Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြိုင်ပွဲဝင်တွေအပေါ် မဖွယ်မရာ ဆက်ဆံခဲ့တယ်ဆိုတဲ့ အင်ဒိုနီးရှား ကိုယ်စားလှယ် ကုမ္ပဏီကို မယ်စကြာဝဠာ အဖွဲ့ အဆက်ဖြတ်

လတ်တလောမှာတော့ ဂျကာတာ ရဲတပ်ဖွဲ့ကလည်း အမျိုးသမီးတွေရဲ့ တိုင်ကြားချက်ကို အခြေခံပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ ပြောပါတယ်။ အင်ဒိုနီးရှား အခြေစိုက် မိတ်ဖက် ကုမ္ပဏီဖက်ကတော့ အခုပြဿနာအတွက် ရှင်းရှင်းလင်းလင်း မှတ်ချက် မပေးသေးပါဘူး။

ပြိုင်ပွဲဝင်တွေအပေါ် မဖွယ်မရာ ဆက်ဆံခဲ့တယ်ဆိုတဲ့ အင်ဒိုနီးရှား ကိုယ်စားလှယ် ကုမ္ပဏီကို မယ်စကြာဝဠာ အဖွဲ့ အဆက်ဖြတ်
ပြိုင်ပွဲဝင်တွေအပေါ် မဖွယ်မရာ ဆက်ဆံခဲ့တယ်ဆိုတဲ့ အင်ဒိုနီးရှား ကိုယ်စားလှယ် ကုမ္ပဏီကို မယ်စကြာဝဠာ အဖွဲ့ အဆက်ဖြတ်

ပြိုင်ပွဲဝင် မိန်းကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ပြီး မဖွယ်မရာ ဆက်ဆံမှုတွေ ရှိခဲ့ကြောင်း စွပ်စွဲချက်တွေ ထွက်ပေါ်လာတဲ့နောက် မယ်စကြာဝဠာ အဖွဲ့ (MUO)ဟာ အင်ဒိုနီးရှားရဲ့ ပြိုင်ပွဲ ကျင်းပရေး ကိုယ်စားလှယ် ကုမ္ပဏီနဲ့ အဆက်အသွယ် ဖြတ်တောက်လိုက်ပါတယ်။

အခုလ အစောပိုင်းက ဂျကာတာမှာ ကျင်းပ ပြီးစီးခဲ့တဲ့ မယ်စကြာဝဠာ အင်ဒိုနီးရှား ပြိုင်ပွဲရဲ့ နောက်ဆုံး ဗိုလ်လုပွဲ မတိုင်ခင် ရက်ပိုင်းအလိုမှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တယ်လို့ ခံစားရတဲ့ ဆက်ဆံမှုမျိုးတွေ ကြုံတွေ့ခဲ့ကြောင်း ပြိုင်ပွဲဝင် တချို့က အတိအလင်း စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးအဆင့်အတွက် ရွေးချယ်ခံရတဲ့ ပြိုင်ပွဲဝင်တွေဟာ ခန္ဓာကိုယ်မှာ အမာရွတ်နဲ့ အဆီကြိတ်တွေ ရှိမရှိ စစ်ဆေးတာ ခံယူဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အပေါ်ပိုင်း အဝတ်တွေ ချွတ်ပြရတဲ့အပြင် ဓာတ်ပုံပါ အရိုက်ခံခဲ့ရကြောင်း ပြောပါတယ်။ အဲဒီလို စစ်ဆေးမှုကို ပြိုင်ပွဲ စီစဉ်သူတွေ အပါအဝင် လူ ၂၀ လောက် ရှိနေတဲ့ အခန်းထဲမှာ ပြုလုပ်စေတာလို့လည်း ဆိုပါတယ်။

