Connect with us

Hi, what are you looking for?

သတင်း

တစ်လအတွင်း TNLA နဲ့စစ်ကောင်စီတပ် မြို့နယ် ၃ ခုမှာ တိုက်ပွဲ ၄၀ ကျော်ဖြစ်ပွား

ဓာတ်ပုံ − TNLA

People’s Spring

ရှမ်းပြည်မြောက်ပိုင်း မူဆယ် ၊ကွတ်ခိုင် နဲ့ မန္တလေးတိုင်းမိုးကုတ်မြို့နယ်တွေထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၄၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ တအောင်းတပ်မတော် (TNLA) က စစ်ရေးသတင်းဖော်ပြပါတယ်။

အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ TNLA ကြား ထိတွေ့တိုက်ပွဲနည်းပါးခဲ့ရာကနေ အခုနှစ် ဇူလိုင်လလယ်ကစတင်ပြီး တိုက်ပွဲတွေ ပြန် ဖြစ်ပွားလာတာလို့ TNLA က ဆိုပါတယ်။

တရုတ် − မြန်မာ နယ်စပ် မူဆယ်မြို့က တိုက်ပွဲတွေဟာဆိုရင် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့ဟာ TNLA တပ်ရှိရာကို နေ့စဉ်နီးပါး ထိုးစစ်ဆင်ရာကနေ တိုက်ပွဲဖြစ်တာလို့ TNLA ရဲ့ ဖော်ပြချက်မှာပါရှိပါတယ်။

Public Service Announcement

Public Service Announcement

ကွတ်ခိုင်ဘက်မှာတော့ နယ်မြေလုံခြုံရေးလုပ်နေတဲ့ TNLA တပ်နဲ့ စစ်ကောင်စီတပ်တို့ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ကြတာလို့သိရပါတယ်။

မိုးကုတ်တိုက်ပွဲဟာ TNLA စခန်းတွေကို စစ်ကောင်စီတပ် ထိုးစစ်ဆင်လာလို့ တန်ပြန်တိုက်ခိုက်ရာမှာ တိုက်ပွဲပြင်းထန်ခဲ့ရတယ်လို့ TNLA ရဲ့စစ်ရေးသတင်းမှာဖော်ပြပါတယ်။

မူဆယ် ၊ကွတ်ခိုင်နဲ့ မိုးကုတ်တိုက်ပွဲတွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ထက်မနည်း ပြုလုပ်ခဲ့ပြီး လက်နက်ကြီး နဲ့ အကြိမ် ၄၀၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ TNLA ရဲ့စာရင်းအရသိရပါတယ်။

မူဆယ်မြို့နယ်ထဲက TNLA စခန်းတစ်ခုကိုလည်း ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချခံရတာရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။