Connect with us

Hi, what are you looking for?

သတင်း

MNDAAတပ်ဖွဲ့ဝင် ၂၈ဦး အလင်းဝင်သည်ဆိုခြင်းမှာ စစ်ကောင်စီ၏ နိုင်ငံရေးပြကွက်ဖြစ်ဟု ကိုးကန့် သတင်းရင်းမြစ်ပြော

စစ်ကောင်စီတပ်က ဝါဒဖြန့်ခဲ့သည့် သတင်းတွင် တရုတ်ကြိုးဆွဲလက်ပစ်ဗုံးနှင့် ကျည်ဘောက်များ၊ ကျည်များ၊ လက်နက်များ အပ်နှံလာကြောင်း MNDAA တပ်ဖွဲ့ဝင် ဝတ်စုံဝတ်သူများကို ဖော်ပြခဲ့သည်။

(စစ်ကောင်စီက ထုတ်ပြန်ထားသော ရုပ်ပုံများအား တွေ့ရစဉ်)
(စစ်ကောင်စီက ထုတ်ပြန်ထားသော ရုပ်ပုံများအား တွေ့ရစဉ်)

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင် ၂၈ဦး လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း စစ်ကောင်စီ ဝါဒဖြန့်မီဒီယာများက စက်တင်ဘာ ၂၉ရက်တွင် ထုတ်ပြန်ခဲ့ရာ ယင်းလုပ်ရပ်သည် စစ်ကောင်စီ၏ နိုင်ငံရေးပြကွက်တစ်ခုသာဖြစ်သည်ဟု ကိုးကန့်သတင်းရင်းမြစ်က ပြောသည်။

MNDAA သောင်းကျန်းသူအဖွဲ့မှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ကြိုဆိုလက်ခံပွဲ အခမ်းအနားကို လောက်ကိုင်မြို့ရှိ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်၌ ပြုလုပ်ခဲ့သည်ဟု စစ်ကောင်စီက ဝါဒဖြန့်ခဲ့သည်။

(စစ်ကောင်စီက ထုတ်ပြန်ထားသော ရုပ်ပုံများအား တွေ့ရစဉ်)
(စစ်ကောင်စီက ထုတ်ပြန်ထားသော ရုပ်ပုံများအား တွေ့ရစဉ်)

အဆိုပါ ၂၈ဦးသည် လွန်ခဲ့သည့် ၁၅နှစ်အတွင်း MNDAAက ထွက်ခွာသွားသူများကို စုစည်းထားခြင်းဖြစ်သည်ဟု ကိုးကန့်သတင်းရင်းမြစ်က ပြောသည်။

“ဒီလူတွေဆိုတာ လက်နက်ချတဲ့သူတွေမဟုတ်ဘူး။ ဒီလူတွေဆိုတာ ဒီ၁၅နှစ်အတွင်း ခွာထွက်သူများလေ။ ဆွေမျိုးမိသားစုဆီမှာ သွားလည်တဲ့သူတွေ။ မပြန်လာဘူး။ ဒီလူတွေအားလုံး စုစည်းထားပြီး ဒီ အာဏာသိမ်းအဖွဲ့က ဒီလူတွေစုစည်းထားပြီး နိုင်ငံရေးပြကွက်တစ်ခုလုပ်ထားတာပါ”ဟု ကိုးကန့်သတင်းရင်းမြစ်က ပြောကြားသည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီက ထုတ်ပြန်ထားသော ရုပ်ပုံများအား တွေ့ရစဉ်)
(စစ်ကောင်စီက ထုတ်ပြန်ထားသော ရုပ်ပုံများအား တွေ့ရစဉ်)

စစ်ကောင်စီတပ်က ဝါဒဖြန့်ခဲ့သည့် သတင်းတွင် တရုတ်ကြိုးဆွဲလက်ပစ်ဗုံးနှင့် ကျည်ဘောက်များ၊ ကျည်များ၊ လက်နက်များ အပ်နှံလာကြောင်း MNDAA တပ်ဖွဲ့ဝင် ဝတ်စုံဝတ်သူများကို ဖော်ပြခဲ့သည်။

ကိုးကန့်တပ်ဖွဲ့ MNDAAသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် တိုင်းရင်းသားတပ်ဖွဲ့တစ်ခုဖြစ်သည်။ လတ်တလော တိုက်ပွဲဖြစ်ပွားမှုများ မရှိသော်လည်း ယခင်နှစ်များက ကိုးကန့်ဒေသ၊ မူဆယ်၊ လားရှိုး၊ ကွတ်ခိုင်၊ လောက်ကိုင်ဒေသများ၌ တိုက်ပွဲများ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် အထိနာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။