ပြိုင်ပွဲဝင် မိန်းကလေးတွေက ဒီလို တောင်းဆိုမှုမျိုးကို လုံးဝ မျှော်လင့်မထားခဲ့ဘဲ အံ့ဩ ဒေါသထွက်ခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန် အခြေစိုက် MUOက အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ အင်ဒိုနီးရှားမှာရှိတဲ့ မိတ်ဖက် ကုမ္ပဏီကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ပြိုင်ပွဲရဲ့ စံနှုန်းတွေ၊ ကျင့်ဝတ်တွေကို ချိုးဖောက်ခဲ့တာ သေချာနေတာကြောင့် လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်ကြောင်း ကြေညာသွားပါတယ်။

Public Service Announcement

Public Service Announcement

ပြီးတော့ ဖြစ်စဉ်ကို ရဲရဲဝံ့ဝံ့ ထုတ်ဖော် ပြောဆိုခဲ့တဲ့ ပြိုင်ပွဲဝင်တွေကို ကျေးဇူးတင်ပြီး ချီးကျူးလေးစားကြောင်းလည်း MUOက ထုတ်ပြန်ပါတယ်။

လတ်တလောမှာတော့ ဂျကာတာ ရဲတပ်ဖွဲ့ကလည်း အမျိုးသမီးတွေရဲ့ တိုင်ကြားချက်ကို အခြေခံပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ ပြောပါတယ်။ အင်ဒိုနီးရှား အခြေစိုက် မိတ်ဖက် ကုမ္ပဏီဖက်ကတော့ အခုပြဿနာအတွက် ရှင်းရှင်းလင်းလင်း မှတ်ချက် မပေးသေးပါဘူး။

မယ်စကြာဝဠာ ပြိုင်ပွဲတွေဟာ အရှေ့တောင်အာရှမှာ အထူးအောင်မြင်တဲ့ အလှမယ် ပြိုင်ပွဲတွေဖြစ်ပြီး အင်ဒိုနီးရှားမှာ အရမ်းခေတ်စားပါတယ်။ ဒါပေမဲ့လည်း ကမ္ဘာပေါ်မှာ မွတ်ဆလင် အများဆုံး နေထိုင်ရာ နိုင်ငံမှာ ဘာသာရေး ခေါင်းဆောင် တချို့က မယ်စကြာဝဠာ အပါအဝင် အလှမယ် ပြိုင်ပွဲအားလုံးကို ပယ်ဖျက်ပေးဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘာလီကျွန်း ဗုံးခွဲမှု တရားခံဟောင်း အမျိုးသားဟာ အင်ဒိုနီးရှား နိုင်ငံမှာ ကိုယ်ပိုင် ကော်ဖီ လုပ်ငန်းတစ်ခု စတင် လည်ပတ်နေကြောင်း သိရပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ ကြုံတွေ့နေတဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းတွေကို ကူညီ ဖြေရှင်းဖို့ နှစ်နိုင်ငံ နီးနီးကပ်ကပ် ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း ထိုင်းနဲ့ အင်ဒိုနီးရှား ခေါင်းဆောင်တွေက ပြောပါတယ်။

နိုင်ငံတကာ

စာသင်ကျောင်းတွေမှာ ကလေးတွေကို အစားအသောက်တွေ အခမဲ့ ထောက်ပံ့ ကျွေးမွေးမယ့် အင်ဒိုနီးရှား အစိုးရရဲ့ အစီအစဉ်ဟာ ကလေးတွေ အစာအဆိပ်သင့်မှု ပြဿနာတွေကြောင့် ပုံရိပ် ထိခိုက်မှုတချို့ ဖြစ်လာရပါတယ်။

သတင်း

ထိုင်း-မြန်မာ နယ်စပ်အခြေစိုက်ကျားဖြန့်အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကနေ လွတ်မြောက်လာသူ ရာနဲ့ချီတဲ့ နိုင်ငံသားတွေကိုနေရပ်ပြန်ခေါ်တဲ့အစီအစဉ်စတင်နေပြီလို့ အင်ဒိုနီးရှားကမတ်လ ၁၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။