကြားပါတယ်။ အဲဒီ ပိုက်ဆံကိုလည်း ဗိုလ်ကြီး ဗညားအောင် ယူဆောင်သွားပါတယ်”ဟု ဖမ်းဆီးခံထားရသူက ထွက်ဆိုသည်။

တပ်မကုန်းပေါ်ရှိ ဗိုလ်ကြီးဗညားအောင်အနေဖြင့် နေ့လည် ၁၂နာရီ ရောက်တိုင်း နေ့လည်စား ဆင်းစားကြောင်း၊ ကားကိုအမျိုးမျိုး ပြောင်းလဲ၍ စီးကြောင်း၊ ဗိုလ်ကြီးဗညားအောင်သည် ဟက်ပီး KTVကို တနင်္ဂနွေမနက် အစောပိုင်းတွင် ပုံမှန်သွားပြီး ပြန်လာပါက ဂျိတ်စီးတီးဟိုတယ် ရီဆက်ရှင် မျက်နှာချင်းဆိုင်ရှိ ဒုတိယထပ် အခန်းတွင် မူးယစ်ဆေးဝါး သုံးစွဲလေ့ရှိကြောင်းလည်း ထွက်ဆိုသည်။

“ရှင်းရင်ကိစ္စလိုပဲလူသတ်၊ ပိုက်ဆံတောင်းတဲ့အလုပ်ကို မြို့မ လက်ဖက်ရည်ဆိုင် ဦးသိန်းလွင်လို လူဖမ်း ပိုက်ဆံတောင်း အလုပ်ကို၊ နောက် ယွင်းလက်ဖက်ရည်ဆိုင် ပိုင်ရှင်ကိုလည်း အဲဒီလို လုပ်တဲ့အပြင် လူပါ သတ်ပြစ်လိုက်ပါတယ်” ဟု ဖမ်းဆီးခံရသူက ပြောသည်။

အိမ်တစ်အိမ်ကို ၎င်းတို့ ဝင်မည်ဆိုပါက မျက်လုံးနှစ်လုံးမှအပ မျက်နှာကိုဖုံးထားကြောင်း၊ ယူနီဖောင်းဝတ်ဆင်ခြင်းမရှိဘဲ သာမန်အဝတ်အစားများကိုသာဝတ်ပြီး အကြမ်းဖက် ဝင်စီးခြင်းဖြစ်ကြောင်း၊ လူဖမ်းခြင်းအပြင် အိမ်အတွင်းရှိ ရွှေ၊ ကား၊ ပိုက်ဆံ စသည့် တန်ဖိုးကြီး ပစ္စည်းများ ယူဆောင်သွားသည်ဟုဆိုသည်။

“ဖမ်းဆီးသွားတဲ့သူကို သူတို့ ပထမဆုံး မသတ်ခင်မှာတော့ သူတို့ရဲ့ တပ်မ(၃၃)ကုန်းပေါ်ကို ခေါ်ဆောင်သွားပါတယ်။ အဲဒီလူတွေကို သူတို့အနေနဲ့ သတ်မယ်ပြုမယ်လုပ်ဆောင်တော့မယ်ဆိုရင် အဲဒီပေါ်ကနေ အဲဒီလူကို ခေါင်းကိုစွပ် အကုန်လုံးအလုံလုပ်ပြီးတော့မှ ရမ်းချက်ကို ခေါ်ပြီးတော့မှ သတ်ပါတယ်”ဟု ဖမ်းဆီးခံရသူက ထွက်ဆိုသည်။

ပြည်သူထံမှ သိမ်းထားသည့် ကားများကို ကုန်းပေါ်ရှိ အင်း၀ဘဏ်ကွင်းပြင်၌ထားရှိကြောင်း၊ ၎င်းတို့ မော်တော်ယာဉ်သုံးစွဲရန်လိုအပ်ပါက အဆိုပါ ကားများကို ထုတ်သုံးကြောင်း ပြောပြသည်။

ဖမ်းမိထားသည့် စစ်ကောင်စီထောက်တိုင် အခြားတစ်ဦးကလည်း “နိုင်ငံရေးစဖြစ်တဲ့ နောက်ပိုင်း ပိုက်ဆံလိုက်ကောက်တယ်။ ဒီဖားကန့်နယ်ထိန်းခေါင်းဆောင် မျိုးမင်းထက်ဆီက သူခိုင်းတဲ့ ဖာခန်းတွေ မာဆက်တွေမှာ လိုက်ကောက်ပါတယ်” ဟု ပြောပြသည်။

စစ်ကောင်စီတပ်အနေဖြင့် ဌာနေတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကျူးလွန်းသည်ဟု ပြည်သူများ အထင်အမြင်လွဲအောင် ပုံဖော်ဖန်တီးနေသည်ဟု KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။