Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီဆီ လက်နက်ရောင်းခဲ့ကြောင်းစွပ်စွဲချက်တွေကို အင်ဒိုနီးရှားကာကွယ်ရေးစက်မှုလုပ်ငန်းငြင်းဆို

တိုင်ကြားခံရတဲ့ ကုမ္ပဏီတွေဟာ အင်ဒိုနီးရှား အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး မြန်မာစစ်တပ်ကို စစ်လက်နက်တွေ တင်ပို့ထောက်ပံ့ခဲ့တာ မှန်ရင် အင်ဒိုနီးရှား အစိုးရရဲ့ ခွင့်ပြုချက်ကို မဖြစ်မနေ လိုအပ်ခဲ့လိမ့်မယ်လို့လည်း ဒါရူစ်မန်က မှတ်ချက် ပေးထားပါတယ်။

(အင်ဒိုနီးရှားသမ္မတ ၊ ကာကွယ်​ရေးဝန်ကြီး နဲ့ အင်ဒိုလက်နက်ထုတ်လုပ်​သောစက်ရုံ Pindad ဥက္ကဌတို့ကို စက်ရုံတွင်အတူ​တွေ့ရစဥ်။ဓါတ်ပုံ-Jakarta Globe)
(အင်ဒိုနီးရှားသမ္မတ ၊ ကာကွယ်​ရေးဝန်ကြီး နဲ့ အင်ဒိုလက်နက်ထုတ်လုပ်​သောစက်ရုံ Pindad ဥက္ကဌတို့ကို စက်ရုံတွင်အတူ​တွေ့ရစဥ်။ဓါတ်ပုံ-Jakarta Globe)

အာဏာသိမ်း မြန်မာစစ်တပ်ကို စစ်လက်နက်တွေ ထောက်ပံ့ ရောင်းချခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အင်ဒိုနီးရှား အစိုးရပိုင် ကာကွယ်ရေးစက်မှုလုပ်ငန်းတွေကငြင်းဆိုပါတယ်။

လက်နက်တွေ ထုတ်လုပ်တဲ့ Pindad ၊ လေယာဉ်တွေ တည်ဆောက်တဲ့ Dirgantara Inodnesiaနဲ့သင်္ဘော တည်ဆောက်ရေးလုပ်ငန်း PALတို့ အားလုံးဟာ ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ စစ်တပ်အတွက် လက်နက်တွေ ရောင်းချပေးခဲ့ကြောင်း စွပ်စွဲခံရမှုကြောင့် လတ်တလော လူအများရဲ့ အာရုံစိုက်မှုကို ခံနေရပါတယ်။

အဲဒီလုပ်ငန်း ၃ ခုရဲ့ အခေါင်အချုပ်လို့ဆိုရမယ့် အင်ဒိုနီးရှား ကာကွယ်ရေးစက်မှု ဦးပိုင် လုပ်ငန်းစု DEFEND IDက သူတို့ဟာ မြန်မာနိုင်ငံဆီ လက်နက်တွေ စီးဝင်မှုကို အဖွဲ့ဝင် နိုင်ငံအားလုံးက ကူညီ တားဆီးသင့်ကြောင်း ကုလသမဂ္ဂ သဘောတူ ဆုံးဖြတ်ချက် အမှတ် ၇၅/၂၈၇ ကို အပြည့်အဝ လေးစားလိုက်နာတယ်လို့ ကြေညာခဲ့ပါတယ်။

Pindadက မြန်မာနိုင်ငံဆီ စစ်ဘက်သုံး ပစ္စည်းတွေ နောက်ဆုံး တင်ပို့ခဲ့တာဟာ အာဏာသိမ်းမှု မတိုင်ခင်နှစ်တွေ အတော်များများအလို ၂၀၁၆ ခုနှစ်က ဖြစ်တယ်လို့ DEFEND IDက ပြောပါတယ်။ ကျန်တဲ့ ကုမ္ပဏီ နှစ်ခုက မြန်မာနဲ့ လက်နက် အရောင်းအဝယ် သဘောတူ စာချုပ်ထားတာမရှိကြောင်းလည်း ကုမ္ပဏီက ငြင်းဆိုပါတယ်။

Public Service Announcement

Public Service Announcement

DEFEND ID လက်အောက်ခံ ကုမ္ပဏီ ၃ ခုက အာဏာသိမ်း စစ်ကောင်စီအတွက် လက်နက်တွေ ရောင်းချပေးနေတယ်လို့ သံသယ ရှိတာကြောင့် စုံစမ်း စစ်ဆေးပေးဖို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)နဲ့ မြန်မာနိုင်ငံ တာဝန်ခံမှု စီမံချက် (Myanmar Accountability Act)၊ အင်ဒိုနီးရှား အစိုးရ ရှေ့နေဟောင်းနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မာဇူကီ ဒါရူစ်မန်တို့က အင်ဒိုနီးရှား လူ့အခွင့်အရေး ကော်မရှင်ဆီ လိပ်မူပြီးတိုင်တန်းအရေးဆိုခဲ့တာဖြစ်ပါတယ်။

တိုင်ကြားခံရတဲ့ ကုမ္ပဏီတွေဟာ အင်ဒိုနီးရှား အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး မြန်မာစစ်တပ်ကို စစ်လက်နက်တွေ တင်ပို့ထောက်ပံ့ခဲ့တာ မှန်ရင် အင်ဒိုနီးရှား အစိုးရရဲ့ ခွင့်ပြုချက်ကို မဖြစ်မနေ လိုအပ်ခဲ့လိမ့်မယ်လို့လည်း ဒါရူစ်မန်က မှတ်ချက် ပေးထားပါတယ်။

တိုင်ကြားမှုထဲမှာတော့ အာဏာသိမ်းခဲ့တဲ့ ကာလတွေ အပါအဝင် ဆယ်စုနှစ်အတွင်း အင်ဒိုနီးရှား ကုမ္ပဏီတွေက မြန်မာစစ်တပ်အတွက်လက်နက်ခဲယမ်းတွေ၊သံချပ်ကာတိုက်ခိုက်ရေးယာဉ်တွေ ထောက်ပံ့ရောင်းချ ပေးခဲ့တယ်လို့ ယုံကြည်ရကြောင်း ဖော်ပြထားပါတယ်။

အင်ဒိုနီးရှားဟာ လက်ရှိမှာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး တခြား အဖွဲ့ဝင် နိုင်ငံတွေနည်းတူ မြန်မာ့အရေးကို စေ့စပ်ဆွေးနွေးမှု နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ဖို့ တွန်းအားပေးနေပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း အကြမ်းဖက် ဖြစ်စဉ်တွေအတွင်း သေဆုံးသူ ၄၁၃၉ ဦးထက်မနည်း ရှိလာကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

ပထမဆုံး ပိုင်ဆိုင်ခွင့် ရလာမယ့် လေယာဉ်တင် သင်္ဘောကြီး ဆိုက်ရောက်လာမှုကို အင်ဒိုနီးရှားက ကြိုဆိုခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook